ပြည်တွင်းပြည်ပမှ အလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ခုခံအားကျဆင်းမှု ရောဂါ ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် မူးယစ်ဆေးဝါး သုံးစွဲမှုလျော့ချရေးနှင့် အန္တရာယ်လျော့ချရေး လုပ်ငန်းစဉ်များကို စီမံကိန်းများ ချမှတ်ကာ အန္တရာယ် အများဆုံး ရှိနိုင်သည့် နေရာဒေသများကို စီစစ်ရွေးချယ်ကာ ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၃ ခုနှစ်အတွင်း တစ်ဆက်တည်း ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်း တစ်ရပ်မှာ Global Fund Round (9) ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ် တားဆီးရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲသူများ၊ မိမိကိုယ်ကို ရင်းနှီး၍ စီးပွားရှာစားသော လိင်လုပ်သားများ၊ လိင်တူလိင်ကွဲ အကာအကွယ်မဲ့ ဆက်ဆံသူများနှင့် ၄င်းတို့၏ မိသားစုများ၊ အပေါင်းအသင်း များကို ယုံကြည်မှု ရရှိစေရန် ပြောဆိုစည်းရုံးပြီး ၄င်းတို့၏ ကျန်းမာရေး စောင့်ရှောက်မှုအပြင် မိမိတို့ ဘ၀ ရှင်သန် ရပ်တည်နိုင်ရေး အတွက် အထောက်အကူပြုပေးလျက် ရှိပါသည်။
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ 3 Diseases Fund Project ရပ်နားပြီး ၂၀၁၃ ခုနှစ်မှ စတင်ပြီး အဆိုပါ စီမံချက်နေရာများ အပါအ၀င် လိုအပ်သောနေရာများကို ထပ်မံတိုးချဲ့ပြီး 3 Millinium Development Goal (3 MDG) Project ကို 3 DF Project ဆောင်ရွက်ခဲ့သော ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ပေါင်နှင့် နောင်မွန်ကျေးရွာ (၂) ရွာ၊ ကျောက်မဲမြို့ကို အသစ်တိုးချဲ့ပြီး မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်နှင့် စုစုပေါင်း နေရာ(၄) နေရာတွင် Drop in Centre (DIC) ရိပ်မွန် ဖွင့်လှစ်၍ HIV ကာကွယ်ရေး လုပ်ငန်းများ ဆက်လက်၍ အကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိပါသည်။
ကမ္ဘာ့ လူဦးရေ ရန်ပုံငွေအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကျန်းမာရေး ဦးစီးဌာနနှင့် လက်တွဲကာ HIV ရောဂါပိုး ကာကွယ် တားဆီးရေးနှင့် Condom သုံးစွဲမှု ပညာပေး လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်၊ လသာ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်နှင့် မြောက်ဥက္ကလာပတို့တွင် လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ချမ်းမြသာစည်မြို့နယ်နှင့် ချမ်းအေးသာဇံမြို့နယ်များတွင် ၂၀၁၃ ခုနှစ်မှ စတင်၍ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖေါ်လျက် ရှိပါသည်။ ချမ်းမြသာစည် နှင့် မင်္ဂလာတောင်ညွန့် မြို့နယ်များတွင် Clinic ရိပ်မွန်များ ဖွင့်လှစ်၍လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တို့တွင် Field Office များ ဖွင့်လှစ်၍ STI, OI, Birth Spacing & Referral Linkage for ART & PMCT စသည်တို့ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။
၂၀၁၃ ခုနှစ်၊ ဇူလိုင်လကုန် အထိ MANA-UNICEF Project မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ မန္တလေးတိုင်း ဒေသကြီး မြင်းခြံ၊ ကရင်ပြည်နယ် ဘားအံနှင့် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်တို့တွင် စီမံကိန်း လုပ်ငန်းအဖွဲ့ ဖွဲ့စည်းကာ မျိုးဆက်ပွားနိုင်သည့် အမျိုးသမီးများနှင့် အမျိုးသားများအတွင်း HIV ပိုး ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း ကို ဆောင်ရွက်လျက် ရှိကြောင်းနှင့် ရှေ့ဆက်လက်၍လည်း စီမံကိန်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းလျက်ရှိပါသည်။
ဦးစောငွေ
MANA (ဗဟို) ဒု-ဥက္ကဌ
MANA - MANA ဘာလုပ်နေလဲ အပိုင်း (၁၀)




