27
May

HIV/AIDS ဖြင့် သေဆုံးသွားသူများအတွက် အရက်ဖက် အဖွဲ့အစည်းများမှ ဆုတောင်းပွဲ လားရှိုး၌ ပြုလုပ်

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် HIV/AIDS ကြောင့် သေဆုံးသွားသူများအတွက် ဘာသာကြီး လေးခုမှ ဆရာတော်များနှင့် အခြားသော အရက်ဖက် အဖွဲ့အစည်းများမှ စုပေါင်းကာ မီးထွန်းဆုတောင်းခြင်း အခမ်းအနားကို မေ(၂၃) ရက်တွင် လားရှိုးမြို့ နှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

HIV/AIDS ကာကွယ် တားဆီးရေးအတွက် ဘာသာရေးရှုထောင့်မှ အတားအဆီးများ လျော့နည်းသွားစေရန်၊ တိုက်ဖျက်ရေး၊ ကာကွယ်တားဆီးရေး၊ စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းများတွင် ဘာသာရေးခေါင်းဆောင်များ ပိုမိုနားလည်ကာ ပူးပေါင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ရောဂါကြောင့် သေဆုံးသွားခဲ့တဲ့ သူတွေအတွက် သတိရပြီး အမှတ်တရ အဖြစ်အနေနဲ့ မီးထွန်းဆုတောင်းပွဲ လုပ်တာပါ။ ခွဲခြားနေထိုင်မှုနဲ့ ပြစ်တင်ရှုတ်ချမှုတွေ လျော့ချစေလိုတဲ့ စိတ်ဆန္ဒနဲ့ ကျင်းပတာပါ။’’ ဟု PLHIV ကိုညီညီက ပြောသည်။

HIV ဖြင့် ရှင်သန်နေထိုင်သူများအား ၀ိုင်းဝန်းကူညီပေးရန်၊ ပစ်ပယ်မထားကြရန်၊ ခွဲခြားဆက်ဆံခြင်းများ မပြုလုပ်ကြစေရန်၊ မိသားစုဝင်များကလည်း ပစ်ပယ်မထားစေရန်၊ ကျောင်းနေအရွယ်ကလေးငယ်များ ခွဲခြား မထားစေရန်လည်း ဆွေးနွေးခဲ့ကြသည်။

“ကျွန်မတို့ကတော့ ရောဂါနဲ့ အသက်ရှင်နေသူတွေပါ။ ကျွန်မတို့ လူကြီးတွေကတော့ စိတ်ဓါတ်မကျတော့ ပါဘူး။ ဒါပေမယ့် ကျောင်းသားတွေနဲ့ ကလေးအရွယ်လေးတွေကိုတော့ ၀ိုင်းဝန်ပြီး ကူညီပေးကြပါ။ ပစ်မထား ကြပါနဲ့။ ART ဆိုတဲ့ ပိုးထိန်းဆေးကို ပုံမှန်သောက်သွားမယ်ဆိုရင် သက်တန်းစေ့နေနိုင်ပါပြီ။’’ ဟု PLHIV မမျိုးသူဇာက ပြောသည်။

လားရှိုးမြို့တွင် HIV/AIDS ဖြင့် ရှင်သန်နေထိုင်သူ သုံးသောင်းဝန်းကျင်ရှိကြောင်း၊ လားရှိုးခရိုင်အနေဖြင့် ငါးသောင်းဝန်းကျင်ရှိကြောင်း၊ ဆုတောင်းပွဲသို့ အခြားသော အဖွဲ့အစည်းများ တက်ရောက် ဆုတောင်းပေးခဲ့ကြောင်း ပွဲစီစဉ်သူများ ထံမှ သိရသည်။

နောင်-ရှမ်းပြည်(မြစ်မခ)

မြစ်မခ - HIV/AIDS ဖြင့် သေဆုံးသွားသူများအတွက် အရက်ဖက် အဖွဲ့အစည်းများမှ ဆုတောင်းပွဲ လားရှိုး၌ ပြုလုပ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top