UNAIDS က မြန်မာနိုင်ငံမှ HIV/AIDS ဝေဒနာရှင်များအတွက်
ARV ဆေး ထောက်ပံ့နေမှုကို ၂၀၁၅ ခုနှစ်အထိ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ယခုပေးမည့်အစီအစဉ်မှာ
လက်ရှိ ARV ဆေး ထောက်ပံ့ပေးနေသည့် လူနာ ၇၄၀၀၀ ၏ ၂၇ ရာခိုင်နှုန်း ဖြစ်သော လူနာ၂၀၀၀၀
ခန့်အတွက်သာ ဖြစ်ကြောင်း တရုတ် ဆင်ဟွာသတင်း၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်
HIV/AIDS ဝေဒနာရှင် ပေါင်း ၂ သိန်းခွဲ ခန့် ရှိသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ ၏ ထုတ်ပြန်ချက်အရ
သိရသည်။




