20
Dec

HIV/AIDS ဝေဒနာရှင်များ အတွက် NLD လူငယ်များ ရန်ပုံငွေရှာ ဈေးရောင်းနေကြ

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်၌ တည်ရှိသော မဖြူဖြူသင်း၏  HIV/AIDS  ဝေဒနာရှင်တွေ အတွက် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် လုံခြုံရေးယူနေရသော လူငယ်တွေမှ ရန်ကုန်တိုင်း ဗိုလ်တစ် ထောင်မြို့နယ်၌ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဈေးရောင်းပြီး ရန်ပုံငွေ ရှာနေကြပါသည်။

ထိုသို့ ရန်ပုံငွေရှာရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးယူနေရသော လူငယ် ၁၅ ရောက်ခန့်မှ လွတ်လက်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ရုပ်ပုံပါ ပိုစတာတွေ၊ အကျီ င်္ တွေ၊ ရင်ထိုးတွေကို ရောင်းချ နေခဲ့ကြတာ ဖြစ်ပါသည်။

လွန်ခဲ့သော ၂၀၁၁ ခုနှစ်  ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရောင်းချလို့ ရရှိခဲ့သော အမြတ်ငွေ တစ်သိန်းကိုလည်း မဖြူဖြူသင်း၏  HIV/AIDS ဝေဒနာရှင် အယောက် ၃၀၀ ကျော်အတွက် လှူဒါန်းခဲ့ကြပါသည် ။

ယခုလည်း ထပ်မံရောင်းချခဲ့ပြီး ရန်ပုံငွေ ရှာနေကြတာ ဖြစ်ပါသည်။ ထို့အပြင် မိဘမဲ့ ကလေးကျောင်းတွေ အတွက် ထပ်မံပြီး ရန်ပုံငွေရှာဖို့ ရှိတယ်လို့လည်း သိရပါသည်။

BVJ - HIV/AIDS ဝေဒနာရှင်များ အတွက် NLD လူငယ်များ ရန်ပုံငွေရှာ ဈေးရောင်းနေကြ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top