HPV သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး (လေးကြိမ်) ထိုးမှ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်နိုင် မည်ဟု ထင်ခဲ့ကြသော်လည်း ယခုအခါ သုတေသီများ၏ လေ့လာတွေ့ရှိချက် အရ တစ်ကြိမ်ထိုးရုံဖြင့် အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
လိင်ဆက်ဆံခြင်းကြောင့် ပါပယ်လိုမာခေါ် ဗိုင်းရပ်စ် ကူးစက်ခံရပြီး သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားရာ HPV သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို ရောဂါမဖြစ်အောင် ကြိုတင် ထိုးနှံ၍ ကာကွယ်နိုင်မည် ဖြစ်သည်။
သုတေသီများ၏ သုတေသန အသစ် တီထွင်ပေါင်းစပ် Data ကိန်းဂဏန်းများကို ဆေး သုံးကြိမ် ထိုးသည့် အုပ်စုနှင့် တစ်ကြိမ် ထိုးသည့် အုပ်စုမှ ရယူခဲ့ခြင်း ဖြစ်သည်ဟု လန်းဆတ် ကင်ဆာ ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။
သုတေသီ ဒေါက်တာ အေမိုင်ခရီမာ (အမေရိကန် အမျိုးသားကင်ဆာ တက္ကသိုလ်)က သားအိမ်ခေါင်း ကင်ဆာ အတွက် တစ်ကြိမ် ဆေးထိုးဖို့သာ လိုအပ်ကြောင်း ပြောသည်။ အဆိုပါ တွေ့ရှိချက်အရ ဆေးများ အကြိမ်ကြိမ် ထိုးနှံစရာ မလိုတော့ဘဲ တစ်ကြိမ်တည်းဖြင့် အကျိုးရှိစွာ သုံးနိုင်တော့မည် ဖြစ်သည်။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများတွင် သားအိမ်ခေါင်းကင်ဆာ ၈ဝ ရာခိုင်နှုန်းကျော် ဖြစ်ပွားလျက် ရှိသည်။
သားအိမ်ခေါင်း ကင်ဆာ သို့မဟုတ် အမျိုးသမီးများ သေပျောက်မှု များသည့် ကင်ဆာအတွက် အချက်အ လက်များ ရယူရင်း စီးပွားရေး ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများရှိ အမျိုးသမီးများ ဖြစ်ပွားနေသော သားအိမ်ခေါင်း ကင်ဆာကို ကမ္ဘာအနှံ့ ဖြစ်ပွားနေမှု အပေါ် ကောက်ချက် ချပေးခဲ့ခြင်း ဖြစ်သည်။
HPV (Human Papilloma Virus) သည် သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေသည်။ HPV ၁၆ က သားအိမ်ခေါင်း ကင်ဆာကို ၅ဝ ရာခိုင်နှုန်း ဖြစ်စေသည်ဟု ဆိုသည်။ HPV ၁၈ က သားအိမ်ခေါင်း ကင်ဆာ ၂ဝ ရာခိုင်နှုန်း ဖြစ်ပြီး တခြား ကင်ဆာ ဗီဇများက ကျန်သည့် သားအိမ်ခေါင်း ကင်ဆာ ၃ဝ ရာခိုင်နှုန်းကို ဖြစ်စေသည်ဟု ဆိုပြန်သည်။
HPV ၁၆ နှင့် ၁၈ မျိုးရိုးကို ပစ်မှတ်ထားပြီး သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို GSK (Glaxo Smith Kline) နှင့် ဂါဒါဆေး (Gardasil) ကုမ္ပဏီတို့က Meri ကုမ္ပဏီနှင့် ပေါင်းစပ် ထုတ်လုပ် ဖြန့်ချိခဲ့ခြင်းဖြစ်သည်။
ဒေါက်တာသက်လွင် (ပြည်သူ့ကျန်းမာရေး)
မြဝတီ - HPV ကာကွယ်ဆေး တစ်ကြိမ် ထိုးရုံနှင့် သားအိမ်ခေါင်း ကင်ဆာမှ ကာကွယ်ရန် လုံလောက်




