8
Jun

ILO တွင် HIV/AIDS အစီအစဉ် အတွက် ကူညီရေး ၀န်ထမ်းများ လိုအပ်

နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) သည် HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ အစီအစဉ်နှင့် ပူးပေါင်းကာ HIV/ AIDS ရောဂါဝေဒနာရှင်အား ရောဂါ ရှာဖွေရေး၊ နှစ်သိမ့်ဆွေးနွေးရေး၊ လျှို့ဝှက်ချက်အား ထိန်သိမ်း ထားပေးရေး လုပ်ငန်းများကို လုပ်ပေးနိုင်သော အကူအညီပေးရေး လုပ်အားပေး ငါးသန်းအား ၂၀၁၅ ခုနှစ် မတိုင်မီ ရရှိရေး အစီအစဉ်ကို ဇွန် ၆ ရက်က စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကူညီရေး အဖွဲ့ဝင်များသည် HIV ကူးစက်ခံရသူ လူနာများကို နှစ်သိမ့်ဆွေးနွေး ပညာပေးမှုမျာနှင့် လိုအပ်ပါက ဆေးဝါးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေး ရမည်ဟု အိုင်းအယ်လ်အိုက ပြောကြားခဲ့သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှ အလုပ်သမား ၀န်ကြီးဌာနများ၊ အလုပ် သမားများနှင့် အလုပ်သမား အဖွဲ့အစည်း များအား ခေါ်ယူ ပူးပေါင်းကာ လက်တွေ့ ကွင်းဆင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ အစီအစဉ်မှ ထုတ်ပြန်ချက်အရ လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ AIDS ရောဂါဝေဒနာရှင် ခုနစ်သန်းခန့်သည် ဆေးကုသခွင့် မရဖြစ်နေကြောင်း သိရသည်။

(ဆင်ဟွာ)

ခေတ်လူငယ် - ILO တွင် HIV/AIDS အစီအစဉ် အတွက် ကူညီရေး ၀န်ထမ်းများ လိုအပ် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top