26
Nov

HIV/AIDS ရောဂါ အကြောင်းကို ဗဟုသုတရဖွယ် ဟောပြော ဆွေးနွေးခဲ့

HIV/AIDS ရောဂါ အကြောင်းကို ဗဟုသုတ ရဖွယ် ဟောပြော ဆွေးနွေးခဲ့တဲ့ Intellectual Talk ကို နိုဝင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ UMFCCI မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ UMFCCI မှာ လူ့အဖွဲ့အစည်းတွင် HIV/AIDS ရောဂါကြောင့် လူမှုရေး ဒုက္ခ ကြုံတွေ့ ရတာတွေ၊ နိုင်ငံ ပေါင်းစုံမှ ကာကွယ် တိုက်ဖျက် နေတာ တွေကို HIV/AIDS သမိုင်းကြောင်း တစ်လျှောက် အောင်မြင်မှု များနှင့် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ဒေါက်တာ စစ်နိုင်နှင့် ဆရာဦး ကိုကိုလှိုင်တို့မှ ဟောပြော ဆွေးနွေး ခဲ့တယ်လို့ သိရပါ တယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က HIV/AIDS ဖြစ်ပွားသူ နှစ်သိန်း သုံးသောင်း ကျော်ရှိပြီး ရောဂါ ဖြစ်ပွားနေသူ သုံးသောင်း ကိုလည်း ART ဆေးများကို အခမဲ့ ပေးဝေ လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ HIV/AIDS ရောဂါကို ပျောက်ကင်းအောင် ကုသရမယ့် နည်းလမ်းကို ကမ္ဘာပေါ်မှာ တွေ့ရှိမှု မရှိသေးကြောင်း၊ ရောဂါ ကူးစက်မှု ကျဆင်းအောင် ပြုလုပ် ရမယ့် နည်းလမ်း တွေနဲ့ လူ့အဖွဲ့အစည်းမှ ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း စတာတွေကို ဟောပြော ဆွေးနွေး ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

MRTV-4 - Intellectual Talk အစီအစဉ်မှ HIV/AIDS ရောဂါ အကြောင်းကို ဗဟုသုတရဖွယ် ဟောပြော ဆွေးနွေးခဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top