11
Apr

HIV/AIDS နှင့်နေထိုင်သူများအတွက် ဆုတောင်းပွဲကျင်းပ



ကမ္ဘာပေါ်ရှိ HIV/AIDS ကြောင့်
အသက်ဆုံးပါးခဲ့သူများနှင့် HIV ပိုးကူးစက် ခံနေရသူများအတွက်
ရည်ရွယ်ကျင်းပခြင်းဖြစ်သည့် ၂၄ကြိမ်မြောက် ဖယောင်းတိုင်မီး ထွန်းညှိ အမှတ်တရ
ဆုတောင်းပွဲ 24th Annual International AIDS Candlelight Memorial
ကိုမြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ ဟိန္ဒူဘာသာ အစ္စလာမ်ဘာသာ စသည့် ဘာသာကြီး
လေးဘာသာ၏ မေတ္တာပို့ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

၁၉၈၃ ခုနှစ်မှစ၍ နိုင်ငံတကာ အဆင့်အထိ
ကျယ်ပြန့်လာခဲ့သည်
Candlelight
Memorial ကိုကမ္ဘာ့ ကျန်းမာရေးကောင်စီ Global Health Council ၏ အစီအစဉ်ဖြင့်
ယခုနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၁ နိုင်ငံတွင် ပွဲပေါင်း ၁၅၀၀
ကျော်ကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် တတိယအကြိမ် ကျင်းပခြင်းဖြစ်သည်။
အမှတ်တရ ဆုတောင်းပွဲသည် HIV/AIDS ကြောင့်သေဆုံးသူ၊ HIV ပိုးကူးစက်ခံရသူ များအတွက်
မေတ္တာပို့ ဆုတောင်းခြင်း သာမက HIV ကူးစက်ခြင်း မခံရသေးသူများကိုလဲ ရောဂါပိုး
ကူးစက်ခြင်းမှ ကာကွယ်နိုင်စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

 

“လူတစ်ယောက်ရဲ့ အသက်ဟာ တန်ဖိုးရှိတယ်
သေရကျိုးနပ်သင့်ပါတယ်။ AIDS ကြောင့် ဆုံးပါးသွားတဲ့သူတွေ ဆုံးပါးသွားခဲ့ပြီ
ကျန်တဲ့သူတွေကို ဒီလိုမဖြစ်အောင် တစ်ခုခုလုပ်ဖို့လိုပါတယ်။ ဆုံးပါးသွားတဲ့သူတွေဆီက
သင်ခန်းစာယူရတာလဲ ရှိတာပေါ့။ Candlelight Memorial ဟာ HIV/AIDS ကြောင့်
သေဆုံးသူတွေကို အောင့်မေ့ သတိရ ဆုတောင်းတာဖြစ်သလို HIV ပိုးကူးစက်ခံနေရသူတွေ
ကျန်းမာရေး စီးပွားရေး လူမှုရေး ဘဝအာမခံချက်တွေ ကောင်းမွန်စွာရရှိဖို့ ဆုတောင်းတာလဲ
ဖြစ်ပါတယ်။”ဟု မေလ ၂၀ရက်နေ့က ရန်ကုန်မြို့ ရှိ စိမ်းလန်း စိုပြည် ဥယာဉ်၌
ကျင်းပခဲ့သည့် Candlelight Memorial အခမ်းအနားတွင် ဒေါက်တာ စစ်နိုင်က
ပြောကြားခဲ့သည်။

 

အခမ်းအနားကို ရတနာ့မေတ္တာအဖွဲ့ RMO မြန်မာနိုင်ငံ
ခရစ်ယာန်များကောင်စီ MCC ကျူလီယာ မွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့ CMRFT
ဘာသာပေါင်းစုံလူငယ် HIV/AIDS တိုက်ဖျက်ရေး ကာကွယ်ရေးအဖွဲ့ IYCA တို့က
စီစဉ်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် ဧည့်သည်တော်များက သာသနာ့ ခေါင်းဆောင်များ၏
ဦးဆောင်မှုနှင့်အတူ မေတ္တာပို့ ဆုတောင်းခဲ့ကြကြောင်း သိရပါသည်။

 



The Weekly Eleven News (May-30-2007)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top