လူတိုင်က
မွေးရာပါ အခွင့်အရေးတွေ ရှိကြတယ်။ အသက်ရှည်နေထိုင်ခွင့်၊ ကျန်းမာစွာနေထိုင်ခွင့်၊ တကယ်လို့
HIV အိတ်ရောဂါ ဖြစ်ခဲ့လို့ရှိရင်လည်း မဖြစ်ရအောင် ကာကွယ်နိုင်ဖို့ အခွင့်အရေး ရှိသလို၊
ဖြစ်လာလို့ရှိရင်လည်း ကုသမှု၊ ပြုစုမှု လူအဖွဲ့အစည်းက
ထောက်ပံ့ပေးမှုဟာလည်း ဒီလူ့အခွင့်အရေးမှာ အရေးကြီးတဲ့အချက် ဖြစ်တယ်လို့ ပြောထားတယ်လေ။
ဆိုတော့ ဒေါက်တာ ဒေါ်ခင်စောဝင်းအနေနဲ့ ဘယ်လို မြင်ပါသလဲရှင်။
ဖြေ။
။ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးနဲ့ ဆက်စပ်နေတယ်လို့ ပြောတဲ့ အထဲမှာမှ အခုဒီ HIV အိတ်
ရောဂါဟာ ဒီလူ့အခွင့်အရေးနဲ့ အဆပ်စပ်ဆုံး ရောဂါတစ်ခုဖြစ်တယ်လို့ ပြောလို့ရပါတယ်။ အခုဆိုလိုရှိရင်လည်း
ကျွန်မတို့ ဗမာပြည်မှာ HIV အိတ် ရောဂါပြဿနာဟာ သိပ်ပြီတော့ မသေးပါဘူး။ HIV ပိုး ရှိနေတဲ့လူတွေ
နောက်တချို့ကလည်း HIV ရောဂါပိုး ရှိယုံတင်မကဘူး ဒီအိတ်နဲ့ပက်သက်တဲ့ ဝေဒနာလက္ခဏာ ခံစားနေရတဲ့
လူတွေအများကြီးရှိတယ်လေ။ ဒီနှစ်ရဲ့ ဆောင်ပုဒ်အရ ပြောရမယ်ဆိုရင် အဲဒီလူတွေဟာ သူတို့အားလုံးဟာ
တန်တူညီမျှတဲ့ ဆေးကုသပိုင်ခွင့်ဆိုတာ မရှိကြဘူးလေ။ အဲတော့ ဘာလို့လဲဆိုတော့ ဒီ အိတ်နဲ့ပက်သက်တဲ့
ဒီကုသဆေးတွေဟာ အင်မတန်မှ ဈေးကြီးတယ်။ အဲဒီခါမှာကျတော့ လူတိုင်းလူတိုင်း ဒီ သာတူညီမျှ
ဆေးကုသပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးနေတဲ့အတွက် ဒါသူတို့ဟာ သက်တမ်းစေ့မနေရဘဲနဲ့ မသေသင့်ပဲနဲ့
အစောကြီး သေရမယ်ဆိုတဲ့ ပြဿနာ ဒါ အင်မတန် ထင်ရှားပါတယ်။ အဲတော့ ဒီ HIV အိတ်က လူ့အခွင့်အရေးနဲ့
ဘယ်လိုဆက်စပ်နေလဲဆိုလိုရှိရင် ကျွန်မတို့က အဖက်ဖက်က ပြောလို့ရတယ်။ ဥပမာ ခွဲခြားဆက်ဆံခံရခြင်းပေါ့၊
သူ့တို့ဟာ အမျိုးသားတွေနဲ့ ဆက်ဆံရမှာ သူတို့ကို ရောဂါမကူးစက်အောင် ကာကွယ်ဖို့အတွက်
ပြောပိုင်ခွင့်၊ တောင်းဆိုနိုင်ခွင့် မရှိတဲ့အတွက် ဒါသူတို့က ရောဂါပိုး မကူးစက်သင့်ပဲနဲ့ပေါ့
ကာကွယ်လို့ရရဲ့သားနဲ့ သူတို့က မကာကွယ် နိုင်ပဲနဲ့ အမျိုးသမီးတွေကို ရောဂါပိုး ကူးစက်တဲ့
ပြဿနာတွေရှိတယ်။ နောက်တခုက လိင်တူခြင်း ဆက်ဆံတဲ့လူတွေကို ခွဲခြားတယ်။ ဆေးဝါးသုံးစွဲတဲ့
လူတွေကို ခွဲခြားဆက်ဆံတယ်။ အထင်သေးရှုံ့ချတယ်၊ လူ့အသိုင်းအဝိုင်းကနေပြီတော့ ဝိုင်းကျဉ်တယ်။
အဲလိုမျိုး အပြုအမှုတွေက ဒါရောဂါပိုး ကာကွယ်ခြင်း ဆိုင်ရာမှာ အင်မတန်အနှောက်အယှက် အဟန့်အတားတွေ
ဖြစ်တယ်လေ။ သိသင့် သိထိုက်တဲ့ လူတွေပေါ့နော် ကိုယ်ရဲ့ မိသားစုအသိုင်းအဝိုင်း ကိုယ့်ကို
ဆေးကုသနေတဲ့ ဆရာဝန် အဲလိုမျိုး သိသင့်သိထိုက်တဲ့ လူတွေကို ထုတ်မပြောဘူး၊ သူတို့ကို
ဝိုင်းကျဉ်ခံရမှာစိုးလို့၊ ခွဲခြားဆက်ဆံခံရမှာ စိုးလို အဲလို ထုတ်မပြောတဲ့ အချက်တွေက
ဒါရောဂါပိုးကူးစက်ဖို့အတွက် ပိုပြီတော့ တွန့်ပို့နေတဲ့ အနေအထားတွေ ပေါ့နော် အဲတော့
ဒါတွေက လူအခွင့်အရေးနဲ့အများကြီး ဆက်စပ်နေပါတယ် ဒီ HIV အိတ် ရဲ့ပြဿနာတွေဟာ။
မေး။
။ မြန်မာပြည်အခြေအနေမှာပေါ့နော် အဓိကကတော့ ဘယ်သူမှာ တာဝန်ရှိပါသလဲရှင့်။
ဖြေ။
။ အဓိကကတော့ ဘာပဲပြောပြော ဒီ လူ့အခွင့်အရေးအကြောင်း ပြောလို့ရှိရင် ဒါ ကျွန်မတို့က
အုပ်ချုပ်တဲ့အစိုးရကိုပဲ ပြောရမယ်လေ။ ဒီအုပ်ချုပ်တဲ့ အစိုးရက မိမိရဲ့ တိုင်ပြည်မှာရှိတဲ့
ပြည်သူလူထုရဲ့ ဒီအခွင့်အရေးတွေကို အစိုးရကနေပြီးတော့ တိုးမြှင့်ပေးရမှာ ကာကွယ်ပေးရမှာ
ဖြစ်တယ်လေ။ အဲတော့ ကျန်းမာခြင်းဆိုင်ရာ အခွင့်အရေး အပြည့်အဝ ဒီပြည်သူလူထု ခံစားခွင့်
ရနိုင်ဖို့အတွက် ဒီအစိုးရက အဓိက တာဝန်ရှိပါတယ်။ နောက်တခုက ဆေးဝါးနဲ့ပက်သက်တာ ဒီကျန်းမာရေး
စောင့်ရှောက်မှုနဲ့ပတ်သက်တာ ဒီရောဂါရှာဖွေ စမ်းသပ်မှုနဲ့ ပတ်သက်တာ ဒါတွေအားလုံးက ဒီအစိုးရကနေပြီးတော့
သူတို့ရဲ့ ကျန်းမာရေးဆိုင်ရာ မူဝါဒပေါ်လစီ ထဲမှာကိုက ဒါတွေဒါတွေဟာ ဘယ်လိုလုပ်မလဲ လက်လှမ်းမမှီနိုင်တဲ့
ဒီဆင်းရဲတဲ့ လူတွေအတွက်က သူတို့အတွက် လက်လှမ်မှီအောင် မူဝါဒတွေက ဘယ်လိုထားမလဲ၊ တက်နိုင်တဲ့
လူတွေအတွက်ကျတော့ ဘယ်လိုရှိမလဲ၊ အဲလိုမျိုး စနစ်တကျ ကျန်းမာရေးပေါ်လစီထဲမှာကိုက ထည့်သွင်း
ထားတယ်ဆိုလိုရှိရင် ဒါကြီးက အခြေခံမူဝါဒကြီး ရှိနေပြီဆိုလို့ရှိရင် ဒီလိုမျိုးလိုက်နာ
နိုင်မယ်ဆိုလို့ရှိရင် ဒါကျွန်မတို့ ဆင်းရဲတာတို့၊ ငွေကြေးမပြည့်စုံတာတို့၊ တိုင်ပြည်စီးပွားရေး
သူများတန်းတူ ပေါ့လေ တိုင်းပြည်မှာ စီးပွားရေးအခြေအနေနှိမ့်ကျတာတို့ ဒါမျိုးတွေကို
သိပ်ပြီတော့ အကြောင်းပြလို့ မရဘူးလေ။ အဲတော့ အစိုးရက တကယ်လို့ မတက်နိုင်ဘူးဆိုလိုရှိရင်
ဘယ်လိုအကူအညီတွေကို မှန်ကန်တဲ့နည်းနဲ့ ယူမလဲ။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကို ဘယ်လောက်ထိ
လုပ်ပိုင်ခွင့်ပေးမလဲ။ လုပ်တဲ့အခါမှာလည်း တရာမျှတစွာနဲ့ပေါ့နော် အာဂတိလိုက်စားမှုကင်းကင်းနဲ့
တကယ့်ကိုခံစားထိုက်တဲ့ ဒီအခြေခံလူထုတွေ၊ မတက်နိုင်တဲ့လူထုတွေဆီကို တကယ့်ရောက်အောင်လို့
သူတို့က စနစ်တကျနဲ့ ကွက်ကဲပြီးတော့ သူတို့ စီမံခန့်ခွဲ ပေးနိုင်မယ်လို့ရှိရင် အခုလက်ရှိအခြေအနေထက်
အများကြီး သာလွန်ကောင်းမွန်တဲ့ အခြေအနေရနိုင်မှာပါ။
မေး။
။ မြန်မာပြည်မှာ လက်ရှိအခြေအနေပေါ့နော် စောစောက ဆေးကလည်း ဈေးကြီးတယ်။ အစိုးရရဲ့ ကျန်းမာရေးအသုံးစရိတ် လျာထားချက်ကလည်း
နည်းပါတယ်ဆိုတော့ သာမန်လူတစ်ဦး အနေနဲ့ပေါ့နော်
ဘယ်လို အကောင်းဆုံး မိမိကိုယ်မိမိ ကာကွယ်နိုင်မလဲရှင့်။
ဖြေ။
။ ကျွန်မတို့ ကျန်းမာရေးဆောင်ပုဒ်မှာ အမြဲတမ်းပြောသလိုပေါ့။ ကာကွယ်ခြင်းက ကုသခြင်းထက်
ပိုကောင်းတယ်ဆိုတော့ တကယ်ကတော့ ဖြစ်ပြီးမှကုသရတာဆိုတာက ပိုပြီတော့ ခက်ခဲပါတယ်။ အဲတော့
မဖြစ်ခင်ကာကွယ်တာက အကောင်းဆုံးပဲ။ အဲတော့ မဖြစ်ခင် ကာကွယ်နိုင်ဖို့ဆိုတာလဲ အဲဒါ ဒီရောဂါဟာ
ဘာကြောင့် တစ်ဦးကနေတစ်ဦး ဘယ်လိုကူးစက်တယ်၊ ဘယ်လိုနည်းနဲ့ကူးစက်တယ်၊ မိမိရဲ့ကျန်းမာရေးကို
ဘယ်လိုပြုစုစောင့်ရှောက်နိုင်မလဲ၊ မိမိကို မလိုလားအပ်တဲ့ ဒီရောဂါဘယတွေ၊ ပိုးမွှားတွေ၊
မကူးစက်အောင် ဘယ်လို ကာကွယ်လို့ရမလဲဆိုတာဟာ လူတိုင်း ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ
ပေါ့နော် အသိပညာရှိဖို့လိုအပ်ပါတယ်။ အဲလိုမျိုး ဗဟုသုတ၊ အသိပညာ လူတိုင်းဆီရနိုင်ဖို့အတွက်ဆိုလိုရှိရင်
အားလုံး ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်၊ သူနာပြု၊ လက်ထောက်ကျန်းမာရေးမှူးကအစ လူတိုင်းလူတိုင်း
ကျန်းမာရေးကို နာလည်းတဲ့ တက်ကျွမ်းတဲ့ လူတွေဟာ လူထုထဲကို ဆင်းပြီးတော့ တကယ်ဟောပြောပြီးတော့
တကယ်နာလည်း အောင်ပို့ချပြီးတော့ လူတိုင်းက ဘယ်လို့ကာကွယ်ရမလဲဆိုတာကို အားလုံးသိဖို့လိုပါတယ်။
နောက်တခုက သတင်းလွတ်လပ်ခွင့်ပေါ့နော် ပြောဆို၊ သွားလာ၊ လှုပ်ရှားရာမှာလည်း လွတ်လွတ်လပ်လပ်နဲ့
လှုပ်ရှားသွားလာခွင့်ရှိမယ် တကယ်လူထုထဲကိုလည်း ဆင်းပြီးတော့ ပြောနိုင်မယ်ဆိုလို့ရှိရင်တော့
ဒါ လူတွေဟာ အခုထက်ပိုပြီးတော့ ကျန်းမာရေး အသိပညာမြှင့်မာလာလို့ရှိရင်
မိမိကိုယ်မိမိကာကွယ်နိုင်ရင် အင်မတန်မှ ကုသခြင်းထက် ပိုထိရောက်ပါတယ်။
မေး။
။ မြန်မာနိုင်ငံ လက်ရှိအခြေအနေကကော။ ဆရာဝန်တစ်ဦးအနေနဲ့ပေါ့နော် ဒီ HIV အိတ် ရောဂါအခြေအနေ
ဘယ်လို မြင်ပါသလဲရှင့်။
ဗမာနိုင်ငံမှာက
သတင်းတွေမှာ တွေ့ရတယ်။ မြန်မာပြည်ရဲ့လူနေမှုစနစ်ကို ဖော်ပြတဲ့ ဒီရုပ်ရှင်ကားတွေထဲမှာလည်း
အများကြီးတွေ့ရတယ်။ ဒီမိန်းခလေးတွေက ဒီ Sexual sex ပေါ့နော်။ လုံးဝ အချိန်ပြည့်
sex worker မဟုတ်ပဲနဲ့ သူတို့က ကျောင်းသူဖြစ်မယ်၊ ရုံးသမားဖြစ်မယ်၊ တခြားလုပ်ငန်းလုပ်ပြီးတော့
အချိန်ပိုင်းနဲ့ လိင်ဆက်ဆံတဲ့ လုပ်ငန်းကို လုပ်နေတဲ့ အမျိုးသမီလေးတွေ ရှိနေတာကိုလည်း
တွေ့ရပါတယ်။ အဲတော့ အဲသည်လိုမျိုး အချိန်မှာ
အမျိုးသမီးတွေက ကာကွယ်မှု အပိုင်းပေါ့နော် ကွန်ဒုံးသုံးတယ်။ မိမိကိုယ်မိမိ ရောဂါပိုးမကူးစက်အောင်
ဘယ်လိုကာကွယ်ရမလဲ၊ အဲဒါကို သူတို့က သိအိုရီအရပေါ့ စာတွေ့အရ သူတို့ အသိဉာဏ်ရှိရင်ရှိမယ်၊
ဒါပေမဲ့ လက်တွေ့မှာ သူတို့ အမျိုးသမီးအခွင့်အရေးနဲ့လည်း သက်ဆိုင်နေတယ်၊ ဒီစီးပွားရေး
နှိမ့်ချမှုအခြေအနေတွေ နဲ့လည်း သက်ဆိုင်နေတယ်။ အဲလိုမျိုး အခြေအနေမျိုး ဆိုရင်တော့ အမျိုးသမီးတွေက
ကိုယ့်ကိုကိုယ် မကာကွယ်နိုင်ပဲနဲ့ ရောဂါပိုးကူးစက်နေတဲ့ ဟာတွေလည်း အများကြီး တွေ့ရ
ကြားရ တာတွေလည်း ရှိတယ်။ နောက်တခုက လိင်ကြောင့်မဟုတ်ပဲနဲ့ အပ်ကတဆင့် မသန့်ရှင်တဲ့အပ်တို့
နောက်ပြီ မသန့်ရှင်တဲ့သွေးတို့ကနေ တဆင့်ကူးစက်တာဟာလည်း အခုထက်ထိ ရှိနေသေးတာကို ကြားရပါတယ်။
ဘာလို့လဲဆိုတော့ တခါသုံးအပ်တွေကလည်း အထူကုဆေးခန်းကြီးတွေ၊ ဈေးကြီးပေးရတဲ့ ဆေးရုံ၊
ဆေးခန်းကြီးတွေမှာ သုံစွဲပေးမယ့် အစွန်အဖျား ရပ်ကွက်တွေမှာ၊ နယ်တွေမှာ ဒီလိုမျိုးနေရာတွေမှာတော့
ဒီတစ်ခါသုံးအပ်ကိုတောင်မှ ပြန်ပြီးတော့ ပြန်ပြုတ်ပြီးတော့ အရက်ပြန်နဲ့သုတ်ပြီးတော့
ပြန်သုံးခြင်းကနေပြီးတော့ ဒီရောဂါပိုး ကူးစက်နေတာတွေလည်း အများကြီးရှိပါတယ်။ အဲတော့
မြန်မာပြည်မှာတော့ ကျွန်မတို့ HIV အိတ်စ် နဲ့ပက်သက်လို့ ကာကွယ်မှုအပိုင်းမှာလည်း ကျွန်မတို့
အများကြီးလုပ်ဖို့လိုအပ်သလို ကျန်းမာရေးဆိုင်ရာ လူ့အခွင့်အရေးကို ပြည်သူလူထုတွေကလည်း
နာလည်းရမယ်။ အစိုးရဘက်ကလည်း ထိန်းသိမ်ကာကွယ်ပေးဖို့ ဆိုတဲ့အချက်တွေကလည်း အများကြီး
လိုအပ်နေပါတယ်။
၁၆ ဇူလိုင် ၂၀၁၀




