11
Dec

HIV/AIDS ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ကွန်ရက်ချိတ်ဆက်ပြီး ထိရောက် စွာ ဆောင်ရွက်မည်ဟုဆို

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး များရှိ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းပြီး ကွန်ရက် ချိတ်ဆက်ကာ HIV/AIDS နှင့် အခြား ကပ်ရောဂါများ ကာကွယ်ရေးကို လူမှုရေး အဖွဲ့အစည်း ၂ဝ က ကွန်ရက်ချိတ် ဆက်ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ အဖွဲ့တွင် အလင်းကမ္ဘာ (မုဒုံ)၊ စာနာမှု စေတနာ (မော်လမြိုင်)၊ မေတ္တာ ဆုံဆည်း (မော်လမြိုင်)၊ လှအနာဂတ် (ညောင်ကုန်း ကျေးရွာ၊ မုဒုံ)၊ Infinity (မော်လမြိုင်)၊ မေတ္တာအင်အား (မော်လမြိုင်)၊ ဖြူစင်မေတ္တာ (မော်လမြိုင်)၊ မဟေသီ (မော်လမြိုင်)၊ အနာဂတ် မျိုးဆက် (မော်လမြိုင်)၊ တွဲလက်များ ရှင်သန်ရာ (မော်လမြိုင်)၊ နှောင်ကြိုးမဲ့ (မုဒုံ)၊ မေတ္တာကြေးမုံ (ကျိုက်ခမီမြို့)၊ မေမေ့အိမ်လေး (သထုံမြို့)၊ ထာဝရ စေတနာ (လမိုင်းမြို့နယ်ခွဲ)၊ မျိုးဆက်သစ် လူငယ် (မုဒုံ) ကလိုကလူ၊ အနာဂတ် အလင်းရောင် (ထားဝယ်မြို့)၊ အာယုပါလ (မုဒုံမြို့)၊ ဆုံဆည်းရာ (သထုံမြို့) တို့ ပူးပေါင်း ပါဝင်ထားပြီး စွမ်းရည် မြှင့်တင်ခြင်း၊ အသိပေး ဆွေးနွေး တောင်းဆိုခြင်း၊ သတင်းအချက် အလက်များ ဝေမျှခြင်း၊ ကွန်ရက် ဆက်သွယ်ခြင်း၊ ရန်ပုံငွေ စုဆောင်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဦးမင်းစိန်တီ (အလင်းကမ္ဘာ၊ မုဒုံ) က ဥက္ကဋ္ဌ၊ ဒေါ်သီသီနွယ် (မေတ္တာ ဆုံဆည်း၊ မော်လမြိုင်) က အတွင်းရေး မှူး အဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး အမှုဆောင် အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အဖွဲ့ အစည်းများ ကွန်ရက် ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြင့် HIV/AIDS ကာကွယ်ရေး ပြုစုစောင့်ရှောက်ရေးနှင့် ထောက် ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို ထိရောက် လျင်မြန်မည်ဟု ယုံကြည်သဖြင့် လူထု အခြေပြု အဖွဲ့အစည်း၊ ဘာသာရေး အခြေပြု အဖွဲ့အစည်း များဖြင့် ပူးပေါင်းပြီး ကွန်ရက် ဖွဲ့စည်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အမှုဆောင် တစ်ဦးက ပြောသည်။

ထူးထူး (မော်လမြိုင်)

Popular - HIV/AIDS ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ကွန်ရက်ချိတ်ဆက်ပြီး ထိရောက်စွာ ဆောင်ရွက်မည်ဟုဆို 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top