မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (HIV/AIDS) Myanmar Interfaith Network on AIDS (MINA) အဖွဲ့မှ မွန်ဒေသ MINA အဖွဲ့ဖွဲ့စည်းရေး အခမ်းအနားကို အောက်တိုဘာ ၂၅ ရက် နံနက်တွင် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်ရေးကော် မတီ ရုံးခန်း၌ ကျင်းပကြောင်း သိရသည်။
ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ် ဘာသာနှင့် ဟိန္ဒူ ဘာသာတို့မှ ဆရာတော်ကြီးများက ဆုတောင်းမေတ္တာ ပို့သပြီး အခမ်းအနား ကို ဖွင့်လှစ်သည်။
MINA ဗဟို အလုပ်အမှုဆောင် အရှင် ဥူးဇဠိလ၊ မွန်ပြည်နယ် ကျန်းမာ ရေးမှူး ဒေါက်တာ သန်းထွန်းအောင်နှင့် မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ လှဦး တို့က အဖွင့် အမှာ စကားပြော ကြားပြီးနောက် MINA ဗဟိုအလုပ် အမှုဆောင် ညှိနှိုင်းရေးမှူး ဒေါ်ခေါန် တောင်က MINA အဖွဲ့ဖွဲ့ စည်း ရခြင်း အကြောင်းနှင့် အဖွဲ့၏ လုပ်ဆောင်ချက် များ၊ ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်း ပြောကြားသည်။
တက်ရောက်လာသော CSO များ ထဲမှ မွန်ဒေသ MINA ဖွဲ့စည်းရန် စိတ်ဝင်စားသော ရှင်သန်ခြင်း ကရုဏာသွေး လှူရှင်များ အဖွဲ့၊ မွန်ပြည်နယ် ဟိန္ဒူ ဘာသာရေး အဖွဲ့၊ မော်လမြိုင် မြို့နယ် ဆွမ်းလောင်း အဖွဲ့၊ မွန်ပြည်နယ် မြန်မာ မွတ်စလင် လူငယ်အဖွဲ့ Faith Churches အအေးခန်း ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့၊ မွန်ပြည်နယ် ဥပါဋ္ဌာကအဖွဲ့၊KMSS (မော်လမြိုင်) အနန္ဒမေတ္တာနာရေး ကူညီမှုအသင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဟိန္ဒူတမီလ် ဖောင်ဒေးရှင်း (မွန်ပြည်နယ်) တို့မှ တစ်ဦးစီကို မွန်ဒေသ MINA အဖွဲ့ကို ဖွဲ့စည်းသည်။ ဥက္ကဋ္ဌ ဦးခင်မောင်တင့်၊ ဒု ဥက္ကဋ္ဌ ဦးမောင်အေး၊ အတွင်းရေးမှူး ဦးကျော်မြင့်တို့ ပါဝင်သော အလုပ်အမှုဆောင် ၁ဝ ဦးကို အများ သဘောတူ ရွေးချယ် တင်မြှောက်ကြသည်။
မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ MINA ကို ၂ဝဝ၉ ခုနှစ်၊ နိုဝင်ဘာလ တွင် ဖွဲ့စည်း ခဲ့ပြီး မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တို့ကို ဖွဲ့စည်းခဲ့ပြီး ယခု မွန်ဒေသအတွက် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ အဖွဲ့၏ ရည်ရွယ်ချက်မှာ ကိုးကွယ် ယုံကြည်မှု ဘာသာ အမျိုးမျိုးတို့ အကြား ပိုမိုလေး နက်သော ရင်းနှီးမှု၊ အပြန် အလှန်လေး စားမှုနှင့် နားလည်မှု တို့ကို တည်ဆောက် ရန်၊ အရင်းအမြစ် (ငွေအား၊ လူအား၊ နည်းပညာအား) များ မျှဝေသုံးစွဲရန် HIV ပိုးရှိသူများကို ခွဲခြားနှိမ်ချ ဆက် ဆံမှုမရှိသော ဘာသာရေး အသိုင်းအ ဝိုင်းများကို တည်ဆောက်ရန၊် HIV ပိုးရှိ သူများအတွက် ဘာသာရေး အသိုင်း အဝိုင်းများတွင် အခြေခံ လိုအပ်ချက်များ ရရှိရေး အတွက် စည်းရုံး ဆောင်ရွက်ရန် စသည် တို့ဖြစ်ကြောင်း ညှိနှိုင်းရေးမှူး ဒေါ်ခေါန်တောင်က ပြောသည်။
ထူးထူး (မော်လမြိုင်) (မွန်၊ အောက်တိုဘာ ၂၇)
Popular - HIV/AIDS ဝေဒနာရှင်များ အား ပံ့ပိုးကူညီ နိုင်ရေး အတွက် မွန်ဒေသ MINA ဖွဲ့စည်း




