20
Jun

MANA ဘာလုပ်နေသလဲ - အပိုင်း(၂)

မူးယစ်ဆေးဝါး ဆိုသည်မှာ မည်သည့်ဆေးဝါးမဆို သုံးစွဲလိုက်ပါက ဦးနှောက်နှင့် အာရုံကြောကို ထိခိုက် ထုံထိုင်းစေခြင်း၊ မူးယစ်စေခြင်း၊ ကိုယ်ခန္ဓာကို တစ်နည်းနည်းဖြင့် အန္တရာယ်ဖြစ်စေခြင်း၊ အဆိုပါ ဆေးဝါးအပေါ် စိတ်ရော ကိုယ်ပါ စွဲလမ်းမှု ဖြစ်ပေါ်ပြီး ဆက်လက်၍ မသုံးစွဲဘဲ မနေနိုင်အောင် ဖန်တီးတတ်သော ဆေးဝါးဖြစ်သည်။

MANA အသင်း၏ အဓိက လုပ်ဆောင်မည့် မူးယစ်ဆေးဝါး သုံးစွဲမူ လျော့ချရေး (Drug Demand Reduction) နှင့် မူးယစ်ဆေးဝါး အလွဲသုံးမှုကြောင့် ဆက်နွယ် ဖြစ်ပေါ်လာမည့် ခုခံအား ကျဆင်းမှုရောဂါ HIV/AIDS အန္ဒရာယ်လျော့ ချရေးတို့ ဖြစ်ပါ သည်။

ထိုလုပ်ငန်းစဉ် နှစ်ရပ်အနက် မူးယစ်ဆေးဝါး သုံးစွဲမူ လျော့ချရေး (Drug Demand Reduction) ကို ဆောင်ရွက်ရာ၌ (Primary Prevention) ကနဦး အခြေခံ အဆင့် ကာကွယ်ရေး (Secondary Prevention) ဒုတိယ အဆင့် ကာကွယ်ရေးနှင့်  (Tertiary Prevention) တတိယအဆင့် ကာကွယ်ရေး စသဖြင့် အဆင့်သုံးဆင့်ဖြင့် စည်းရုံးပညာပေးကာ အကောင်အထည်ဖေါ် ဆောင်ရွက်ရသည်။

ကနဦး အခြေခံ ပထမအဆင့် ကာကွယ်ရေး လုပ်ငန်းကို ကျောင်းသူကျောင်းသား များနှင့် လူငယ် လူရွယ်များကို အဓိက ဦးတည်၍ ပြည်သူလူထုအတွင်း မူးယစ်ဆေးဝါး သုံးစွဲခြင်း လုံးဝမရှိသေးသော သူတို့အား မူးယစ်ဆေးဝါး၏ ဆိုးကျိုး အန္တရာယ်ကို အသိပညာပေးခြင်း၊ လူငယ်တို့ သဘာဝအရ စူးစမ်းလိုစိတ်ကို အသိဥာဏ်ပညာ သတိ ရှိရှိဖြင့် စမ်းသပ်သုံးစွဲမှုမရှိစေရန် ပညာပေးခြင်းဖြင့် မူးယစ်ဆေးဝါး သုံးစွဲသူ အသစ်များ ထပ်မံ ထွက်ပေါ်လာရေး ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ဒုတိယအဆင့် ကာကွယ်ရေး လုပ်ငန်းစဉ်၌ မူးယစ်ဆေးဝါး သုံးစွဲလျက် ရှိသူများ ကို စည်းရုံးရှာဖွေ၍ ဆေးဖြတ်ရန်အတွက် ပညာပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ မူးယစ်ဆေးဝါး ရောဂါ ကုဆေးရုံများသို့ ညွှန်းပို့ခြင်း တို့ကို ပြုလုပ် ဆောင်ရွက်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်း အသိုင်းအ၀န်းအတွင်း လူကောင်း သူကောင်း အဖြစ် ပြန်လည်ဝင်ဆန့် ပေါင်းစည်းစေခြင်း ဖြစ်ပါသည်။

တတိယအဆင့် ကာကွယ်ရေးလုပ်ငန်းစဉ်၌ မူးယစ်ဆေးဝါး ဖြတ်ပြီးသည့် အခြေအနေကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် အခြေအနေ ပိုမိုတိုးတက်ကောင်းမွန် လာသည်နှင့်အမျှ ၄င်းတို့၏ ဘ၀ တိုးတက်ရေး အတွက် ဆက်လက် ပညာသင်ကြားရေး၊ မိသားစု ဘ၀၏ စီးပွားရေးနှင့် လူမှုရေး အခြေအနေ အတွက် ပြန်လည် ထူထောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား အသက်မွေးဝမ်းကြောင်း ပညာများ သင်ယူတတ် မြောက်ပြီး ကိုယ်တိုင် ၀င်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေ ဖန်တီး ပေးခြင်းဖြင့် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၌ ပြန်လည်ပေါင်းစည်းပေး နိုင်ရန် ဖြစ်ပါသည်။

အန္တရာယ်လျော့ချရေး (Harm Reduction) အနေဖြင့် မူးယစ်ဆေးဝါး အလွဲသုံးမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ် လာနိုင်သည့် ခုခံအား ကျဆင်းမှု ရောဂါ HIV/AIDS အန္ဒရာယ် လျော့ချရေး အတွက် ပြည်တွင်းပြည်ပမှ အကျိုးတူ ရည်ရွယ်ချက် တူသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပါသည်။

(ဦးစောငွေ)
MANA (ဗဟို) အတွင်းရေးမှူး

MANA - MANA ဘာလုပ်နေသလဲ - အပိုင်း(၂) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top