12
Jun

HIV/AIDS ပညာပေး လူငယ်တွေအတွက် ဘာကြောင့် ပိုအရေးကြီးတာလဲ

ခေတ်ရေစီးကြောင်းနဲ့ အတူ ပွင့်လင်းလာတဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာတွေကို လူငယ်တွေ ထဲထဲဝင်ဝင်သိစေဖို့ ရည်ရွယ်ပြီး ဇွန် ၇ က HIV/AIDS အသိပညာပေးပွဲကို ပြည်သူ့ ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။

လူငယ်တွေ ရောဂါကင်းရှင်းပြီး ကျန်းမာဖွံ့ဖြိုးနေမှ မိသားစုအတွက်ရော တိုင်းပြည်အတွက်ပါ အကျိုးပြုနိုင်မှာ ဖြစ်တာကြောင့် HIV/AIDS နဲ့ပတ်သက်ပြီး လူငယ်တွေကို ဦးစားပေး အသိပညာပေးမှု လုပ်ဆောင် ရတာဖြစ်တယ်လို့ ဒေါက်တာ စိုးနိုင်က ပြောပါတယ်။

HIV/AIDS Alliance in Myanmar နဲ့ Marie Stopes International တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ အသိပညာပေးပွဲမှာ ကျန်းမာရေး ဉာဏ်စမ်း ဖြေဆိုမှုတွေ၊ သွေးစစ်ပေးမှုတွေ၊ နှစ်သိမ့်ဆွေးနွေးမှုတွေ၊ ကျန်းမာရေး အသိပညာပေး ပြခန်းတွေ အပြင် ဖျော်ဖြေ တင်ဆက်မှုတွေလည်း ပါဝင်ခဲ့ပါတယ်။

လိင်နဲ့ မျိုးဆက်ပွားဆိုင်ရာ ဘယ်လိုပညာတွေရမလဲ လာရောက်ကြည့်ရှုတဲ့ ကိုရန်ပိုင်ကတော့ HIV နဲ့ AIDS ကွဲပြားပုံ မသိသေးတာတွေ သိရှိခဲ့ရပြီး မျိုးဆက်ပွားမှုနဲ့ ပတ်သက်ပြီး သူလုံးဝမသိသေးတာတွေကို ဒီပွဲမှာ ပြောပြပေးလို့ အများကြီး လူငယ်တွေအတွက် အများကြီး အကျိုးရှိစေတယ်လို့ ဆိုပါတယ်။

ကမာရွတ် - HIV/AIDS ပညာပေး လူငယ်တွေအတွက် ဘာကြောင့် ပိုအရေးကြီးတာလဲ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top