1
Jul

(jun-09) ပို့ ကြည့်ပါ


 

အပတ်စဉ်ထုတ်
သတင်း စာစောင်များနဲ့ နေ့စဉ်ထုတ် သတင်းစာများမှာ လူအများ စိတ်ဝင် တစား ဖတ်ရှုလေ့ရှိကြတဲ့
အခန်းကဏ္ဍနောက် တစ်ခုက သတင်း ဆောင်းပါးများ ဖြစ်ပါတယ်။

သတင်းဆောင်းပါးဆိုတာ
သတင်းဖြစ်ပေါ်ချိန်ထက် နောက်ကျပြီး သတင်းစာ၊ ဂျာနယ်စာမျက် နှာတွေမှာ ဖော်ပြလေ့ ရှိပါတယ်။

သတင်းက
ဖြစ်စဉ်တစ်ခုကို ဖော်ပြခဲ့ပြီးတဲ့နောက် ဆောင်းပါးက နောက်ဆက်တွဲအဖြစ် အချက်အလက်၊ သမိုင်းကြောင်း၊
သုံးသပ်ချက်၊ သက်ဆိုင်သူများရဲ့ အမြင် အသီးသီး၊ ကိန်းဂဏန်း ဇယား၊ စသဖြင့် ဖြစ်စဉ် ကိုအထူးပြုပြီး
လိုအပ်တဲ့ အထောက်အထား အချက်အလက်တွေရဲ့ ပံ့ပိုးမှုနဲ့ ပြုစုရတာပါ။

သတင်းဆောင်းပါး
တစ်ပုဒ်ကို ပြုစုဖို့က သတင်း အကြောင်းအရာထက် သတင်းဆောင်းပါးကို ဘယ်လိုပုံ ဖော်မလဲဆိုတဲ့
စိတ်ကူးက ပို အရေးကြီးပါတယ်။ ကိုယ်ရေးမယ့်သတင်း ဆောင်းပါးက ကိုယ်လက်လှမ်းမီတဲ့ အတိုင်းအတာ
ထဲမှာရှိဖို့ အထူးသတိပြု စေချင်ပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပျံ့နှံ့နေတဲ့
HIV/AIDS အကြောင်း သတင်းဆောင်းပါး တစ်ပုဒ်ရေး မယ်ဆိုရင် အကြောင်းအရာက သိပ်ကြီးနေတတ်
ပါတယ်။

ကိုယ်လက်လှမ်း
မမီနိုင်တဲ့အထိ ကျယ် ဝန်းနိုင်ပါတယ်။ မြို့နယ် တစ်ခုအတွင်းမှာပင် လူ ဘယ်နှယောက် ဒီဝေဒနာ
ခံစားနေရသလဲ ကိုယ် မသိနိုင်ပါ။ ဘယ်ရွေ့ဘယ်မျှ ကူးစက် ပျံ့နှံ့သလဲ ကိုယ် မပြောနိုင်ပါ။
ဝေဒနာရှင် များအတွက် ပံ့ပိုးမှု၊ ကူညီမှု အစရှိသဖြင့် အချက်အလက်၊ အထောက်အထား လွယ်လွယ်ကူကူ
မရနိုင်ပါ။

ဒါကြောင့်မို့
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပျံ့နှံ့နေတဲ့ HIV/AIDS ဝေဒနာအကြောင်း ရေးမယ်ဆိုရင် ကိုယ်လေ့
လာရမယ့်နယ်ပယ်က ကျယ်ဝန်းလှပါတယ်။ ဒါကြောင့်မို့ နယ်ပယ်ချုံ့ဖို့ ကိုယ်က ရွေးချယ်ဆုံး
ဖြတ်ရပါမယ်။ ကိုယ်က အပတ်စဉ်ထုတ် သတင်းစာစောင်များနဲ့ နေ့ စဉ်ထုတ် သတင်းစာများမှာ လူအများ
စိတ်ဝင်တစား ဖတ်ရှုလေ့ရှိကြတဲ့ အခန်းကဏ္ဍနောက် တစ်ခုက သတင်း ဆောင်းပါးများ ဖြစ်ပါတယ်။

သတင်းဆောင်းပါးဆိုတာ
သတင်းဖြစ်ပေါ်ချိန် ထက် နောက်ကျပြီး သတင်းစာ၊ ဂျာနယ်စာမျက် နှာတွေမှာ ဖော်ပြလေ့ရှိပါတယ်။
သတင်းက ဖြစ် စဉ်တစ်ခုကို ဖော်ပြခဲ့ပြီးတဲ့နောက် ဆောင်းပါးက နောက်ဆက်တွဲအဖြစ် အချက်အလက်၊
သမိုင်း ကြောင်း၊ သုံးသပ်ချက်၊ သက်ဆိုင်သူများရဲ့အမြင် အသီးသီး၊ ကိန်းဂဏန်းဇယား၊ စသဖြင့်
ဖြစ်စဉ် ကိုအထူးပြုပြီး လိုအပ်တဲ့အထောက်အထား အချက်အလက်တွေရဲ့ပံ့ပိုးမှုနဲ့ ပြုစုရတာပါ။

သတင်းဆောင်းပါးတစ်ပုဒ်ကိုပြုစုဖို့က
သတင်းအကြောင်းအရာထက် သတင်းဆောင်း ပါးကို ဘယ်လိုပုံဖော်မလဲဆိုတဲ့စိတ်ကူးက ပို အရေးကြီးပါတယ်။
ကိုယ်ရေးမယ့်သတင်း ဆောင်းပါးက ကိုယ်လက်လှမ်းမီတဲ့ အတိုင်း အတာထဲမှာရှိဖို့ အထူးသတိပြုစေချင်ပါတယ်။
ဥပမာ မြန်မာနိုင်ငံမှာဖြစ်ပေါ်ပျံ့နှံ့နေတဲ့ HIV/AIDS အကြောင်း သတင်းဆောင်းပါးတစ်ပုဒ်ရေး
မယ်ဆိုရင် အကြောင်းအရာက သိပ်ကြီးနေတတ် ပါတယ်။

 ကိုယ်လက်လှမ်း
မမီနိုင်တဲ့အထိ ကျယ်ဝန်းနိုင်ပါတယ်။ မြို့နယ် တစ်ခုအတွင်းမှာပင် လူ ဘယ်နှစ်ယောက် ဒီဝေဒနာ
ခံစားနေရသလဲ ကိုယ်မသိနိုင်ပါ။ ဘယ်ရွေ့ဘယ်မျှ ကူးစက်ပျံ့နှံ့သလဲ ကိုယ် မပြောနိုင်ပါ။
ဝေဒနာရှင်များအတွက် ပံ့ပိုးမှု၊ ကူညီမှု အစရှိသဖြင့် အချက်အလက်၊ အထောက်အထား လွယ်လွယ်ကူကူ
မရနိုင်ပါ။

ဒါကြောင့်မို့
မြန်မာနိုင်ငံမှာ ဖြစ်ပေါ် ပျံ့နှံ့နေတဲ့ HIV/AIDS ဝေဒနာအကြောင်း ရေးမယ်ဆိုရင် ကိုယ်လေ့လာရမယ့်
နယ်ပယ်က ကျယ်ဝန်း လှပါတယ်။ ဒါကြောင့်မို့ နယ်ပယ်ချုံ့ဖို့ ကိုယ်က ရွေးချယ်ဆုံး ဖြတ်ရပါမယ်။
ကိုယ်က HIV/AIDS အကြောင်း သတင်းဆောင်းပါးကိုပဲ ရေးဖို့ ဆုံးဖြတ်ပြီးပြီ ဆိုရင် ကိုယ်လက်လှမ်း
မီနိုင်မယ့် နယ်ပယ်အထိ မြင်ကွင်းကို ချုံ့ဖို့ လိုအပ်ပါတယ်။ ဥပမာ MPG လို မြန်မာနိုင်ငံမှာရှိတဲ့
HIV Positive Group လို အစုအဖွဲ့ လေးတွေနဲ့ တွေ့ပြီး အချက်အလက် ဖြည့်ဆည်းရမှာ ဖြစ်ပါတယ်။

အလားတူ
Care Myanmar, Marie Stope International အစရှိတဲ့ အဖွဲ့အစည်းများကို ချဉ်းကပ် ရမှာဖြစ်ပါတယ်။
ဒီလို နည်းမျိုးစုံနဲ့ သတင်းနယ်ပယ်ကိုချုံ့ပြီး ကိုယ်ရေးလိုတဲ့ HIV/AIDS သတင်းဆောင်းပါးကို
ရေးနိုင်ပါတယ်။ ဥပမာ HIV/AIDS ဝေဒနာရှင်များရဲ့ ဆုတောင်းပွဲ သတင်းတစ်ပုဒ် ဖော်ပြပြီးတဲ့နောက်
အဲဒီအစုအဖွဲ့များရဲ့ ရပ်တည်ပုံ၊ စုစည်းပုံ၊ အချင်းချင်း ရိုင်းပင်းပံ့ပိုးပုံ အစရှိသဖြင့်
သတင်းဆောင်းပါး တစ်ပုဒ်ကို ဖန်တီးရေးသား နိုင်ပါတယ်။

သတင်းဆောင်းပါး
ဆိုတာက ရေရာတိကျတဲ့ စိတ်ကူးကောင်းများ ရှိမှသာ ဖော်ထုတ် ရေးသားနိုင်ပါတယ်။ အကြောင်းအရာ
Topic နဲ့ စိတ်ကူး Idea တို့ဟာ ကွာခြားပါတယ်။ အကြောင်းအရာ Topic ဆိုတာက သတင်းတစ် ပုဒ်ရဲ့
ကျောရိုးဇာတ်လမ်း Theme ဖြစ်ပါတယ်။ သတင်း ဆိုတာကလည်း အကြောင်းအရာ တစ်ခုကို ရေးသားထားခြင်းပဲ
ဖြစ်ပါတယ်။

အဲဒီအကြောင်းအရာကို
စိတ်ကူးကောင်းကောင်းနဲ့ တင်ပြတတ်ရင် သတင်းဆောင်းပါး တစ်ပုဒ်ဖြစ်ပါတယ်။ အထူး သတိပြုစေချင်တာက
သတင်းရေး သမားဟာ အခြားစာ ရေးသားမှုများနဲ့ မတူဘူး ဆိုတာပါ။ ဘယ်လို မတူတာလဲဆိုတာ သတိပြုမိစေဖို့
အောက်မှာ ထပ်ပြီး ဖော်ပြ လိုက်ပါတယ်။

သတင်းဆိုသည်မှာ

-
မှန်ကန် တိကျရမယ်။

-
လို-တို-ရှင်း ရေးနိုင်ရပါမယ်။ မလိုအပ်တဲ့ အပိုစကားလုံးတွေ မပါစေရပါ။

-
စာဖတ်သူ ရှင်းလင်း နားလည်မှုရှိရမယ်။ သတင်းကို ဖတ်ပြီးတာနဲ့ ဘာပြောတာလဲ ဆိုတာကို စာဖတ်သူ
နားလည် စေရမယ်။

-
သတင်းတစ်ပုဒ်ကို သတင်းသမား ကိုယ်တိုင်က အသေအချာ နားလည် သဘောပေါက်ပြီးမှ ရေးရမယ်။

-စာဖတ်သူ
လက်လှမ်းမမီတဲ့ သတင်း အချက်အလက်တွေကို အထောက်အထား အခိုင်အမာနဲ့ ရေးနိုင်ရပါမယ်။ သတင်း
ဇာစ်မြစ်ကိုလည်း ပြောနိုင် ရပါမယ်။

-
မယုံကြည်လောက်တဲ့ သတင်းရင်းမြစ်များရဲ့သတင်းများကို ဖော်ပြလေ့မရှိ။

-
သတင်းသမားဟာ သူ့ရဲ့ ထင်မြင်ချက်ကို သတင်းမှာ ထည့်သွင်းရေး သားလေ့မရှိ။ သတင်းပေးသူများရဲ့
အမြင်များကိုသာ ထည့်သွင်းဖော်ပြ တတ်ပါတယ်။ အဲဒီလို ဖော်ပြရာမှာလည်း ဘယ်သူ ဘယ်ဝါရဲ့
အမြင်၊ ပြောဆိုချက်အဖြစ် ရှင်းရှင်းလင်းလင်း ဖော်ပြရပါတယ်။

-
သတင်းတစ်ပုဒ်ကို ဘက်ပေါင်းစုံမှ ရေးသားဖော်ပြတဲ့ အတွက် မျှတမှုရှိပြီး ဟန်ချက်ညီရတယ်။

-
အရေးအကြီးဆုံးကတော့ သတင်းသမားဆိုတာ မှန်တာကိုပဲ ပြောတယ်၊ မှန်တာကိုပဲ ရေးပါတယ်။

ဒါလောက်ဆိုရင်
သတင်းဆောင်းပါးတစ်ပုဒ် ရေးကြည့်နိုင်ဖို့ စိတ်ကူး စိတ်သန်းလေးတွေ ပေါ်လောက်မယ် ထင်ပါတယ်။

ရေးကြည့်ပါ။
ပို့ကြည့်ပါ။ အားလုံးကိုကြိုဆိုပါတယ်။

အယ်ဒီတာ



Saturday, 06 June 2009 14:12



ရွှေအမြုတေ - (jun-09)
ပို့ ကြည့်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top