22
Feb

HIV/AIDS အကြောင်းသိကောင်းစရာ အပိုင်း (၁)

(Q) HIV ဆိုတာ ဘာလဲ ?

(A) HIV (Human Immunodeficiency Virus) ဆိုတာက လူ့ရဲ့
ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုး ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် ပိုးကခန္ဓာ
ကိုယ်ရဲ့ ကိုယ်ခံစွမ်း အားစနစ်မှာ ပါတဲ့ Cells ဆဲလ် တွေကို သူရဲ့ (ဒီဗိုင်းရပ်စ်
ပိုးရဲ့) ပုံစတူ ကိုယ်ပွား တွေ အဖြစ်လုပ် ပြစ်ပါတယ်။ ဒီလို နဲ့ဒီရောဂါပိုး ဟာ ခန္ဓာ
ကိုယ်ရဲ့ ကိုယ်ခံ စွမ်းအား စနစ် ကိုတဖြည်းဖြည်း နဲ့ အသေအချာ ကို ဖျက်ဆီး ပြစ်တော့
တာပါပဲ။

 (Q) AIDS ဆိုတာ ဘာလဲ ?

(A) AIDS (Acquired Immune Deficiency Syndrome) ခုခံအား
ကျဆင်း မှုကူးစက်ရောဂါ ဆိုတာကတော့ HIV ပိုး ကူးစက်ခံ ရခြင်းကြောင့် ရရှိခံ
စားလာရတဲ့ ရောဂါလက္ခ နာ အစုအပေါင်း ဖြစ်ပါတယ်။ အဲဒီအခါ ပုံမှန်အားဖြင့် ကျန်း
မာနေတဲ့ သူတွေမှာ မကူးစက် နိုင် တဲ့( ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံ အားစနစ် နိမ့်ကျ မှသာ
ကူးစက်နိုင်တဲ့ ) ကူးစက် ရောဂါ တွေ(opportunistic infections ) ၀င်ပြီး အသက်
အန္တရာယ် ကို စိုးရိမ် ရတဲ့ ကူးစက်ရောဂါ တွေ ရရှိ ပါတော့တယ်။ AIDS ရောဂါ
ဖြစ်နေတယ်လို့ ဘယ်လို သတ်မှတ်လဲ ဆိုတော့ ကိုယ်ခံ စွမ်းအား စနစ် မှာ ပါဝင်တဲ့ (T
cells ) တွေ က သတ်မှတ်ထားတဲ့ Level ထက် နိမ့် ကျ နေရင် (သို့) သွေးစစ် တဲ့အခါမှာ
HIV (positive) ဖြစ်နေပြီး ကျန်း မာနေတဲ့ သူတွေမှာ မကူးစက်နိုင် တဲ့ ( ခန္ဓာ
ကိုယ်ရဲ့ ကိုယ်ခံ အားစနစ် နိမ့်ကျ မှာသာ ကူးစက်နိုင်တဲ့ ) ကူးစက်ရောဂါ တွေ
(opportunistic infections) တွေ ၀င်နေပြီဆိုရင် သတ်မှတ် ပါတယ်။ HIV
ပိုးရှိတဲ့သူတွေမှာ ဒီကူးစက် ရောဂါတွေ opportunistic infections တွေကြောင့်(HIV
ပိုး ကိုယ်တိုင်ကြောင့် မဟုတ်ဘဲ ) မကြာခဏ ဆိုသလို နာမကျန်း ဖြစ်ရ ဖြင်း (သို့)
သေဆုံးရခြင်း ဖြစ်နိုင်ပါတယ်။

 

(Q) HIV ပိုးကြောင့် ခန္ဓာ ကိုယ်မှာ ဘယ်လို ထိခိုက် သလဲ
?

(A) ပုံမှန်အား ဖြင့်တော့ ခန္ဓာ ကိုယ်ရဲ့
ကိုယ်ခံစွမ်းအား စနစ် (Immune System ) ကBacterias ၊Virus စတဲ့ရောဂါ ပိုးမွှားတွေ
ကိုခန္ဓာ ကိုယ်အတွင်း မ၀င်ရောက်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ် ကို
လက်နက်တွေရဲ့ ရန်ကနေ ကာကွယ်ပေး တဲ့ သံချပ်ကာ အိင်္ကျီနဲ့ တူပါတယ်။ HIV ပိုး
ကိုယ်ထဲကို ၀င်သွားပြီဆိုတာ နဲ့ ဒီပိုးက အကာအကွယ် အီင်္ကျီကို အပေါက်တွေ ဖောက်ပြစ်တော့တာပါပဲ။
နောက်ဆုံးမှာတော့ ဒီအကာကွယ် အီင်္ကျီက ဘာမှမကာကွယ်နိုင်တော့လောက်အောင် ဆိုးရွား
ချိနဲ့ သွားတော့တာပါပဲ။ အဲဒီလို မျိုး HIV ပိုးကြောင့် ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံစွမ်း
အားစနစ်က ကျဆင်း ချိနဲ့သွား တဲ့အခါ မှာ အဲဒီ လိုကို AIDS ရှိနေပြီ လို့
ဆိုလိုပါတယ်။

 ဒါကြောင့် HIV positive ဖြစ်နေပါလျက် ကုသမှုမခံ
ယူဘူးဆိုရင် (အကြမ်းဖြင်း အားဖြင့်) ၈ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ HIV ကနေ AIDS
ရောဂါသည် ဘ၀ကိုရောက်ရှိ သွားပါတယ်။

 

(Q) HIV ရောဂါပိုး ဘယ်လို ကူးစက်လဲ ?

(A) HIV ရောဂါပိုးဟာ ခန္ဓာကိုယ် ကနေ ထွက်တဲ့
အရည်တွေ(သွေး ၊ အမျိုးသား/ အမျိုးသမီး ရဲ့အင်္ဂါ ဇာတ်ကနေထွက်တဲ့ အရည်တွေ ၊မိခင်
နို့ရည် တွေ) ကနေ တဆင့် ကူးစက်နိုင်ပါတယ်။ လူတစ်ဦးမှ တစ်ဦးကို HIV ပိုး ကူးစက်
ဖို့ဆိုရင် HIV ပိုးပါဝင်နေတဲ့ ခန္ဓာကိုယ် က နေ ထွက်တဲ့ အရည် တွေ ကခြား တစ်ဦးရဲ့
သွေးထဲကို ရောက်ရှိ သွား မှာ သာ ကူးစက် သွားနိုင်ပါတယ်။
အများ အားဖြင့် HIVပိုး ကူးစက်ပုံ နည်းလမ်း
တွေကတော့ -

   ၁။
အကာအကွယ် ပစ္စည်း ( ကွန်ဒုံး) အသုံးမပြုဘဲ လိင်တူလိင်ကွဲ ဆက်ဆံ ခြင်း (ပါး စပ်ဖြင့်
လိင်ဆက်ဆံ ခြင်းကြောင့်လဲ ကူးစက် နိုင်ပါတယ်)

   ၂။
ဆေးထိုး အပ်ကိုမျှ၍ အသုံးပြုခြင်း

   ၃။
မိခင်မှ ကလေးသို့ ကူးစက်ခြင်း (ကိုယ်ဝန် ဆောင်နေစဉ် ၊ မွေးဖွားစဉ် မှာ သာ
ကူးစက်နိုင်ရုံ သာမက နို့တိုက်ခြင်း ကနေလဲ ကူးနိုင်ပါတယ်။ )


Myanmar Homosexual society
HIV/AIDSအကြောင်းသိကောင်းစရာအပိုင်း(၁) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top