25
Nov

HIV/AIDS နောက်ဆုံးရ သတင်း

• UNAIDS ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာအရ အရှေ့ဥရောပနဲ့ ဗဟို အာရှဒေသတွေမှာ ၂ဝဝ၆ ကနေတွက်ရင် ၁၃% တိုးလာနေတယ်။
• အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းဒေသတွေမှာ ၂ဝဝ၁ နဲ့စာရင် HIV ပိုးတွေသူလူနာသစ် ၂ ဆ တိုးလာခဲ့တယ်။
• ယောက်ျား+ယောက်ျား လိင်တူ ဆက်ဆံသူတွေ၊ မူးယစ်ဆေး ထိုးသူတွေ၊ လိင်နဲ့ အသက်မွေးသူတွေဟာ လေ့လာမှုတွေ လုပ်ရာမှာ ဖုံးကွယ်နေကြလို့ အခက်အခဲ ရှိတယ်။ သူတို့ကနေ ဆေးကုသမှု ယူရတာမှာလဲ တားဆီးမှုတွေ ရှိနေတယ်။
• ဦးစားပေး တိုင်းပြည် ၁ဝ ခုထဲမှာ ကလေး ၁ဝ ယောက်မှာ ၃ ယောက်သာ ဆေးရနေတယ်။ ၂ဝ၁၂ နှစ်ထဲမှာ ပိုးရှိတဲ့ အသက် ၁၅ နှစ်အောက်ကလေးပေါင်း ၆၄၇ဝဝဝ သာဆေးရနေတယ်။
• ကလေးတွေ ဆေးရရှိမှုဟာ ၃၁-၃၉% ရှိတယ်။ ၂ဝ၁၁ နဲ့စာရင်တော့ ၁၄% တက်လာပါတယ်။
• လူကြီးတွေ ဆေးရရှိမှုဟာ ၆၁-၆၉% ရှိတယ်။ ၂ဝ၁၁ နဲ့စာရင်တော့ ၂၁% တက်လာပါတယ်။
• အသက် ၅ဝ ကျော်တွေမှာ ပိုးတွေ့ရှိမှု တိုးလာနေတယ်။ တကမ္ဘာလုံးမှာ အသက် ၅ဝ ကျော် ပိုးရှိနေသူ ၃့၂-၃့၉ သန်း ရှိတယ်။
• တကမ္ဘာလုံးမှာ ၂ဝ၁၂ စာရင်းအရ ပိုးရှိသူ အသစ်ပေါင်း ၂့၃ သန်းရှိတယ်။ ၂ဝဝ၁ နဲ့စာရင်တော့ ၃၃% ကျလာတယ်။ ကလေးတွေမှာလဲ ၅၂% လျော့နည်း လာတာဖြစ်တယ်။ သေဆုံးသူကလဲ ၃ဝ% ကျဆင်းတယ်။ ၂ဝဝ၅ တုံးက အများဆုံး သေဆုံးခဲ့ရတယ်။
• ၂ဝ၁၂ အကုန်မှာ ဝင်ငွေနည်းနဲ့ ဝင်သွေမများတဲ့ နိုင်ငံတွေမှာ ဆေးရရှိသူ အရေအတွက်ကို ၉့၇ သန်း ရှိအောင် ရည်မှန်းထားခဲ့တယ်။
• HIV နဲ့ TB တွဲဖြစ်နေသူတွေရဲ့ သေဆုံးမှုက ၂ဝဝ၄ ကနေတွက်ရင် ၃၆% ကျလာတယ်။
• တကမ္ဘာလုံးမှာ ၂ဝ၁၂ စာရင်းအရ ပိုးရှိသူစုစုပေါင်း ၃၅့၃ (၃၂့၂ - ၃၈့၈) သန်း ရှိတယ်။ ၁့၆ (၁့၎ - ၁့၉) သန်းမှာ AIDS နဲ့ဆိုင်တဲ့ရောဂါတွေရှိနေကြတယ်။

အင်္ဂလန်နိုင်ငံမှာ
• HIV ပိုးရှိနေသူပေါင်း ၉၈၄ဝဝ ယောက်တွင် ၂၁၉ဝဝ ယောက်ဟာ သူတို့မှာ ပိုးရှိနေတာကို မသိကြ။
• မနှစ်ကထက် ၁% တိုးလာတယ်။
• ၂ဝ၁၂ နှစ်ထဲမှာ လူနာသစ်ပေါင်း ၆၃၆ဝ ရှိလာတဲ့ အထဲက ၄၇% ဟာ ရောဂါနောက်ပိုင်း အဆင့်ရောက်လာမှ ပိုးရှိနေတာကို သိကြရတယ်။
• ပိုးရှိနေသူတွေထဲက ၄၅% ဟာ လိင်တူ ဆက်ဆံသူတွေ ဖြစ်တယ်။ ၂၈၈ဝ ယောက်ထဲမှာ လိင်တူယောက်ျားက အများဆုံးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ (၂၄-၁၁-၂ဝ၁၃)

ဒေါက်တာတင့်ဆွေ - HIV/AIDS နောက်ဆုံးရ သတင်း 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top