ကျနော်က ၂၇ နစ်ပါ။ ယောက်ျား၊ အိမ်ထောင်မကျသေးပါ။ ကျနော်က့ မှာပါ။ ၂ဝ၁၁ တုန်းက ဆရာဝန်နဲ့ပြတော့ သွေးစစ် ခိုင်းတယ်။ သွေးမကောင်းလို့ ဆိုပြီး ဆေးရုံ တက်ခိုင်းတယ် ဆရာ။ ဆေးရုံရောက်တော့ သွေးထုတ်ပြီး ဆေးရုံ ကနေ ပြန်ဆင်းခိုင်းတယ်။ ရောဂါက ထပ်ဖြစ်လာတော့ မြန်မာ ဆရာဝန်နဲ့ ပြတယ်ဆရာ။ တစ်ပတ်လောက်တော့ အဲဒီဆရာဝန် ပေးတဲ့ဆေးနဲ့ ပျောက်သွားတာဘဲဆရာ။ နောက် ၂ဝ၁၃ ရောက်တော့ ရောဂါထပ်ပေါ်လာရော။ အဲဒီ မြန်မာဆရာဝန်ပဲ ပြန်ပြတယ်ဆရာ။ သွေးစစ်ခိုင်းတယ်။ AIDS နဲ့HIV စစ်တယ် မရှိဘူးတဲ့။ ဒါပေမယ့် ရှိတာက ရေယုံဗိုင်းရပ်ရောဂါတဲ့။ အဲဒီရောဂါဟာ မပျောက်တတ်ဘူးတဲ့။ ဟုတ်လားဆရာ။ ဘာဖြစ်လို့ အဲဒီရောဂါကို သူမကုနိုင်ရမှာလည်း။ အခြားဆရာဝန်နဲ့ ပြရမလားဆရာ။ အကြံဥာဏ်ပေးပါဆရာ။ သွေးစစ်ထားတဲ့စာ ပို့လိုက်ပါတယ်။ အသေးစိတ် ရှင်းပြပေးပါဆရာ။
- Herpes Simplex ရိုးရိုး ရေယုံ http://doctortintswe.blogspot.com/2015/03/herpes-simplex.html
- Genital herpes လိင်လမ်း ရေယုံ http://doctortintswe.blogspot.com/2014/11/genital-herpes.html
ကျနော့်ရဲ့ရောဂါခြေနေဟာ ကျနော့်ရဲချစ်သူကို ပြောပြရင် သူကနော့်ကို ပြန်ချစ်မယ်လို့ မထင်ဘူးဆရာ။ ကွဲမှာ သေချာတယ်ဆရာ။ ကျနော် သူ့ကိုဘယ်လိုရှင်းပြရမလဲဆရာ။ ပြောပြရင်ကောင်းမလား၊ မပြောဘူးဆိုရင် ကောင်းမလား။ အဲဒီရောဂါဟာ ကျနော့်ရဲ့အနာဂတ် ဆိုးကျိုးလား၊ ကောင်းကျိုးလား ဆရာဆုံးဖြတ်ပေးပါနော်ဆရာ။ အဲဒီရောဂါက ဆရာဘဲသိမှာပါ။ ဆရာပြောပြလိုက်ပါဆို ကျနော်ပြောပြပါ့မယ်ဆရာ။ မပြောစရာမလိုဘူးဆိုရင် ကျနော်မပြောဘူး။ ကျနော်က ကျနော့်ချစ်သူတွက် စိုးရိမ်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။
• ကိုယ့်ရောဂါကို သူများကို ပြော-မပြောကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တယ်။
• ကူးစက်ရောဂါတွေထဲမှာ HIV ဆိုရင် တချို့နိုင်ငံတွေမှာ အတူနေအဖေါ်ကို ထုတ်ပြောဘို့ လို-မလို ဥပဒေရှိတယ်။
• ရိုးသားမှုဆိုတာ အကောင်းဆုံးပေါ်လစီလို့ ဆိုစကားရှိတယ်။ လိမ်ပြောတာနဲ့ မပြောပဲနေတာ မတူပါ။ ဘယ်သူကမေးလို့ ဖြေတာလည်းလည်းလိုသေးတယ်။
• တွေ့ကရာ လူကနေမေးလို့ ဖြေတာနဲ့ ဆေးကုပေးတဲ့ ဆရာဝန်ကို ဖြေရတာ မတူပါ။ ဆေးရုံတွေ၊ ဆေးခန်းတွေနဲ့ သားဖွါးခန်းတွေမှာ ဆေးစစ်တာကိုလည်း အပြည့်အစုံ မလုပ်နိုင်တဲ့ နေရာမှာ ရင်သွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ HIV/AIDS ဖြစ်ဖြစ်၊ အသည်းရောင် (ဘီ) နဲ့ (စီ) ဖြစ်ဖြစ် ရှိနေတာကို ဆရာဝန် ဆရာမတွေကို ထုတ်ပြောဘို့တော့ လိုအပ်ပါတယ်။ ဆရာဝန်တွေဖက်ကလည်း လှို့ဝှက်အပ်တာကို ဆေးပညာပဋိညာဉ်အရ လုပ်ဆောင်ဘို့တာဝန်ရှိပါတယ်။
• မမေးလည်း ပြောဘို့လိုတာလည်းရှိတယ်။ လက်ထပ်ပေါင်းသင်းမဲ့သူကို ပြောသင့်တာမှန်တယ်။ တဖက်လူကလည်း မေးဖို့တာဝန်ရှိပြန်သေးတယ်။ တချို့အတွဲတွေက ကျန်းမာရေးစိတ်ဝင်စားမှုများကြလို့ လက်မထပ်မီမှာ မေးချင်တာတွေ၊ ဆေးစစ်စရာတွေနဲ့ ကာကွယ်ဆေးထိုးတာနဲ့ ကုသမှုတွေအရင်လုပ်တတ်ကြတယ်။ အရေအတွက်တော့ နည်းပါသေးတယ်။
• မေးတဲ့သူပို့ပေးတဲ့ဆေးစာထဲမှာ ရေယုံပိုးတွေ့နေတယ်။ ဒါပေမယ့် ရေယုံကတော့ ကမ္ဘာမှာ HSV-1 နဲ့ HSV-2 ပိုးတွေ့နှုန်း ၉ဝ% ရှိပါတယ်။
ဖတ်နိုင်တဲ့စာတွေ -
- Medical check-up before marriage အိမ်ထောင်မပြုခင် ဆေးစစ်ချင် http://doctortintswe.blogspot.com/2014/11/matching-blood-group-before-marriage.html
- Marriage Advice (1) သီတင်းမကျွတ်ခင် ဖတ်စေချင် (၁) http://doctortintswe.blogspot.com/2014/11/marriage-advice-1.html
- Marriage Advice (2) သီတင်းကျွတ်ရင် ဖတ်စေချင် (၂) http://doctortintswe.blogspot.com/2014/11/marriage-advice-2.html
ဒေါက်တာတင့်ဆွေ (၃၁-၃-၂ဝ၁၅)
ဒေါက်တာတင့်ဆွေ - Marriage Advice (3) အိမ်ထောင်ရေးနဲ့ ကူးစက်ရောဂါ




