7
Feb

HPV သူများကို ကူးစက်မှာ စိုးလို့ (အမေးအဖြေ)

မေး။    ။ ကျွန်တော်မှာ HPV ကြောင့် (lips warts) ရော၊ (gential warts)  ရော ပေါ်နေတယ်။ 2 years ရှိပြီး ကျွန်တော် ရည်းစာမှာ HPV ကို ၂၀၁၁ ခုနှစ်က ဖြစ်ဖူးတယ်။ သူကတော့ surgery လုပ်လိုက်ရတယ်။ ကောင်းသွားတယ်ပြောတယ်။ ကြားကာလမှာ non sex activity ပါ။ ယခုလည်းမရှိပါ။ ကျွန်တော် ရည်းစာနဲ့ တုန်းကလည်း oral sex and kissing လုပ်မိတယ်။ ကျွန်တော် သိတာကတော့ တပတ်ပဲ ရိုတယ်။ sign and sympon မရှိလို့ပါ။ ကျွန်တော် carrier ဖြစ်တယ်။ ကျွန်တော်ကြောင့် အများသူငှာကို ကူးစက်မှာ စိုးမိတယ်။ Treatment or dermatologist or STI doctor မည်သည့်နှင့် ကုသရမည်ကို ညွန်ပေးစေချင်ပါတယ်။

ဖြေ။    ။ HPV Human Papilloma Virus ဟာ HIV လိုပဲ ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် သူ့အတွက် အမြစ်ပြတ်အောင် မကုနိုင်ပါဘူး။ HPV ကူးစက်ခံရရင် အတော်များများက ချက်ချင်း လက္ခဏာ မပြတတ်ပါဘူး။ ခုခံအား ကျလာမှ ကြွက်နို့ပုံစံ အစေ့သေးသေးလေးတွေကနေ စပါတယ်။ အဲဒီ အစေ့သေးသေးလေးတွေကနေ အရည်ကြည်လေးတွေ ထွက်ပါတယ်။ အဲဒီအရည်ကြည်ထဲမှာ HPV ပိုးတွေ ပါနေပြီး သူတစ်ပါးကို ထိမိတာနဲ့ ကူးစက်နိုင်ပါတယ်။

ဒီတော့ ပါးစပ်နဲ့ လိင်ဆက်ဆံတာပဲ ဖြစ်ဖြစ်၊ စအိုနဲ့ ဆက်ဆံတာဖြစ်ဖြစ်၊ အမျိုးသမီး လိင်အင်္ဂါနဲ့ ဆက်ဆံတာဖြစ်ဖြစ်၊ သူငယ်ချင်း အချင်းချင်း အပြန်အလှန် ဟိုကိုင်ဒီကိုင် လုပ်တာပဲ ဖြစ်ဖြစ် အဲဒီ ကြွက်နို့လေးတွေက ထွက်တဲ့ အရည်ကြည်က နောက်တစ်ယောက်ကို ကူးတာပါပဲ။

ဒီကြွက်နို့တွေက ခုခံအားပြန်ကောင်းရင် ပျောက်သွားပြန်ပါတယ်။ ဒါပေမယ့် သွေးထဲမှာတော့ ထာဝရ ရှိသွားပြီ။ ခုခံအားကျရင် ပြန်ပေါ်မယ်။ အဲဒီကြွက်နို့သေးသေးလေးတွေက စုလာပြီး အလုံးကြီးကြီးတွေဖြစ်တယ်။ အလုံးတွေ ပေါင်ခြံမှာ၊ လိင်တံမှာ၊ စအိုဝမှာ၊ စအိုလမ်းကြောင်းမှာ၊ ပါးစပ်မှာ၊ လည်ချောင်းထဲမှာ စသဖြင့် ကြွက်နို့တွေက ပွားနိုင်ပါတယ်။

ဒီကြွက်နို့တွေကို ကုသတဲ့ အခါမှာ နည်းအမျိုးမျိုး ရှိပါတယ်။

၁) တို့ဆေးလို့ခေါ်တဲ့ Phodophylline ဆေးနဲ့တို့ပေးရင် ကြွက်နို့အသေးတွေဆို ကြွေကျသွားပါတယ်။ ဒီဆေးက မတို့တတ်ရင် ကောင်းတဲ့ အသားတွေ လောင်တတ်ပါတယ်။ ကောင်းတဲ့ အရေပြားတွေ အရောင်ပြောင်းတတ်ပါတယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့မှ ဒီဆေးကို သုံးသင့်ပါတယ်။

၂) ခွဲစိပ်ကုသခြင်း Surgery ဒါကတော့ ကြွက်နို့ပေါက်တဲ့ နေရာ၊ အကြီးအသေး အရွယ်ပေါ် မူတည်ပါတယ်။ ခွဲစိတ်တယ်ဆိုတာက Laser ရောင်ခြည်နဲ့ကုတယ်။ Diathermy ဆိုတဲ့ မီးရှို့တယ်။ စသဖြင့် ရှိပါတယ်။ ဒါကတော့ ခွဲစိပ် ပါရဂူတွေ အထူးကုတွေနဲ့ ပြသရမှာပါ။ လိင်အင်္ဂါကြွက်နို့အတွက် သောက်ဆေး မရှိသေးပါဘူး။

အခု အကြံပေးချင်တာတော့ -
၁) ကာလသားရောဂါ အထူးကုဆရာဝန် သို့မဟုတ် အရေပြားအထူးကုနဲ့ ပြသပါ။ တခြား ကာလသားရောဂါတွေကိုလည်း စစ်ဆေးစေချင်ပါတယ်။
၂) လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။ စအိုနဲ့ ဆက်ဆံမှ မဟုတ်ပါဘူး။ ပါးစပ်နဲ့ ဆက်ဆံလည်း ကွန်ဒုံးလိုပါတယ်။
၃) ကိုယ်ခံအားကောင်းအောင် အနေအထိုင်၊ အစားအသောက် သတိပြုပါ။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top