မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် UNFPA အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် HIV/AIDS ပညာပေးဇာတ်ကားတစ်ကား ရိုက်ကူးလျက်ရှိပြီး အဆိုပါဇာတ်ကား ရိုက်ကူးပြီးစီးပါက ပြည်သူ များသို့ အခမဲ့ပြသသွားမည်ဖြစ်ကြောင်း UNFPA မှဒေါက်တာနေ၀င်းက ဆိုသည်။
“HIV ပိုးကူးစက်ခံရသူတစ်ဝက်လောက်က ၁၅နှစ်ကနေ ၂၄နှစ်အရွယ်လောက်ရှိတဲ့ လူငယ်တွေမှာ အဖြစ်များ တာတွေ့ရတယ်။ အဲဒါကြောင့် လူငယ်တွေကို ပညာပေးတဲ့အနေနဲ့ ဒီဇာတ်ကားလေးကို ရိုက်ကူးဖြစ်တာပါ” ဟု ဒေါက်တာနေ၀င်းမှ ပြောသည်။
HIV/AIDSပညာပေးဇတ်ကားဖြစ်သည့် “ပန်းပင်ကိုပျိုး၍ ပန်းမိုးရွာစေ”ဇတ်ကားအား ဒီဇင်ဘာလ (၁၉)ရက် နေ့မှ စတင်ရိုက်ကူးမည်ဖြစ်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် DVD ကားများကဲ့သို့ ရုံတင်ပြသနိုင်ရန် စီစဉ်ထား ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ သိရှိရသည်။
`ဒီဇတ်ကားရိုက်ကူးပြီးစီးသွားရင်တော့ စိန်ဂေဟာလို အရောင်းစင်တာမျိုးတွေမှာ အခမဲ့ထုတ်ယူ ကြည့်ရှု့ နိုင်ဖို့အတွက် စီစဉ်ထားပါတယ်၊ ဒီဇတ်ကားလေးက မြန်မာနိုင်ငံဆရာဝန် အသင်းအတွက်တော့ ပထမဆုံး ပညာပေးဇတ်ကားလေးပါ `ဟု မြန်မာနိုင်ငံဆရာဝန်အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါဇာတ်ကား၏ အမည်မှာ “ပန်းပင်ကိုပျိုး၍ ပန်းမိုးရွာစေ” ဖြစ်ပြီး နှင့် လတ်မှတ်များကို မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ စိန်ဂေဟာကဲ့သို့ အရောင်းစင်တာ များတွင် အခမဲ့ ထုတ်ယူကြည့်ရှု့နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။
'ပန်းပင်ကိုပျိုး၍ ပန်းမိုးရွာစေ” ဇာတ်ကားတွင် ပါဝင်သော လူငယ်အများစုမှာ ၀ါရင့်သရုပ်ဆောင်များမဟုတ်ပဲ မျက်နှာသစ်သရုပ်ဆောင်များဖြစ်ပြီး အများစုမှာ ဆေးကျောင်းသား များဖြစ်ကြောင်းကိုလည်း သိရှိရသည်။
“ကျွန်တော် ပညာပေးဇာတ်ကားတွေရိုက်တာ ပထမဦးဆုံးဖြစ်ပါတယ်။ဒီဇာတ်ကားကိုရိုက်ကူးခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။လူငယ်တွေအတွက်လဲ ဗဟုသုတတိုးပွားစေမှာပါ” ဟု ဒါရိုက်တာ မျိုးမြင့်ဆွေမှ ပြောသည်။
အဆိုပါဇတ်ကားတွင် ပါဝင်သော သရုပ်ဆောင်များမှာ မြတ်သူအောင်၊ ဇင်မိုး၊ကျော်ကို၊ နန်းမြတ်ဖြိုးသင်း၊ အေးချမ်းမိုး၊ ဟန်နီနှင်းအိမ်၊ သန်းသန်းစိုး၊ ၀ါဝါအောင်၊စိုးမိုးကြည်၊ရဲအောင် တို့ဖြစ်ကြောင်းနှင့် ဇတ်ဝင်ခန်းအတွက် သီချင်းအား တေးရေးဆရာ မြင့်မိုးအောင်မှ ရေးစပ်ပေးထားပြီး Melody World ဆုရရှိသော လူငယ်များကို သီဆိုရန် စီစဉ်ထားကြောင်း ကိုလည်း သိရှိရသည်။
အဆိုပါဇတ်ကားမှာ မြန်မာနိုင်ငံဆရာဝန်အသင်းအတွက် ပထမဦးဆုံးဇာတ်ကားဖြစ်ကြောင်း သိရှိရသည်။
မြစ်မခ - HIV/AIDS ပညာပေး ဇာတ်ကားရိုက်ကူးပြီးစီးပါက ပြည်သူများသို့အခမဲ့ပြသသွားမည်




