25
Nov

HIV/AIDS ဝေဒနာရှင်များ ဆက်လက်နေထိုင်ခွင့်ရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှုအထောက် အကူပြုအဖွဲ့မှ ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်တွင် စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင်များကို အာဏာပိုင်များက ဧည့် စာရင်း ထပ်မံတိုင်ကြားခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။


ယခုတကြိမ် ဧည့်စာရင်းတိုင်ကြားခွင့်ရရှိခြင်းအားဖြင့်
ဝေဒနာရှင်များသည် လက်ရှိနေရာ၌ပင် ဒီဇင်ဘာလ ရက်နေ့ အထိ နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ဝေဒနာရှင်များ အတွက် အပတ်စဉ် ဧည့်စာရင်းတိုင်ကြားကြရပြီး ရှေ့လျှောက် တွင်လည်း ဧည့်စာရင်း တိုင်ကြားခွင့် ဆက်လက်ရရှိရန်
မျှော်လင့်ကြောင်း
မဖြူဖြူသင်းက ဆိုသည်။


ဝေဒနာရှင်များကို ထားရှိသည့်
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှ ဂေဟာကိုဦးစီးနေသည့် NLD ဗဟိုကော်မတီဝင် မဖြူဖြူသင်း က ယခုကဲ့သို့ ဧည့်စာရင်းတိုင်ကြားခွင့်ပြန်လည်
ရရှိခြင်းကို
ဝမ်းသာကြောင်း အာဏာပိုင်များကလည်း လုပ်သင့် လုပ်ထိုက်သည့် ကိစ္စတရပ်ကို လုပ် ဆောင်လိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။


အစတည်းက
ဒီလိုမျိုးတွေမလုပ်သင့်ဘူးလေ၊ ဘာလို့လဲဆိုတော့ ဒီမှာရှိတဲ့ လူနာတွေက အနယ်နယ်အရပ်ရပ်ကနေ ဆေး လာကုကြတဲ့ တကယ့်ကို ခိုကိုးရာမဲ့နေတဲ့လူတွေလေ၊ သူတို့ မှာ အရမ်းအခက်အခဲရှိလို့ ဒီမှာလာနေကြရတာ။ ဒီမှာ နေထိုင် ရတာ သူတို့အတွက် အများကြီး အဆင်ပြေတယ်ဟု မဖြူဖြူသင်းက
ပြောသည်။


မဖြူဖြူသင်းကပြည်သူတွေ၊
အနုပညာရှင်တွေ၊ အဖွဲ့အစည်းတွေက ဒီလူနာတွေဘက်က ဝင် ရောက် ရပ်တည်ပေးတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကူညီမှုတော့ အများကြီး ရခဲ့တာပေါ့။ သံရုံးအသီးသီး၊ ကမ္ဘာအနှံ့မှာရှိတဲ့ မီဒီယာ တွေ၊ အဖွဲ့ အစည်းတွေကြောင့် မို့လို့ အာဏာပိုင်တွေဘက်က ဘာမှလုပ်လို့ မရတော့ဘဲ နောက်ဆုတ်သွားတာမျိုး ဖြစ်နိုင် တယ်ဟု ဧရာဝတီသို့ ပြောသည်။


ယခုလ
၁၇ ရက်နေ့က ဝေဒနာရှင်များ ထားရှိရာဂေဟာသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်ကာ လူနာများနှင့် တွေ့ဆုံပြီး နောက်တရက်တွင် ဒေသခံ အာဏာပိုင်များက ဝေဒနာရှင်များကို ထပ်မံနေထိုင်ခွင့်ပြုတော့မည်
မဟုတ်ဟုဆိုပြီး
ဖိအားပေး ခဲ့သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်း ဂေဟာမှ တာဝန်ရှိသူများကို ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ တွေ့ဆုံပြီး လူနာများ ကို သာကေတဆေးရုံသို့ လွှဲပြောင်းပေးရန် ပြောဆို ခဲ့ပြန်သည်။ ဗုဒ္ဓဟူးနေ့ထုတ် စစ်အစိုးရသတင်းစာတွင်လည်း ဝေဒနာ ရှင်များ အတူတူ နေထိုင်ကြခြင်းသည် ရောဂါပိုမိုဆိုးရွားလာနိုင်သဖြင့် အစိုးရ၏ အထူးကုဆေးရုံများသို့ ပြောင်းရွှေ့ရန် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြောဆိုထားသည် ဟုပါရှိသည်။


ဝေဒနာရှင်တဦးဖြစ်သူ
ကိုစူပါက ယခုကဲ့သို့ဆက်လက်နေထိုင်ခွင့်ရရှိရန် ရယက၊ မယက များထံသို့ ၎င်းတို့သည် မြန်မာ နိုင်ငံသားများ ဖြစ်ကြကြောင်း၊ စစ်အစိုးရက အတည်ပြု ပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ပုဒ်မ ၃၅၅ အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်အတွင်း မည်သည့်နေရာ၌မဆို ဥပဒေနှင့်အညီနေထိုင်ခွင့် ရှိသည်ဟု ပါရှိကြောင်း၊ ထို့ကြောင့် ၎င်းအပါအဝင် ဝေဒနာရှင် ၈၀ ကျော်ကို ဧည့်စာရင်း ထုတ်ပေးရန် အသိပေး တောင်းပန်သည့် စာတစောင်ကို လက်မှတ်ထိုး၍ သက်ဆိုင်ရာသို့ ပေးပို့ခဲ့ရကြောင်းလည်း သိရှိရသည်။

စိုင်းဇွမ်ဆိုင်း (26-11-2010)

ဧရာဝတီ
-
HIV/AIDS
ဝေဒနာရှင်များ
ဆက်လက်နေထိုင်ခွင့်ရ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top