နိုင်ငံတစ်ခုကို
ရောက်နေတဲ့ (ဘလော့ဂ်) ကိုလည်းဖတ်တဲ့၊ ရောဂါတစ်ခုခုလည်းရှိနေတဲ့ မြန်မာအမျိုးသားတစ်ဦးရဲ့ အမေးကို ဒီလို ဖြေလိုက်ပါတယ်။
၁။
ကျားလိင်တံမှာ တစ်ခုမက အစုလိုက်နာတဲ့ အနာဆိုရင် genital herpes ရေယုံ
ဖြစ်နိုင်ပါတယ်။ လိင်တံများသာမက စအိုနဲ့တင်ပါး တစ်ဝိုက်မှာလဲ ပေါက်တတ်ပါတယ်။
ဖြစ်ဖြစ်ချင်း တချို့မှာ ကိုယ်နည်းနည်း ပူတတ်တယ်။ များသောအားဖြင့် STI
လိင်လမ်းကြောင်း ကတစ်ဆင့် ကူးစက်ရောဂါ တစ်မျိုး ဖြစ်တယ်။ ယောက်ျားတွေမှာ
အဖြစ်များပေမဲ့ အမျိုးသမီးတွေမှာလဲ ဖြစ်နိုင်တယ်။
ရေယုံဟာ
ဗိုင်းရပ်စ်ကြောင့် ဖြစ်တာမို့ အတိအကျ ပြောရရင် ဆေးမနိုင်ပါ။ ကုသတာရဲ့
ရည်မှန်းချက်ဟာ အနေရအထိုင်ရ သက်သာအောင်၊ ဆက်မပွါးအောင်၊ သူများကို မကူးအောင် လုပ်ဖို့ပါ။
သန့်ရှင်းရေးလုပ်တာ ကောင်းတယ်။ အဝတ်အစား ဝတ်တာတာင် cotton underwear ကောင်းတယ်။
ဖြစ်နေချိန်မှာ အတူနေတာ (လိင်ဆက်ဆံတာ) ကို ရှောင်ပါ။
Acyclovir
(Zovirax), famciclovir (Famvir), or valacyclovir (Valtrex) တွေဟာ ဗိုင်းရပ်စ်
ဆေးတွေပါ။ နာတယ်ဆိုရင် အနာ သက်သာဆေးတွေ ibuprofen (Advil) or acetaminophen
(Tylenol) သောက်ရပါမယ်။ သဘာဝ ဆေးနည်း တွေထဲမှာ Red Marine Algae, Vir-L-Lysine,
Choraphor, Aviralex, Aeura, H-Balm တွေပါတယ်။ Acyclovir က ဆေးပြား၊ ဆေးတောင့်၊
ဆေးရည်ရှိတယ်။ တစ်နေ့ကို ၂-၅ ကြိမ်နဲ့ ၅-၁၀ ရက် သောက်ရတယ်။ လိင်လမ်းမှာ
ဖြစ်တာမျိုးကိုတော့ ၁ နှစ် အထိ ပေးရတာလဲ ရှိတယ်။
၂။
အနာက မုံလာပွင့်လို သဏ္ဍာန်ဆိုရင် `ကြွက်နို့ ဖြစ်မယ်။ နောက်ဆက်တွဲ ပိုး ထပ်ဝင်တာ
မရှိသ၍ မနာပါ။ နည်းနည်းယားတာ ပူတာမျိုး ရှိတတ်ပါတယ်။ အရည် ထွက်တာမျိုးလဲ
ရှိနိုင်တယ်။ ကြွက်နို့ ကုဖို့ သတ်သတ် ရေးထားပါတယ်။
၃။
ကျားလိင်တံမှာ တစ်ခုတည်းသော အနာ (အဖု) ဆိုရင် syphilis ဖြစ်နိုင်ပါတယ်။ မနာတဲ့
အနာကို chancre လို့ ခေါ်ပါတယ်။ ဒီအနာနဲ့ တွဲပြီး ပေါင်ခြံမှာ အကြိတ် ထွက်လာပါမယ်။
ဒီအနာ၊ အကြိတ်တွေက ၃-၆ ပါတ်လောက်နေလို့ သူ့အလိုလို ပျောက်သွားတာဟာ ပိုးကင်းသွားတာ
မဟုတ်ပါ။ သွေးစစ်ရင် VDRL ဆိုတာလုပ်ရလို့ + ဖြစ်ရင် syphilis ရှိတယ်လို့ ခေါ်တယ်။
Syphilis
ကို ဘာလက္ခဏာမှ မပေါ်ဘဲ သွေးစစ်လို့ ရှိနေရင်လဲ တာရှည်ခံ (ပင်နစလင်) ထိုးဆေး
Benzathine penicillin G ကို တစ်ခါထိုးရင် ၂့၎ ယူနစ် တစ်ပါတ် တစ်ခါ၊ ပေါင်း ၃ ခါ
ထိုး ရတယ်။
၎။
ကျားလိင်တံမှာ တစ်ခုမက ပန်းရောင်နဲ့ အရေပြားပေါ် ခပ်ဖေါင်းဖေါင်းလေး ဖြစ်တာမျိုးက
molluscum contagiosum ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့်
မနာပါ။ တစ်ခါတစ်လေ နာပြီး၊ ယားသလို ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ဆေးတွေကို အားကိုးပါ။
၅။
ကျားလိင်တံမှာ အနာတွေက တစ်ခုမကလဲရှိ နာလဲနာ၊ ပေါင်ခြံမှာလဲ အကြိတ်ရှိတာ ဆိုရင်
chancroid လို့ ခေါ်တယ်။ ၁ လက္မရဲ့ ရှစ်ပုံ ၁ ပုံကနေ ၂ လက္မထိ ရှိနိုင်တယ်။
နှုတ်ခမ်းသား တိတိကျကျ ရှိတယ်။ ညီညီညာညာ မဟုတ်ဘူး။ ထိရင်၊ လှုပ်ရင် သွေးထွက်
နိုင်တယ်။ မီးခိုးရောင် ဒါမှမဟုတ် ခပ်ဝါဝါနေမယ်။ ပဋိဇီဝဆေး azithromycin,
ceftriaxone, ciprofloxacin, and erythromycin တွေက နိုင်တယ်။ ပေါင်ခြံ အကြိတ်က
လိုအပ်ရင် ခွဲစိတ်ရပါမယ်။
၆။
ကျားလိင်တံမှာ ခပ်မဲမဲ အကွက်ကို သာမန် မျက်စိနဲ့ မမြင်ရသလောက် ရှိတာမျိုးက
ရှာရှားပါးပါး crabs ခေါ်တာ ဖြစ်နိုင်တယ်။ အမွှေးတွေမှာ ဥတွေရှိနေပါမယ်။ သူ့ကိုကျ
မြင်ရတယ်။
၇။
ကျားလိင်တံမှာ အတော်ယားတဲ့ ခပ်နီနီ အနာတွေဟာ scabies ယားနာပါ။ ဆေးတွေကတော့
Permethrin, crotamiton နဲ့ Benzyl benzoate ဖြစ်ပါတယ်။
ဂ။
ပေါင်ခြံမှာ တခြား နေရာတွေမှာ ပေါက်တာမျိုး (ဗက်တီးရီးယား)ကြောင့် ဖြစ်တဲ့ ရိုးရိုး
ပြည်တည်နာတွေ (abscesses) လဲ ပေါက်နိုင်တယ်။ ပဋိဇီဝဆေးတွေက နိုင်ပါတယ်။
၉။
လိင်တံ ကင်ဆာ Cancer – penis အမှန်ပြောရရင် ဘယ်နေရာမှာ ဖြစ်တဲ့ ကင်ဆာဖြစ်ဖြစ်
ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ ကနေ့ အထိ မသိသေးပါ။
လိင်တံကို
ဖုံးတဲ့ အရေပြားအောက်မှာ အနံ့ဆိုးဆိုး၊ ခပ်ပြစ်ပြစ် အညစ်အကြေးတွေ ရှိနေရင် ကင်ဆာ
ဖြစ်စေတတ်တယ်။ တစ်ချိန်က ကြွက်နို့ ဖြစ်ဖူးသူ၊ လိင်တံ အရေပြားကို ငုံနေပါလျက်
မလှီးဖြတ်ထားသူ၊ သန့်ရှင်းရေး နည်းသူတွေဟာလဲ ကင်ဆာ ဖြစ်စေတတ်တယ်။
အနာ
လိုလို အလုံး လိုလို အကြိတ်အခဲလိုလို စ ဖြစ်တာပါ။ `ကြွက်နို့နဲ့လဲ တူတယ်။
မုံလာပွင့်လို နေတယ်။ ဖြစ်ရင် မနာတာက များတယ်။ နောက်ကျမှ သွေးထွက်တာ၊ နာတာတွေ
ဖြစ်လာတယ်။ လိင်တံရဲ့ ထိပ်ပိုင်းမှာ အဖြစ် အများဆုံးပါ။
သေချာအောင်
အသားစ ဖြတ်ယူ စစ်ဆေးနည်း biopsy လုပ်ရမယ်။ ကုသနည်းမှာ Chemotherapy ဆေးပေးတာ၊
Radiation ဓါတ်ကင်တာ၊ Surgery ခွဲစိတ် ကုသတာတွေ ပါတယ်။
(အသုံးအနှုန်း
ရိုင်းတာလေးများ ပါသွားရင် ကန်တော့ပါဗျာ။)
ဒေါက်တာတင့်ဆွေ
၁၉-၈-၀၉
Public
Health in Myanmar -
Lesions on penis ကျားလိင်တံ အနာများ




