ကလေးငယ်များကို သရုပ်ပြ ပညာပေးခြင်းဖြင့် အသိပညာ
ရရှိမှု လွယ်ကူစေရန် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းက HIV/AIDS
ပညာပေး အစီအဉ်အဖြစ် လက်ထိုးရုပ် ပြပွဲများကို အခြေခံပညာ ကျောင်းများတွင် ကျင်းပပြုလုပ်ပေးနေကြောင်း
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်းရေး အသင်းဗဟို MANA မှတွဲဖက် အတွင်းရေးမှူး
ဦးသာထွန်းက ပြောကြားသည်။
အဆိုပါ ပညာပေး အစီအစဉ်များကို ရန်ကုန်တိုင်း
တာမွေမြို့နယ်များရှိ ကျောင်းပေါင်း ၄၀တွင် ဇူလိုင်လမှ စတင်၍ သြဂုတ်လအထိ လိုက်လံ
ပြသပေးမည်ဖြစ်ကြောင်း ယင်းနည်းပညာကို UNFP က အဓိက ကူညီပံ့ပိုးပေးထားကြောင်း
ကာတွန်းရုပ်များဖြင့် ဇာတ်လမ်းဖွဲ့ကာ တင်ဆက်ခြင်း ဖြစ်ကြောင်း ကာတွန်းဖန်တီးရာတွင်
ဇာတ်လမ်းတစ်ပုဒ်အတွက် တစ်ရုပ်လျင် ကျပ် ငါးသောင်းကုန်ကျကာ လက်ထိုးရုပ်များဖြင့်
ပညာပေးခြင်းမှာ ကလေးငယ်များနှစ်သက်ကြသည့် အရုပ်ကလေးများနှင့် သရုပ်ပြ
ပညာပေးခြင်းဖြစ်၍ ထိရောက်မှု အရှိဆုံးဖြစ်ကြောင်း ယင်ကဆိုသည်။
ဆက်လက်ပြသမည့် လက်ထိုးရုပ်ပွဲများတွင် ဒိုင်နိုဆော
ဇာတ်လမ်းကို ထပ်မံ ဖန်တီးထားပြီး မကြာမှီတင်ဆက် ပြသပေးမည်ဖြစ်ကြောင်း MANA
မှပညာပေး အစီအစဉ်များအပြင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ပြစ်မှုကျခံပြီးသော
လူငယ်များကို အလုပ်အကိုင် ရရှိစေရန်အတွက် ကားဆေးမှုတ်လုပ်ငန်း
ကားတံခါးဂျက်လုပ်ငန်း ကားစက်ပြင်လုပ်ငန်းများကို ထူထောင်ပေးထားကြောင်းနှင့်
အလားတူလုပ်ငန်းများ ထပ်မံတိုးချဲ့ ရင်းနှီးမြှုပ်နှံပေးရန်အတွက် အလှူရှင်များလည်း
လိုအပ်နေသေးကြောင်း ယင်းမှ ဆက်လက်ရှင်းပြသည်။
The Voice (August 6-2007)




