8
Apr

HIV/AIDS ရောဂါသည် ပြည်ဝင်ခွင့် တားဆီးသည့် ဥပဒေအား US ဖျက်သိမ်း



အမေရိကန်နိုင်ငံသည်
၂၂ နှစ်ကြာ ချမှတ်ထားခဲ့သော လူဝင်မှုကြီးကြပ်ရေး တားမြစ်ချက်တစ်ခုအား ပယ်ဖျက်လိုက်ပြီဖြစ်သည်။
ယခင်က HIV/AIDS ရောဂါသည်များအား  ပြည်ဝင်ခွင့်
ပိတ်ပင် ခဲ့သော်လည်း ယခုအခါ ယင်းပိတ်ပင်မှုသည် အမေရိကန်၏ HIV/AIDS ရောဂါတိုက်ဖျက်ရေး
အစီအစဉ်တွင် ဦးဆောင်ဦးရွက်ပါဝင်မှုနှင့် လိုက်လျောညီထွေမှု မရှိသောကြောင့် ပြန်လည်ရုပ်
သိမ်းလိုက်ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံသည်
နှစ်နှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော  ကမ္ဘာလုံးဆိုင်ရာ
HIV/Aids စည်းဝေးပွဲကို လာမည့် ၂၀၁၂ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
အမေရိကန်နိုင်ငံသည် ၁၉၈၀  ခုနှစ်များနှောင်းပိုင်းက
ကမ္ဘာလုံးဆိုင်ရာ HIV/AIDS ကူးစက်ပျံ့ပွားမှု မြင့်တက်လာချိန်တွင် ယင်းတားမြစ်ချက်ကို
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဆေးပညာတိုးတက်လာခြင်းနှင့် လူထု၏ အယူအဆများ တဖြည်းဖြည်း ပြောင်းလဲလာခြင်းတို့သည်
HIV/Aids ပြည်ဝင်ခွင့်အပေါ် အပြောင်းအလဲပြုလုပ်ရန် အထောက်အကူတစ်ရပ် ဖြစ်လာပေသည်။ (ဘီဘီစီ)

 

ခေတ်လူငယ်
- HIV/AIDS ရောဂါသည် ပြည်ဝင်ခွင့် တားဆီးသည့် ဥပဒေအား US ဖျက်သိမ်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top