27
Nov

HIV/AIDS ပညာပေး ဗီစီဒီ အခွေမြန်မာပြည်မှာ ဖြန့်ဝေ



2007-04-03

လွတ်လပ်သောအာရှအသံ

မြန်မာဌာန၊ သတင်းများ

 

မြန်မာနိုင်ငံအခြေစိုက် AZG အဖွဲ့ငွေကြေးပံ့ပိုးမှုနဲ့
ရိုက်ကူးခဲ့တဲ့
"နောက်မကျသေးပါဘူး" ဆိုတဲ့ HIV/AIDS ပညာပေး
ဗီစီဒီ အခွေကို အခမဲ့နီးပါး ပထမဆုံး ဖြန့်ဝေနေပြီလို့ သိရပါတယ်။

 

နောက်မကျသေးပါဘူးဆိုတဲ့
အခွေကို စစ်အစိုးရရဲ့ ရုပ်မြင်သံကြားအစီအစဉ်ကနေ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက
ပြသခဲ့ပြီး အခုတကြိမ်မှာ အခွေသတ်သတ် ဖြန့်ဝေတာဖြစ်ပါတယ်။ ဆင်ဆာအဖွဲ့ကလည်း
အခက်အခဲမရှိ ဖြန့်ဝေ ခွင့် ပေးခဲ့ပါတယ်။

 

ဒီအခွေကို အပိုင်း () ပိုင်းခွဲပြီး
ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းထဲမှာ
HIV/AIDS ရောဂါ ရှိမရှိဆိုတာ သိရဖို့
သွေးစစ်ဖို့ တိုက်တွန်းထားတာ ပါဝင်သလို လူငယ်အမျိုးသား၊ အမျိုးသမီးတွေအတွက်
အဓိကထား ပညာပေး

ထားတဲ့ ဇာတ်လမ်းမျိုးနဲ့ ကိုယ်ဝန်ဆောင် အိမ်ထောင်ရှင်အမျိုးသမီးတဦးရဲ့
ဇာတ်လမ်းကို ပုံဖော်ပြီး အိမ်ထောင်ရှိ အမျိုးသား အမျိုးသမီးတွေကို ပညာပေးတဲ့
ဇတ်လမ်းမျိုးလည်း ပါဝင်ပါတယ်။

 

ဒီဇာတ်ကားကို ရုပ်ရှင်
သရုပ်ဆောင် လွင်မိုးနဲ့ အိန္ဒြာကျော်ဇင်တို့ ပါဝင်ထားပြီး တခြား ဇာတ်ပို့ ဇာတ်ရံတွေလည်း
ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကို အခုလို ဗီစီဒီအနေနဲ့ ပြန်လည်ထုတ်ဝေရတာကတော့
စစ်အစိုးရ ရုပ်မြင်သံကြားအစီအစဉ်ကနေ ပြတုန်းက မကြည့်လိုက်ရတဲ့ လူတွေအတွက် ရည်ရွယ်
ဖြန့်ဝေတာပါ။

 

ဒီဗီစီဒီကို ဝေးလံတဲ့ ကချင်၊
ရခိုင်၊ ချင်း စတဲ့ ပြည်နယ်တွေနဲ့ တောင်ပေါ် ဆင်းရဲ နွမ်းပါးတဲ့ နေရာဒေသတွေမှာ
အခမဲ့ ဖြန့်ဝေ ပြသမှာ ဖြစ်ပါတယ်။ ပညာပေးတဲ့ သဘောနဲ့ ရိုက်ကူးထားတာဖြစ်ပေမဲ့
ကြည့်သူတွေ စိတ်ဝင်စား အောင် ဇာတ်လမ်းဇာတ်ကွက်တွေ ဖော်ပြီး ရိုက်ကူးထားတာလို့
ထုတ်လုပ်သူ ကိုဂေါ်ဇီလာက ပြောပြပါတယ်။

 

ရိုက်ကူး ထုတ်လုပ်သူ
ကိုဂေါ်ဇီလာကို
RFA ၀ါရှင်တန်
ရုံးချုပ်မှ ဒေါ်မေပြုံးအောင်က ဆက်သွယ်မေးမြန်းထား
ပါတယ်။ 

 

http://www.rfa.org/burmese/news/education_video_on_AIDS-20070403.html?searchterm=None

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top