5
Aug

HIV/AIDS ဝေဒနာသည်များ အတွက် ကူညီစောင့်ရှောက်မှု ပေးနေသည် FXB အဖွဲ့



FXB
တွင် သွေးစစ်ဆေးမှု ခံယူ၍ မိမိတွင် အိတ်ခ်ျအိုင်ဗွီ ပိုး ရှိ၊ မရှိ စောစီးစွာ သိရှိနိုင်ကြောင်းကို
INGO အဖွဲ့အစည်း တစ်ခုဖြစ်သည့် FXB အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြော ကြားချက် အရ သိရသည်။

FXB
(Francois – Xavier Bagnoud Myanmar) အဖွဲ့သည် VCCT (Voluntary Confidential
Conseling & HIV Testing)  မိမိ ဆန္ဒအလျောက်
နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်း ပြုလုပ်၍ အိတ်ခ်ျအိုင်ဗွီ ပိုး ရှိ၊ မရှိ စစ်ဆေးပေးခြင်း၊
အိတ်ခ်ျအိုင်ဗွီ ပိုး မရှိပါက ပိုးကူးစက်ခြင်း မခံရအောင်နှင့် ရှောင်ရှားနိုင်ရန် ပညာပေး
ဆွေးနွေးပေးခြင်း၊ ပိုးရှိပါက ကိုယ်တိုင်ကိုယ်ကျ ကျန်းမာရေး စောင့်ရှောက်မှု ခံယူ နိုင်ရန်နှင့်
မိမိထံမှ သူတစ်ပါးသို့ ရောဂါ မကူးစက်အောင် ပြုမှု နေထိုင်ရန်၊ အခွင့်အရေးယူ ရောဂါများ
(ဥပမာ – တီဘီ ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ၀မ်းပျက် ၀မ်းလျှော ရောဂါ၊ အရေပြား ရောဂါ၊ ပါးစပ်နှင့်
အစာ ရေမျိုတွင် မှိုစွဲကပ်ခြင်း၊ ဦးနှောက် အမြှေးပါး ရောင်ခြင်း စသည့် ရောဂါများ) ကို
ကြိုတင် ကာကွယ်နိုင်ရန်နှင့် စောစီးစွာ ကုသနိုင်ရန် ပညာပေးခြင်း အပြင် လိုအပ်ပါက အိတ်ခ်ျအိုင်ဗွီ
ပိုး ထိန်းဆေး (ARV) ကို စနစ်တကျ နည်းလမ်း မှန်ကန်စွာ စတင် သုံးစွဲတတ်ရန် ပညာပေးခြင်း
အချက်များကို ဆောင်ရွက်ပေးသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း သိရသည်။

ထို့အပြင်
FXB ဆေးခန်းတွင်  ကွန်ဒုံး အခမဲ့ ဖြန့်ဝေပြီး
ဖိတ်ကြား ပါက ပညာပေး ဆွေးနွေးမှုများကို မိမိစရိတ်နှင့် လာရောက် ပြုလုပ်ပေးလျက် ရှိကြောင်း
သိရသည်။ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များ အတွက် လက်မှုပညာ သင်တန်းများ ဖွင့်လှစ် ပေးခဲ့ပြီး
ဖြစ်ကြောင်းကိုလည်း သိရသည်။ FXB (Myanmar) ရုံးခွဲ များကို ရန်ကုန်မြို့၊ မော်လမြိုင်မြို့နှင့်
ဖျာပုံမြို့တို့တွင် ရုံးခွဲ ဖွင့်လှစ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်
နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်း ပြုလုပ်၍ အိတ်ခ်ျအိုင်ဗွီပိုး ရှိ၊ မရှိ စစ်ဆေးပေးသော
အဖွဲ့အစည်းများ တိုးတက်လာခြင်းကို ကြိုဆို ရမည်ဖြစ်ပြီး၊ အိတ်ခ်ျအိုင်ဗွီ ပိုး ရှိသူများကလည်း
မိမိ၏ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး အသက်ရှည် ကျန်းမာအောင် နေထိုင် သွားရမည် ဖြစ်သကဲ့သို့
အိတ်ခ်ျအိုင်ဗွီ ပိုး မရှိ သူများကလည်း မိမိအတွက် အန္တရာယ်ရှိသော အပြုအမူများကို ရှောင်ရှား
ခြင်းဖြင့် အိတ်ခ်ျအိုင်ဗွီ ပိုး မကူးစက်အောင် နေထိုင် ကြရမည် ဖြစ်သည်။

ဗိုဟိန်

The Myanmar Post (မြန်မာပို့စ်)
- HIV / AIDS ဝေဒနာသည်များ အတွက် ကူညီစောင့်ရှောက်မှု ပေးနေသည် FXB အဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top