Here is a FB posting from Lift.
Jamie
***************
"လက်ဆေးမယ် ကဗျာ"ကို သင်တန်းကနေ သူ လေ့လာခဲ့ရတာပါ။ "ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်ရ။ ကုတ်၍ခြစ်ပါ လက္ခဏာ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ။" မနွယ်တစ်ယောက် ကဗျာလေးကို ရွတ်ရင်း ကလေးတွေ ထမင်းမကျွေးခင်အချိန်လေးမှာ သူ့လက်တွေကို သေသေချာချာလေး ဆေးကြောသန့်စင်နေပါတယ်။
မနွယ်အနေနဲ့ LIFT မိတ်ဖက်အဖွဲ့တွေက တဆင့် ပို့ချပေးနေတဲ့ သင်တန်းက "ရက်တစ်ထောင်" ရဲ့ အရေးပါတဲ့အကြောင်းကို သိခဲ့ရတုန်းက ဟုတ်နိုင်ပါ့မလားဆိုတဲ့ သံသယစိတ် ရှိနေခဲ့မိတာပါ။ ကလေးတွေကို ကျွေးမွေးရတာများ ဘာထူးပြီး သိရမှာမို့လဲဆိုပြီး ခံစားခဲ့ရပေမဲ့လည်း သင်တန်းအစီအစဉ်အတွက်တော့ စာရင်းသွင်းခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့ရဲ့ လသားအရွယ်လေးကို အကြီးလေးတွေတုန်းကလိုပဲ အမေနို့နဲ့အတူ၊ အခြား အစားအသောက်တွေရောပြီး ကျွေးမွေးနေခဲ့တာပါ။ ကလေးရဲ့ခေါင်းအောက်မှာ အမေလက်ကို ထားတာမျိုးထက် အမေရဲ့ တံတောင်ကွေးနဲ့ ထိန်းထားပြီး ပုံစံတကျ နို့ချိုတိုက်ကျွေးတဲ့ အနေအထားအမှန်ကို စပြီး သင်ယူလိုက်ရတဲ့အချိန်မှာတော့ သူ အံအားသင့်မိသလို ဝမ်းသာမိပါတယ်။ ကလေးအသက် ၆လအထိ မိခင်နို့ပဲ တိုက်ကျွေးရမယ်ဆိုတာ သိရှိခဲ့ရသလို ဖြည့်စွက်စာကျွေးတဲ့အချိန်မှာလည်း အစာအုပ်စု လေးစု ပါအောင် ကျွေးဖြစ်ပါတယ်။
"ကလေးကို နို့မှုန့်ဖျော်တိုက်တာရဲ့ ဘေးထွက်ဆိုးကျိုးတွေ သိလာရသလို မိခင်နို့တိုက်ခြင်းရဲ့ ကောင်းကျိုးတွေကိုလည်း ကျွန်မလေ့လာခဲ့ရပါတယ်။ မိခင်နို့တိုက်တာ နဲ့ မတိုက်တာနဲ့မှာ ကလေးဖွံ့ဖြိုးမှုအပိုင်းမှာ ကွာခြားမှုတွေရှိပါတယ်" လို့ မနွယ်က ပြန်ပြောပြပါတယ်။
အသားတို့၊ ဟင်းသီးဟင်းရွက်တို့ကို မလှီးမဖြတ်ခင် ဘယ်လို ဆေးရမယ်ဆိုတာကို သိခဲ့ရသလို အာဟာရဖြည့် အားဖြည့်ဆန်ကို စားရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကိုလည်း သိရှိခဲ့ရပါတယ်။
သင်တန်းရဲ့ တစိတ်တပိုင်း ပံ့ပိုးမှုအနေနဲ့ အားဖြည့်ဆန်၊ ဆီ၊ ကိုဗစ်နိုင်တင်းအတွက် တကိုယ်ရေ အကာအကွယ်ပစ္စည်းတွေနဲ့ မိခင်နို့တိုက်ကျွေးမှုနဲ့ ပတ်သက်တဲ့ အသိပညာပေးပစ္စည်းတွေကို LIFT မိတ်ဖက်အဖွဲ့တွေက ပေးအပ်ခဲ့ပါတယ်။
............
Reciting a ‘handwashing’ poem she learned at the training, "Broken Palms, no thumbs left, scratch marks and finish on the wrist", Ma Nwe thoroughly washes her hand before feeding her children.
Ma Nwe was skeptical at first about the value of the “1000 days” training offered LIFT’s partners. She felt that she had nothing new to learn about feeding babies, but decided to enroll into the programme. At the time, she was feeding her new infant a mix of breastmilk and other liquids and foods the way she had with her elder children. She was pleasantly surprised by what she learned including a correct breast feeding positions by putting baby in mother’s elbow instead of putting hand under baby’s head. She also learnt to breastfeed until her infant is 6 months old and start complementary feeding with 4-star foods.
“I learned about the side effects of bottle-feeding, benefits of breastfeeding and the difference in growth potential between a breastfed and a non-breastfed baby,” recalled Ma Nwe.
She also learnt how to wash and clean meats and vegetables before cutting and what benefits brings the use of Fortified Rice.
As part of training, LIFT’s partners provided the participants with incentives including fortified rice, cooking oil, PPEs and information materials on breastfeeding.
https://www.facebook.com/liftfund/posts/pfbid02QWhcWJKH1YLa7rL7BB6QiiYmRhKEGkvXhzT1eZYUPS51wM9edpyQZz5VthzqQuPCl




