8
Jun

HIV/AIDS ဝေဒနာသည်များ၊ အဟာရဓာတ်နှင့် ဆေးဝါး





အဓိကကတော့
HIV/AIDS ဖြစ်တယ်ဆိုတာ အဓိကက ကိုယ်ခံအားကျဆင်းလို့ ဖြစ်တဲ့ ရောဂါပေါ့နော်။ အဲဟာက အဓိကကတော့
ကိုယ်ခံအား ပြန်တက်ဖို့ အဟာရ အရေးတကြီး လိုအပ်ပါတယ်။ အဲအတွက်ကြောင့်မို HIV/AIDS ဖြစ်တဲ့
ဝေဒနာသည်တွေ တော်တော်များများဟာ မဖြစ်မနေ သူတို့အဟာရ ဖြစ်အောင် စားပေးဖို့လိုပါတယ်။

မေး။
ဟုတ်ကဲ့။ ဆိုတဲ့အခါကျတော့ အဟာရဖြစ်အောင် စားပေးဖို့လိုတယ် ဆိုတဲ့ အခြေအနေ အောက်မှာ
မြန်မာနိုင်ငံက ART ဆေးစားသုံးနေတဲ့ HIV ရောဂါဝေဒနာရှင်တွေ အနေနဲ့ အဟာရ အလုံအလောက်
ပြည်ဝအောင် စားသုံးနိုင်တဲ့ အခြေအနေမှာ ရော ရှိပါသလားခင်ဗျ။

ဖြေ။
ကျွန်မတို့သည် မြန်မာနိုင်ငံမှာကတော့ ဒီ HIV/AIDS ဖြစ်တဲ့ ဝေဒနာသည်တွေရော တခြား ပြည်သူ
လူထုတွေရောပေါ့နော် တော်တော်လေးကို ဆင်ရဲ မွဲတေတဲ့ အခါကျတော့ ဒီအဟာရကို ပြည်ပြည်စုံစုံ
လုံလောက်အောင် စားဖို့အတွက်ကို ကျွန်မတို့ သာမန်လူတွေရော ဒီ HIV/AIDS ဝေဒနာ ခံစားနေရတဲ့
သူတွေအတွက်ကော ပြည်စုံမှု ရှိတယ်လို့ မမြင်ဘူး။ တချို့ဆိုရင် အဟာရ ပြည့်ဖို့ကို မပြောနဲ့ပေါ့နော်
ဒီထမင်းတနပ် စားဖို့အတွက်တောင် တော်တော်ကြီးကို ရှုန်းကန်း လှုပ်ရှာ နေရတာတွေ အများကြီးတွေရတဲ့
အခါကျတော့ ဒီမှာကတော့ သာမန်လူတွေရော ဒီ HIV/AIDS ဖြစ်နေတဲ့ သူတွေအတွက်ရော တော်တော်လေးကို
အဟာရ မပြည့်ဘူးလို့ ပြောလို့ရပါတယ်။

မေး။
ဟုက်ကဲ့။ ဆိုတော့ ဒီ ART ဆေးစားနေတဲ့ သူတွေက အစားစာတဲ့ ပမာဏပေါ့နော် အစာစားတဲ့ နှုန်ပေါ်မှာရော
မဖြူဖြူသင်း အတွေ့အကြုံအရ ဘယ်လို့ တွေ့ရပါသလဲ။

ဖြေ။
ဒီမှာကတော့ ကျွန်မတို့ ဒီ ART ဆေးဝါးပေါ့နော် မသောက်ခင်က နေပြီးတော့ ဒီ ART ဆေးဝါး
သောက်သုံး လိုက်တဲ့အချိန်မှာ ဝေဒနာသည် တော်တော်များများက အစားကို တော်တော်များများ
တောင်းတာကို တွေ့ရတယ်။ တခါတလေ ကျလို့ရှိရင် သာမန် လူတွေထက်ကို သူတို့ ပိုပြီး စားနိုင်တယ်။
ပြောရလို့ရှိရင် သာမာန်လူက တစ်ပန်ကန်းလောက် စားရင်၊ သူတို့ နှစ်ပန်းကန်၊ သုံးပန်းကန်
ဒါတောင်မှ သူတို့ မဝဘူးပေါ့နော်။ အကျိန်ရေးများများ အရမ်း စားချင်ကြတယ်။ တော်တော်များများက
အဲသည်အပေါ်မှာလဲ ART သောက်နေတဲ့ လူတွေ အခက်အခဲရှိတာကို တွေ့ရတယ်။ အစားက အရမ်းစားလာတဲ့အခါ
ကျတော့လေ သူတို့ကိုယ်တိုင်လဲ ပြောတယ်။ မိသားစုကတောင် သူတို့ ညို့ညှင်လာတဲ့ ပုံစံမျိုးတောင်ရှိတယ်။
သူတို့ ကိုယ်တိုင်ကလည်း အရမ်းကို စားလာတာ တွေ့ရတယ်။

မေး။
ဟုတ်ကဲ့။ နောက်တစ်ခုက ခုနလို့ အစား အရမ်းစားတယ်။ အစားကလည် လုံးလုံးလောက်လောက် ပြည့်ပြည့်ဝဝ
စားဖို့ အခက်အခဲရှိတယ် ဆိုတဲ့အခါကျတော့ ART ဆေး သောက်နေရင်နဲ့ပေါ့နော် တခြားရောဂါတွေကြောင့်
မဟုတ်ဘဲနဲ့ အဟာရချို့တဲ့မှုကြောင့် အသက်ဆုံးရှုံ ရတဲ့ ဟာမျိုးတွေကော မြန်မာနိုင်ငံမှာ
ရှိပါသလားခင်ဗျား။

ဖြေ။
အခုလက်ရှိ ကျွန်မတို့ မြန်မာပြည် မှာကတော့လေ ART ဆေးဝါးက ဒီလူနာတွေ အားလုံးပေါ့နော်
ဝေဒနာတွေ အားလုံးကို လုံလုံလောက်လောက် မရရှိတဲ့အခါကျတော့ သေဆုံးမှုနှုန်းနဲ့ ပြောရမယ်ဆိုရင်
ကျွန်ုပ်မတို့ မြန်မာနိုင်ငံမှာကတော့ ဒီ ART ဆေး မသောက်ရလို့၊ သောက်ခွင့်မရလို့ သေဆုံးနှုန်းက
ပိုပြီး မြင့်တတ်နေတာကို မြင်ရတယ်။ ကျွန်မတို့ဆီမှာ အခွင့်အလမ် တော်တော် နည်းပါတယ်။
ဒီ ART ဆေးကို HIV/AIDS ဝေဒနာ ခံစားနေရတဲ့ သူတွေ သောက်သုံးဖို့ ဆိုတာက အများကြီး အခွင့်အလမ်း
နည်းတယ်လေး။ နည်းတဲ့အခါကျတော့ ဒီအဟာရ မပြည့်လို့ သေးဆုံးမှုနှုန်း ထက်စာရင်စာလို့ ရှိရင်တော့
ကျွန်တို့ မြန်မာပြည်မှာ အခု လက်ရှိ တွေ့နေရတာတော့ ART ဆေး မသောက်သုံးရလို့ ရောဂါဝေဒနာသည်တွေ
တော်တော်များများ သေဆုံးနေတာကို တွေ့နေရပါတယ်။

မေး။
ဟုတ်ကဲ့။ ART ဆေး လိုအပ်ချက်အပြင် ပေါ့လေ ဒီ ART ဆေးကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေလဲ
ရှိတယ်။ ဒါပေမယ့် ဆေးကလည်းပဲ လိုအပ်ချက် ရှိနေသေးတယ်။ အဲသည်လိုအပ်ချက် အပြင်ကို ဝေဒနာသည်တွေအတွက်
ခုနကလို ကျန်တဲ့ ထောက်ပံ့မှု တွေပေါ့နော် အဟာရ ပြည့်ပြည့်ဝဝ စားသုံးဖို့၊ စသည့်အားဖြင့်
တခြားထောက်ပံ့မှုတွေ ပေးနိုင်နေတဲ့ အခြေအနေတွေမှာ ရှိပါရဲ့လားခင်ဗျား။

ဖြေ။
ဒီမှာကတော့ ဒီလိုတခြားပေးနိုင်တာ ဆိုတာ သိပ်မတွေ့မိဘူးရှင့်။ မတွေ့ဘူးဆိုတာက တခြား
NGO တွေ ကျွန်မတို့ ဒီမှာတော့ရှိတယ် ပေါ့နော်။ ဒီဆေးပေးနေတာရှိတယ်။ နောက်ပြီးတော့ တခြား
ဆေးလေးတွေ ပေးတာတွေ ရှိတာပေါ့နော်။   ဒီ
Nutrition
နှင့်ပက်သက်လို့လဲ သူတို့က သတ်မှတ်တဲ့ အချိန်လောက်အထိ ပေးတာမျိုးတွေ ရှိတယ်။ ဒါပေမယ့်
လူနာတွေအားလုံး ရဖို့က အများကြီး အခက်အခဲရှိတယ်။ လူနာတွေ အကုန်လုံးကို ဒီလို အဟာရနဲ့
ပက်သက်ပြီတော့  ကူညီထောက်ပံ့ပေးတာတို့ အကုန်လုံးအတွက်
နီးနီးရဖို့ အကူအညီပေးတဲ့ အဖွဲ့အစည်းဆိုတာ ဒီမြန်မာပြည်မှာ သိပ်မရှိပါဘူး။

မေး။
ဟုတ်ကဲ့။ ဆေးအခက်အခဲရှိတဲ့ဆိုတာက ဘာအဓိကအခက်အခဲလားခင်ဗျ။ ရန်ပုံငွေအခက်အခဲလား ဒါမှမဟုတ်ရင်
ဆေးဝယ်ဖို့ အခက်အခဲလား ဘယ်လို့အခက်အခဲ မျိုးလဲခင်ဗျ။

ဖြေ။
ဒီမှာကဆေးဝါးတွေ ဆေးကုမ္မဏီ တွေရှိတယ်။ ဝယ်လို့ရတယ်ပေါ့နော်။ ဒါပေမယ့် ကျွန်ုပ်တို့
မြန်မာပြည်မှာရှိနေတဲ့ ဝေဒနာသည်တွေ တော်တော်များများဟာ ဒီဆေးကို ဝယ်မသောက်နိုင်တဲ့
ဟာတွေ လည်ရှိတယ်။ တော်တော်များများပါပဲ။ အကုန်လုံးနီးနီးကို ဝယ်မသောက်နိုင်ဘူး။ နောက်တစ်ချက်ကကျတော့
ဒီ NGO တွေအနေနဲ့ ဒီ ART ဆေးဝါးကိုတွေကို ပေးတာတွေရှိတယ်။ အဲဒါတော့ ဘာကြောင့်မှန်တော့မသိဘူး။
သူတို့က ပေးလိုက်တယ်။ ပေးပြီးလို့ရှိရင် Fund ကြောင့်ပဲလား ဘာလာတော့ အကြောင်းပြချက်လာတော့
မရှိဘူး။ မကြာခဏ သူတို့က သတ်မှတ်တဲ့ ဦးရေး လူဦးရေးပြည့်တဲ့ ခါကျလိုရှိရင် ဖြတ်လိုက်တယ်။
အဓိကက တော့ သူတို့ပေးနိုင်တာက ပြောရမယ်ဆိုရင် သူတို့ ပေးနိုင်တာက အယောက် ၁၀၀ ရာဆိုရင်
မြန်မာပြည်မှာက ထောင်နဲ့ချီပြီ လိုအပ်နေတဲ့ ART ဆေးဝါး လိုအပ်နေတဲ့အခါကျတော့ မပေးနိုင်တဲ့
ပုံစံမျိုးလဲရှိတာပေါ့နော်။

မေး။
ဟုတ်ကဲ့။ ကျွန်ုပ်တော်တို့ကြားတာက 3D Fund လို့ အဖွဲ့စည်းမျိုး အခုဆိုရင် Global
Fund အဖွဲ့ကလည်း ပြန်ပြီးတော့ ရန်ပုံငွေ အကူအညီတွေ ပေးမယ်ဆိုပြီးတော့ ကျွန်ုပ်တော်တို့
ကြားထားတော့ ဒီအဖွဲ့ တွေကနေပြီးတော့ ကူညီပေးထောက်ပံ့ပေးနေတာတွေက ဒီ ART ဆေးဝါးအတွက်
လုံးလောက်မှု မရှိသေးဘူး လို့ ပြောလို့ရလားခင်ဗျ။

ဖြေ။
အခု လက်ရှိအခြေ အနေအရကတော့ 3D Fund ဝင်ထားတယ်ပေါ့နော်။ ဒါပေမယ့် အခုလောလောဆယ်တော့ ကျွန်ုပ်မတို့
မြင်ရတာကတော့ ရပ်နေတဲ့ အခြေအနေမှာ ရှိတယ်။ ဆက်ပြီးတော့ ပေးနိုင်တဲ့အနေအထား မရှိတာကို။
မရှိတဲ့အခါကျတော့ ဒီ 3D Fund ဝင်သွားတဲ့ အပေါ်မှာတော့ ဝေဒနာသည်တွေပေါ့နော် နည်းနည်းကျဉ်းကျဉ်းချင်း
ဆေးရသွားတာ တွေတော့ရှိတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခု 3D Fund ကတော့ အခုလောလောဆယ်
လက်ရှိ အခြေအနေမှာ ရပ်နေတယ်။ နောက်ရှေ့နှစ်မှာပေါ့နော်၂၀၁၁ မှာ Global Fund ဝင်မယ့်လို့တော့
ပြောတယ်။ ကြားနေရတယ်။ အဲခါကျလို့ရှိရင်လဲ ဒီလူနာတွေအတွက်ပေါ့နော် ဒီ ART ဆေးဝါးတွေ
ထိထိရောက်ရောက်နဲ့ ကျွန်ုပ်မကတော့ ဖြစ်စေချင် တစ်နိုင်ငံလုံး အတိုင်းအတာပေါ့၊ ဖြစ်နိုင်လို့
ရှိရင်လဲ အဲသည်လိုမျိုး ပေးနိုင်မယ်လို့ ဆိုရင်တော့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်တာပေါ့နော်။
အခုလက်ရှိ အခြေအနေကတော့ သူတို့ပေးနိုင်တဲ့ အားနဲ့ ကျွန်မတို့လက်ရှိ မြန်မာပြည်မှာ လိုအပ်နေတဲ့အားဟာ
အရမ်းကို ကွားဟနေတယ်လို့ ထင်တယ်လေး။ Fund အခက်အခက်ကြောင့်ပဲလား ဘာကြောင့်လဲတော့ ကျွန်မတို့
ဒီပြည်တွင်မှာ ရှိနေတဲ့ လူတွေက မသိနိုင်ဘူးပေါ့နော်။ အဲဒါကြောင့်မို Global Fund ဝင်လာမယ်ဆိုလိုရှိရင်လဲ
ကျွန်ုပ်မတို့ မြန်မာပြည်မှာ ရှိနေတဲ့ ဒီရောဂါဝေဒနာခံစားနေရသူ လူအားလုံးကို ဒီ ARV
ဆေးဝါးတွေ လုံးလုံးလောက်လောက် ပေးနိုင်ဖို့အတွက်ကို မျှော်လင့်ပါတယ်။

မြန်မာနိုင်ငံက
HIV/AIDS ဝေးနာသည်တွေကို ကိုးနှစ်နီးပါး ဆက်တိုက် ကူညီပေးလားခဲ့တဲ့ မဖြူဖြူသင်းပါ။
HIV/AIDS ရောဂါဝေဒနာသည်တွေကို ကုသရာမှာ ANTI-RETROVIRAL DRUG (ARV) လို့ခေါ်တဲ့  ART ကုထုံဟာ ရောဂါခံစားရမှုကို သက်သာအောင်လုပ်ပေးတာနဲ့
ဝေဒနာသည်တွေ သက်တမ်းရှည်ရှည် နေနိုင်ရေးမှာ အရေးပါလှပါကြောင်း တင်ပြရင် ဒီသတင်းပတ်ရဲ့
ကျန်းမားရေး အစီးအစဉ်ကို ဒီမှာပဲ နိဂုံချုပ်လိုက်ပါတယ်ခင်ဗျာ။



VOA NEWS: HIV/AIDS
ဝေဒနာသည်များ၊ အဟာရဓာတ်နှင့် ဆေးဝါး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top