11
Aug

HIV/AIDS ဝေဒနာရှင်များအတွက် အလှူဒါန်း ပြုလုပ်ခဲ့



အမျိုးသားဒီမိုကရေစီအဖွဲ့က
ကူညီစောင့်ရှောက်ထားတဲ့ HIV/AIDS ဝေဒနာရှင်တွေအတွက် ပြည်တွင်း၊ ပြည်ပ စေတနာရှင်တွေ
စုပေါင်းပြီး ဆန်၊ ဆီနဲ့ ကြက်သွန်အိတ်တွေ လှူဒါန်းခဲ့ပါတယ်။

ပြည်တွင်းက
စေတနာရှင်တွေနဲ့ အမေရိကန် ပြည်ထောင်စု ဗတ်ဖဲလိုးက စေတနာရှင်တွေ ပူးပေါင်းပြီး သြဂုတ်လ
၇ ရက်နေ့က လှူဒါန်းခဲ့ကြတာပါ။ အလှူရှင် အဖွဲ့က ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၁၈
ရက်ကွက် ကမ္ဘောဇ ၂ လမ်းမှာ ရှိတဲ့ HIV/AIDS ဝေဒနာရှင်တွေ စောင့်ရှောက်ထားတဲ့ အိမ်မှာ
သွားရောက် လှူဒါန်းခဲ့ကြပါတယ်။

စေတနာရှင်တွေ
လှူဒါန်းတဲ့ ဆန်၊ ဆီ၊ ကြက်သွန်အိတ်တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်
တဦးဖြစ်တဲ့ ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ရေး တာဝန်ခံ မဖြူဖြူသင်းက လက်ခံ ရယူခဲ့ပါတယ်။

စေတနာရှင်တွေကိုယ်စား
လာရောက် လှူဒါန်းသူတဦးက HIV/AIDS ဝေဒနာရှင်တွေကို လာရောက် လှူဒါန်းရတဲ့ အကြောင်းကိုလည်း
ရှင်းပြခဲ့ပါတယ်။

"လူနာတွေကို
တွေ့တဲ့အခါကျတော့ အရမ်း စိတ်မချမ်းသာဘူး။ နောက် ဒီလူနာတွေကို ဘယ်လိုများ ထောက်ပံ့နိုင်မလဲ
စိတ်ထဲမှာ အမြဲတမ်းတွေးပြီးတော့ နောက်ဆုံးကြတော့ တတ်နိုင်တဲ့ ဘက်ကနေ ဆန်၊ ဆီ၊ ဆား ဆေးဝါးလေး
လှူဒါန်းနိုင်အောင် ကြိုးစားမယ်ပေါ့။ အဲဒီကနေပြီးတော့ အခုန မိတ်ဆွေ သင်္ဂဟတွေနဲ့ အဝေးရောက်
မိတ်ဆွေသင်္ဂဟတွေနဲ့ ပေါင်းစုပြီးတော့ ဒီလို စလိုက်ခြင်းအားဖြင့် နောက်နောင်လည်း အများကြီး
စဉ်ဆက်မပြတ် လှူဒါန်း နိုင်လိမ့်မယ်လို့ မျှော်လင့်ချက်တွေ ရှိတယ်ပေါ့။"

"ကိုယ်ကလည်း
ဆက်လက်လှူဖို့ ကြိုးစားမှာပဲ၊ ဒီလိုပဲ အများကလည်း ဝိုင်းဝန်း လုပ်ဆောင်မယ် ဆိုလို့ရှိရင်
ဒီဝေဒနာရှင်တွေအတွက် စားဝတ်နေရေးက ဘာပဲဖြစ်ဖြစ် မပူရဘူး၊ ဆေးဝါး မပူရဘူး ဆိုလို့ရှိရင်
လူသားချင်း စာနာထောက်ထားတဲ့ အသိစိတ်ဓာတ် ကလေးနဲ့ အခုလို ဝိုင်းဝန်းကူညီခြင်းပဲ ဖြစ်ပါတယ်"

အခုလို
ပြည်တွင်းပြည်ပက စေတနာရှင်တွေ ပူးပေါင်း လှူဒါန်းတဲ့အတွက် ဝေဒနာရှင် တဦးကလည်း ကျေးဇူးတင်စကား
ပြောကြားခဲ့ပါတယ်။

"အထူးသဖြင့်
လူနာတွေဆိုတာက နယ်ကပဲ လာကြတာများတယ်။ နေစရာ စားစရာ အားလုံး အခက်အခဲ ရှိကြတာပဲ။ အဲဒီလို
အခက်အခဲရှိတဲ့ အတွက် ဒီလို စေတနာရှင်က လာပြီးတော့ လူနာတွေအတွက် တထောင့်တကွေးကနေ စားနပ်ရိက္ခာပဲ
ဖြစ်ဖြစ် အသုံးအဆောင်ပစ္စည်း ပဲဖြစ်ဖြစ် လာလှူတဲ့အတွက် လူနာတွေ အနေနဲ့လည်း အရမ်းကို
ဝမ်းသာပါတယ်။"

"ပြီးတော့
အဖက်ဖက်က ဖေးမတယ် ဆိုတဲ့ အတွက် သူတို့တွေက ပီတီဖြစ်ကြတယ် ပေါ့နော်။ သူတို့က ဝိုင်းပစ်ပယ်မှု
မခံရဘူး ဆိုတဲ့အတွက် သူတို့ စိတ်ထဲမှာ သူတို့ဟာ လူတွေနဲ့ တန်းတူရှိတဲ့ အကြောင်း၊ လူတွေရဲ့
ကူညီ စောင့်ရှောင်မှုကို ရတဲ့အတွက် အရမ်းလည်း ဝမ်းသာ ကြပါတယ်"

လင်းထက်အောင်

August
11, 2010

DVB
- HIV/AIDS ဝေဒနာရှင်များအတွက် အလှူဒါန်း ပြုလုပ်ခဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top