17
Jul

HIV/AIDS ဝေဒနာ ရှင်များအား စောင့်ရှောက်မှုတွင် စီးပွားရေး လုပ်ငန်း ၆၅ ခုမှ ပါဝင်လက်မှတ် ရေးထိုး

လူ့ပတ်ဝန်းကျင်မှာ HIV/AIDS ဝေဒနာရှင်များအား မပစ်ပယ်ဖို့နဲ့ ကူညီစောင့်ရှောက်မှုများ ပေးစွမ်းနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်း ၆၅ ခုမှ ပါဝင်လက်မှတ်ရေးထိုးတဲ့ လက်မှတ်ရေးထိုးမှုကို မေလ ၁၄ ရက်နေ့က UMFCCI မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ စီးပွားရေးလုပ်ငန်း ၆၅ ခုမှ မိမိလုပ်ငန်းခွင် အတွင်းမှာ ၀န်ထမ်းများ အကြောင်းအမျိုးမျိုးကြောင့်  HIV/AIDS ရောဂါဝေဒနာများ ဖြစ်ပွားပါက အလုပ်ထုတ်ပယ်ခြင်း၊ ပစ်ပယ်ထားခြင်း မပြုလုပ်ဖို့၊ ဝေဒနာရှင်များကို နှစ်သိမ့်ဆွေးနွေးပေးဖို့နဲ့ ကူညီစောင့်ရှောက် ပေးဖို့အတွက် သဘောတူ လက်မှတ် ရေးထိုးကြတာ ဖြစ်ပါတယ်။

အဲ့လို လက်မှတ်ရေးထိုးရာမှာတော့ ပြည်တွင်းရှိ ဟိုတယ် ၊ လေကြောင်းလိုင်း ၊ စားသောက်ဆိုင်များနဲ့ ကျောက်မျက်ရတနာ လုပ်ငန်းများက ပါဝင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ HIV/AIDS ကင်းစင်ဖို့အတွက် ကာကွယ် တားဆီးရေးဆိုင်ရာ လုပ်ငန်းများ ကို ကျန်းမာရေး ၀န်ကြီးဌာနမှ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အစီအစဉ်များ ချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး ယခုလို လုပ်ငန်းရှင်များ ပါဝင်လာခြင်းဟာ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပွားခဲ့တဲ့ HIV/AIDS ဝေဒနာရှင်များကို လူသားချင်း စာနာထောက်ထားမှု အစီအစဉ်တွေထဲက တစ်ခုဖြစ်တယ်လို့သိရပါတယ်။

MRTV-4 - HIV/AIDS ဝေဒနာ ရှင်များအား စောင့်ရှောက်မှုတွင် စီးပွားရေး လုပ်ငန်း ၆၅ ခုမှ ပါဝင်လက်မှတ် ရေးထိုး 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top