2
Feb

HIV/AIDS ရောဂါနှင့် တီဘီရောဂါများ အကြောင်း အသိပညာပေး ဟောပြော

စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့မှ ကြီးမှူး၍ အမျိုးသမီး အကြမ်းဖက်မှုမှ ကာကွယ်ရေး၊ ယဉ်ကျေးမှု နယ်ချဲ့ခြင်း အန္တရာယ်၊ HIV/AIDS ရောဂါနှင့် တီဘီရောဂါများ အကြောင်း  အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီခွဲက မုံရွာတက္ကသိုလ် အဆောင် (B) ၌ ကျင်းပသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းချိုချိုပြုံးက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအုပ် ခင်နီလာအေးက အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေး အကြောင်းကို လည်းကောင်း၊ အမျိုးသမီးရေးရာ အဖွဲ့ အတွင်းရေးမှူး ဒေါ်အောင်အောင်သန်းက ယဉ်ကျေးမှု နယ်ချဲ့ခြင်းကို လည်းကောင်း၊ မုံရွာမြို့ ပြည်သူ့ဆေးရုံမှ  ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေးဌာန အထူးကု ဆရာဝန်ကြီး ဒေါက်တာ စန္ဒာအောင်က HIV/AIDS   ရောဂါ အကြောင်းကို လည်းကောင်း၊ တီဘီရောဂါ တိုက်ဖျက်ရေးဌာန အထူးကု ဆရာဝန်ကြီး  ဒေါက်တာ ငြိမ်းငြိမ်းအေးက တီဘီရောဂါ အကြောင်းကိုလည်းကောင်း အသီးသီး ဟောပြောကြပြီး အခမ်းအနားသို့ တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက   ပြန်လည် ရှင်းလင်း ဖြေကြားသည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ မုံရွာတက္ကသိုလ် ပါမောက္ခ ဌာနမှူးများနှင့်  ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မုံရွာ (ဇန်နဝါရီ  ၂၈)

မြဝတီ - HIV/AIDS ရောဂါနှင့် တီဘီရောဂါများ အကြောင်း အသိပညာပေး ဟောပြော

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top