14
Nov

HIV/AIDS အသိနှင့် ပတ်သက်ပြီး ပြည်တွင်းမီဒီယာများကို ဒုတိယအကြိမ် အဖြစ် (၃) ရက်ကြာသင်တန်းပေး

UNAIDS နဲ့  Internews (Europe) တို့ ပူးပေါင်းပြီး HIV/AIDS အသိနဲ့ ပတ်သက်တဲ့ ရက်တိုသင်တန်းကို ပြည်တွင်းရှိ ရုပ်သံ၊ ရေဒီယိုသတင်းဌာနတွေ အပါအ၀င် သတင်းမီဒီယာ အားလုံးနဲ့ ဇာတ်ညွှန်းရေး ဆရာတွေကို ဒီကနေ့ နိုဝင်ဘာ (၁၃) ရက်ကနေ (၁၅) ရက်အထိ သင်ကြား ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းသား (၄၀) ဦးဝန်းကျင်ကို သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလပြီးဆုံးတဲ့ နောက်မှာတော့ သင်တန်းသားတွေထဲက သီးသန့်ရွေးချယ်ကာ HIV/AIDS ကူးစက်နှုန်းမြင့်မားနေတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ လေ့လာခွင့်ပြုသွားဖို့ အသေးစားထောက်ပံ့မှုတွေလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒုတိယ အကြိမ်ပို့ချတဲ့ ဒီသင်တန်းမှာတော့ မီဒီယာအစုံ ပါဝင်လာပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမ အပတ်သင်တန်းမှာတော့ ပုံမှန် မီဒီယာတွေကိုသာ သီးသန့်ပို့ချပေးခဲ့တာလို့လည်း သိရပါတယ်။

MRTV-4 - HIV/AIDS အသိနှင့် ပတ်သက်ပြီး ပြည်တွင်းမီဒီယာများကို ဒုတိယအကြိမ် အဖြစ် (၃) ရက်ကြာသင်တန်းပေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top