15
Feb

HPV ကူးစက်ခံနေပြီလား (အမေးအဖြေ)

မေး။    ။ ဆရာရဲ့ HPV အမေးအဖြေကို ကျွန်တော် ဖက်လိုက်ရပါတယ်။ HPV ကို အခုမှ ကျွန်တော်သိတာပါ။ အခု ကိုယ့်ကိုယ်ကို သံသယဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မာဆတ်မှာ အကာကွယ်မဲ တစ်ခါ လိင်ဆက်ဆံ ခဲ့ဖူးပါတယ်။ ဒီကြားထဲလည်း ဆေးနှစ်ခါလောက် စစ်ခဲ့ပါတယ်။ ဘာမမရှိပါဘူး။ အခု စလုံးမှာ အလုပ်လုပ်နေပါတယ်။ HPV လက္ခဏာအရ ကိုယ့်ကိုယ်ကို ပြန်စစ်ကြည့်မိတယ်။ လိင်အင်္ဂါတို့ စအိုတို့မှာ ဘာမှ မတွေ့ဘူး။ လှည်ပင်းတစ်ဝိုက်၊ ပါးစပ်နဲ့ လည်ချောင်းမှာ သံသယဖြစ်နေတယ်။ ကြွက်နို့က ဘယ်လိုပုံစံလည်း အတိကျမသိဘူး။ အင်တာနက်မှာ ကြည်တော့ အနီရောင်အဖုပဲ။

အခု ကျွန်တော်လည်ပင်းနဲ့ ရင်ဘတ်တစ်ဝိုက်မှာ အသားဖုလို့ပဲ မနီဘူး။ ဒီတိုင်းကြည့်ရင်တောင် ဖုမှန်းမသိတာဘူး။ ကိုင်ကြည့်မှ အသားဖု လုံးလုံးလေးတွေမြုပ်နေတယ်။ မနာဘူး။ ညစ်လို့မရဘူး။ တစ်ခါဖုလို့ဆိုပြီး ကျွန်တော် နာအောင် လုပ်လိုက်တယ်၊ နီလာတယ်၊ ၀တ်ခြံလိုဖြစ်သွားတယ်၊ ညစ်မရဘူး။ ကျွန်တော် အပ်နဲ့ ဖောက်လိုက်တယ်။ ပြည်လို အဖြူရည်တွေ ထွက်တယ်။ အဲဒါ ကြွက်နို့များလား။ ဘာဖြစ်တာလဲ သိချင်ပါတယ်။

နောက်တခုက လျှာမှာ အဖုသေးသေးလေးတွေ ပေါက်နေတယ်လို့ ခံစားပြီးတယ်။ တစ်လောကတောင် သွားဖုန်းနဲ့ နှုတ်ခမ်းထဲမှာ အပူလိုပဲ ပျောက်တယ်။ ဆေးလိမ်း ဗီတာမင်စီ သောက်လိုက်တယ်။ ပျောက်သွားတယ်။ ပြီးတော့ လျှာအရင်းမှာ လက်ထိုးထည့်ပြီး စမ်းကြည့်တော့ အဖုကြီးကြီးတွေ ပေါက်နေတယ်။ အဲဒါ HPV လက္ခဏာများလား။ကျွန်တော် HPV ဖြစ်မှာ ကြောက်နေတယ်။ ပြီးတော့ သွေးစစ်ကြည့်ရင် HPV မပေါ်ဘူးလား။ တကယ်လို့ HPV ဆိုရင် ကျွန်တော်ဘာလုပ်ရမလဲ၊ ဘယ်လို့ နေရမလဲ။

ဖြေ။    ။ HPV က အကာအကွယ်မဲ့ လိင်ဆက်ဆံဘူးရင် ကူးတက်ပါတယ်။ သွေးထဲမှာ HPV ရှိ/မရှိကို စစ်လို့ မရသေးပါဘူး။ အများအားဖြင့် ကြွက်နို့ပေါက်မှပဲ သိကြတာများပါတယ်။ အခု မိတ်ဆွေပြောပြပုံအရ ကျနော်တို့ မမြင်နိုင်တဲ့ အတွက် HPV ဟုတ်/မဟုတ်ကို အသေအချာ မပြောနိုင်ပါဘူးခင်ဗျာ။

အကြံပြုချင်တာကတော့ နီးစပ်ရာ အရေပြား ဆရာဝန်နဲ့ တိုင်ပင်ပြသစေချင်ပါတယ်။ HPV ပုံတွေကို အင်တာနက်မှာ ကြည့်ချင်ရင် Google Search မှာ Human Papilloma Virus သို့မဟုတ် Genital Warts လို့ ရိုက်ပြီး ရှာကြည့်ပါ။ ပုံတွေကို တွေ့ရပါလိမ့်မယ်။

အဖုတွေကို အပ်နဲ့ဖောက်တာ၊ ညှစ်တာမျိုး မလုပ်စေချင်ပါဘူး။ ဒီလိုလုပ်ရင် အပြင်က ပိုးတွေဝင်တတ်ပြီး အကယ်၍ HPV ဖြစ်နေရင် တခြားနေရာတွေကို ကူးစက်ပျံ့နှံ့တတ်လို့ပါ။

မိတ်ဆွေပြောတဲ့ ပါးစပ်က အနာက စိတ်ဖိစီးမှုများရင် ဖြစ်တတ်တဲ့ အနာလေးတွေပါ။ ဒါတွေက ရေများများသောက်ရင် သို့မဟုတ် ဗီတာမင်စီ များများသောက်ရင် ပျောက်ပါတယ်။ အဲဒီ အနာလေးတွေက ပြည်ဖုသေးသေးလေးတွေ လိုမျိုး နှုတ်ခမ်းအတွင်းသားမှာ ပါစောင်မှာ ပေါက်တတ်ပါတယ်။ ဒါက လူတိုင်း ဖြစ်တတ်ပါတယ်။ HPV ကြောင့် မဟုတ်ပါဘူး။

လျှာက ဖုကတော့ သာမန်အားဖြင့် လူတိုင်းရဲ့လျှာမှာ အဖုလေးတွေ ရှိပါတယ်။ ဒါလေးတွေက အရသာခံတဲ့ အဖုလေးတွေပါ။ Taste buds လို့ခေါ်ပါတယ်။ ဒီအဖုတွေက မတည့်တာ စားမိရင် ကြီးလာတတ်ပါတယ်။ ဥပမာ - ပင်လယ်စာ မတည့်ရင်၊ မြေပဲနဲ့ မတည့်ရင် ဖြစ်တတ် ပါတယ်။ နေမကောင်းတဲ့ အခါမှာလည်း ခံတွင်းပျက်ရင် သို့မဟုတ် ခံတွင်း သန့်ရှင်းမှု အားနည်းရင် လျှာက အဖုလေးတွေက ကြီးလာတတ်ပါတယ်။ ဒါက HPV နဲ့ မဆိုင်ပါဘူး။

ဒီလောက်ဆို ကျေနပ်မယ် ထင်ပါတယ်

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top