18
Jun

MANA ဘာလုပ်နေလဲ - အပိုင်း(၁)

MANA ဆိုသည်မှာ Myanmar Anti Narcotics Association ၏  အင်္ဂလိပ်လို အတိုကောက်ကို ဆိုလိုပါသည်။ မြန်မာလို မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းဖြစ်သည်။

အသင်းကို မည်သည့် မျှော်မှန်းချက်ဖြင့် မည်သည့်နေ့တွင် စတင် ဖွဲ့စည်းခဲ့သနည်း ဆိုသော် ၁၉၉၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ အသင်းအဖွဲ့ မှတ်ပုံတင် အမှတ်မှာ ၁၇၇၀ ဖြစ်၍ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်မှ စတင်ခဲ့ပြီး အစိုးရမဟုတ်သော လူမှုရေး အသင်းအဖွဲ့ အဖြစ် ပြည်ထဲရေး ၀န်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သင်းဖွဲ့မှတ်ပုံတင် ဌာနခွဲက တရားဝင် ခွင့်ပြုခဲ့ပြီးဖြစ်သည်။

အသင်းကြီး၏ မျှော်မှန်းချက်မှာ Myanmar Drug Free Society  မူးယစ် ဆေးဝါး ကင်းစင်သည့် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းဖြစ်သည်။ အသင်းကြီး အနေဖြင့် စတင်တည်ထောင်စဉ် ကတည်းက မူးယစ်ဆေးဝါး သုံးစွဲမူ လျော့ချရေးနှင့် မူးယစ် ဆေးဝါး အလွဲသုံးမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ခုခံအား ကျဆင်း မှုရောဂါ HIV/AIDS အန္ဒရာယ် လျော့ချရေးကို ဆောင်ရွက်ရန် ဦးတည်သည်။ ထို့ကြောင့် ၂၀၁၁ ခုနှစ်မှစ၍ မျှော်မှန်းချက်ကို Myanmar is a Drug Free Society and Healthy Nation ကျန်းမာကြံ့ခိုင်၍ မူးယစ် ကင်းစင်သော လူ့ဘောင်အဖွဲ့အစည်း ဖြစ်လာစေရန် ဟူ၍  မူးယစ်ဆေးဝါး သုံးစွဲမှုကို သာမက မူးယစ်ဆေးဝါးနှင့် ဆက်နွယ်ဖြစ်ပေါ်လာနိုင်သည့် မည်သည့် ကျန်းမာရေး ပြဿနာကိုမဆို လုပ်ဆောင်ရန် အဓိပ္မါယ် ဖွင့်ဆိုခဲ့ပါသည်။

သို့ဖြစ်၍ Capacity Building Activities (စွမ်းရည်မြှင့်တင်ပေးခြင်း) ကဏ္ဍ၌  Awareness raising Activities : Information, Education, Communication Activities : Advocacy Sessions with Collaboration efforts (အသိပညာမြှင့်တင် ပေးခြင်း၊ သတင်းပြန်ကြား ဆက်သွယ်ရေးလုပ်ငန်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ထောက်ခံပြောဆိုခြင်း) အပြင်    Community   Education  and  &   Mobilization Activities through organizing and developing different Training Series (အမျိုးမျိုးသော သင်တန်းများ စုစည်းဆောင်ရွက်ခြင်းများတွင် လူထု အခြေပြုလုပ်ငန်းများနှင့် စည်းရုံး လှုံ့ဆော် ပညာပေးခြင်း လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်ခြင်း)တို့ ဖြစ်သည်။

MANA  အသင်း၏ အဓိက လုပ်ဆောင်ရန် ဦးတည်ချက်များမှာ Activities related to Demand Reduction and Harm Reduction Intervention along with HIV Prevention and Care (မူးယစ်ဆေး သုံးစွဲမှု လျော့နည်း ပပျောက်ရေးနှင့် အန္တရာယ် လျော့ချရေး လုပ်ငန်းစဉ်များအား ကြည့်ရှုစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်များ ဖြင့် ဆောင်ရွက်ခြင်း) အပြင် Integrated Health & Development Activities through different sectors like health, education social welfare, etc. (ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေုးလုပ်ငန်းများ ဆောင်ရွက်ခြင်း)နှင့် Community based Innovative Initiatives (လူမှုအခြေပြု အစပျိုး လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း) တို့ ဖြစ်ပါသည်။

(ဦးစောငွေ)
MANA (ဗဟို) အတွင်းရေးမှူး

MANA - MANA ဘာလုပ်နေလဲ - အပိုင်း(၁) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top