29
May

HIV/AIDS ရောဂါကို ဝေဘာဂီဆေးရုံတွင် အခမဲ့ ကုသပေးနေသည်ဟုပြော





ရန်ကုန်တိုင်းအတွင်းရှိ
မြောက်ဥက္ကလာဝေဘာဂီဆေးရုံတွင်
HIV/AIDS ရောဂါကို အခမဲ့ကုသ ပေးနေသည်ဟု မြောက်ဥက္ကလာမြို့ခံတစ်ဦးက
ပြောသည်။

 

၎င်း၏ပြောပြချက်အရ ထိုဆေးရုံတွင် HIV/AIDS ရောဂါသည်များနေ့စဉ်နှင့်အမျှ လာရောက် ကုသနေကြပြီး
အများစုမှာ အမျိုးသားများဖြစ်သည်ဟု ဆိုသည်။

 

ယခုလောလောဆယ်တွင် ဆေးရုံ၌
ကုသနေဆဲဝေဒနာရှင် အယောက် ၆၀ ကျော်မျှရှိပြီး အမျိုး သားများ၏ အရေအတွက်မှာ
သုံးပုံနှစ်ပုံမျှရှိသည်ဟု ထိုဆေးရုံအတွင်းရှိ ဆရာဝန်များနှင့် နီး စပ်သူတစ်ဦးက
ပြောသည်။

 

ထို့အပြင် ဆေးရုံတွင်
လာရောက်စစ်ဆေးခံသော ဝေဒနာရှင်များသည် ဆေးစစ်ဓါတ်မှန်ရိုက် ရန်အတွက်
အခမဲ့ဝန်ဆောင်ပေးနေပြီး ဆေးဝါးများအတွက်ကိုမူ လိုအပ်လျှင် လိုအပ်သလို အပြင်၌
ဝယ်ယူကုသရသည်များလည်းရှိပြီး အမှတ်တကယ် မတတ်နိုင်သူများအတွက်မူ ဆေးရုံရှိ
ဆေးပဒေသာပင်ရန်ပုံငွေမှ ကူညီထောက်ပံ့ပေးသည်ဟုလည်းဆိုသည်။

 

အကယ်၍  HIV/AIDS ရောဂါရှိသည်ကို အမှန်တကယ် စစ်ဆေးတွေ့ရှိပါက ထိုလူနာအတွက်
တစ်လတစ်ခါဆေးဝါးများ ပုံမှန်ပေးပြီး ထိုဆေးဝါးခမှာလည်း အနည်းဆုံး ၃ သောင်းနှင့်
အထက်ရှိပြီး ထိုလူနာသည် ဆေးဝါးကို ပုံမှန်သုံး စွဲသွားမည်ဆိုပါက တစ်သက်စာ ဆက်လက်ထောက်ပံ့ပေးသွားမည်ဟုလည်း
၎င်းက ဆက်ပြောသည်။

 

အင်းစိန်မြို့နယ်ရှိ
ဆရာဝန်တစ်ဦးက "တစ်သက်လုံးအတွက်အခမဲ့ပေးဖို့တော့ မဖြစ်နိုင်ဘူး ထင်တယ်၊
ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံက ဆရာဝန်တွေကိုယ်တိုင်က ဆေးရုံမှာ ဆေးတွေ ပြတ်လို့
အပြင်ကဆေးတွေကို ၀ယ်သုံးနေရတာဆိုတော့လေ၊ ပြီးတော့ အဲဒီဆေးတွေကလည်း ဈေးပေါပေါနဲ့
ရနိုင်တဲ့ဆေးတွေလည်းမဟုတ်ပဲ" ဟု ပြောသည်။

 

ယခုလက်ရှိဆေးရုံတွင်
လာရောက်ကုသနေသူများသည်
HIV/AIDS
ရောဂါကူးစက်နိုင်သော နည်းလမ်းလေးသွယ် ရှိသည့်အနက် အများစုမှာ လိင်ဆက်ဆံခြင်းမှ
ကူးစက်သည့် အရေအ တွက်မှာ အများဆုံးဖြစ်သည်ဟု ဝေဘာဂီဆေးရုံရှိ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

 

ယခုအခါ မင်္ဂလာဒုံမြို့နယ်ရှိ
ကျိုက္ကလို့ဘုရားအနီးတွင်လည်း ဝေဘာဂီဆေးရုံ လက်အောက်ခံ မင်္ဂလာဒုံ ဆေးရုံတွင်လည်း
ထိုကဲ့သို့ ကုသပေးနေသည့်အပြင် လာရောက်ကုသနေသော ဝေဒ နာရှင်များအတွက် ထမင်းများလည်း
အခမဲ့ကျွေးမွေးသည်ဟု ၎င်းက ပြောသည်။

 


HIV/AIDS ရောဂါကို
ဝေဘာဂီဆေးရုံတွင် အခမဲ့ ကုသပေးနေသည်ဟုပြော

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top