HIV/AIDS ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ဦးရေ ပြည်တွင်းမှာ လျော့ကျ လာတယ်လို့ စစ်တမ်း ကောက်ယူမှုတွေ အရ သိရပါတယ်။ ဒီလို စစ်တမ်းကောက်ယူကာ ဆောင်ရွက် မှုတွေကို ပြည်တွင်းမှာ ၁၉၉၂ ခုနှစ်က စတင်ကာ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာမှာ HIV ဗိုင်းရပ်ပိုး ကူးစက်မှု လျော့နည်းစေဖို့နဲ့ အဆိုပါ ဗိုင်းရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ AIDS ရောဂါ မဖြစ်ပွား စေဖို့ ကဏ္ဍတွေ ခွဲခြား လုပ်ဆောင်ခဲ့ ကြတာ ဖြစ်ပါတယ်။
အဲ့ဒီ အတွက် ၁၉၉၂ ခုနှစ်ရဲ့ မှတ်တမ်းတွေအရ နှစ်စဉ်ရောဂါ ဖြစ်ပွားမှုတွေ လျော့ကျလျက် ရှိလာပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတော့ ယခင် ကာလတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ဖြစ်ပွားမှု နှုန်းတွေ သိသိသာသာ ကျဆင်းလာ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရောဂါကြောင့် ဖြစ်ပွားမှုတွေ ကျဆင်းလာခဲ့ မှုသာမက အခုနောက်ပိုင်း နှစ်တွေ မှာတော့ အဆိုပါ ရောဂါကြောင့် သေဆုံးသူ ဦးရေတွေပါ လျော့နည်း လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို လျော့ကျ လာမှုတွေဟာ အဖွဲ့အစည်း အသီးသီး ကနေ ရောဂါဖြစ်ပွားမှု များပြားရာ နေရာအလိုက် ပညာပေးမှုတွေ၊ နှစ်သိမ့် ဆွေးနွေးမှု တွေနဲ့ ကာကွယ် စောင့်ရှောက်မှု တွေကို ထိထိရောက်ရောက်ဆောင် ရွက်ပေး နိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်မှုတွေကို တိုင်းဒေသကြီး ပြည်နယ် အလိုက် ရောဂါဖြစ်ပွား နိုင်ချေ၊ ကူးစက်မှု ဖြစ်နိုင်ချေရှိတဲ့ ဒေသတွေကို ဦးစားပေး ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။




