ဆရာ ဒီဆေးက side effect ရှိနိုင်လားရှင့်။ တကယ်ရော ပြန်ဖြစ်နိုင် လို့လားရှင့်။
NOE Online Shop
"Bo Bo"
Price 13000 kyats
Ph 0973037797
Virgin ပြန်ဖြစ်စေတဲ့ ဆေးရည်လေးပါ။ ၁ ဘူးကုန်တာနဲ့ တကယ်ကို ထိထိရောက်ရောက် သိသာစေပါတယ်။ ၁ နေ့ ၁ ကြိမ် ညဘက်ထည့်ပေးယုံပါပဲ။ ထိုင်းမင်းသမီးများရဲ့ လက်စွဲတော်ဆိုလဲ မမှားပါဘူး။ Feedback တွေက ကောင်းလွန်းလို့ တင်ပေးလိုက်တာပါရှင်။ တစ်ကြိမ်တစ်ခါ မှားခဲ့ဖူးတဲ့ကောင်မလေးတွေလဲ စိတ်ဆင်းရဲစရာမလိုတော့ဘူးနော်။ quality လဲ တကယ်ကောင်းပြီး တကယ်ကိုထိရောက်တဲ့ဆေးပါ။ သုံးဖူးသူတိုင်း သိကြပါတယ်။
ဆေးရောင်းတဲ့ ဖေ့စ်ဘွတ်ကိုရှာဖတ်ရပါတယ်။ တကယ့်ကြော်ညာဆေးဖြစ်နေတယ်။ ကြော်ညာဆေးဆိုတာ ဆေးသုတေသန လုပ်မထားတာတွေများတယ်။ FDA က အသိအမှတ်ပြုမထားတာတွေဖြစ်တယ်။ သည်းခြေကြိုက်တွေကို သေသေ ချာချာရွေးပြီးရောင်းတယ်။ ကြော်ညာပုံလှလှကောင်းကောင်း အပျံစားတွေ သုံးတယ်။ ထောက်ခံဆိုတာတွေလည်း ထည့်ပေးထားတယ်။
မေးလာသူသိချင်တဲ့ အပျိုပြန်ဖြစ်သလားဆိုတာ ဆရာဝန်ဖြေဖို့တောင်မလိုပါ။ အပျိုဆိုတာဘာလည်း။ ဥပဒေအရ၊ ဆေးပညာအရ၊ လူမှုရေးအရ အပျို ဟုတ် မဟုတ် အမျိုးမျိုးရှိတယ်။ ထပ်တူမကျတတ်ပါ။ ကာယကံရှင်သာသိတယ်။ အဲလို အပျိုစစ် မဟုတ်ပဲ အပျိုမဟုတ်တော့သူက နဂိုလိုပြန်ဖြစ်တာမျိုးဖြစ်ချင်တာဆိုရင် ဆေးရာင်းသူတွေကိုတော့ အားနာပါတယ်။ ထိုးဆေး၊ စားဆေး၊ ထည့်ဆေး၊ လိမ်းဆေးနဲ့တော့မရနိုင်ပါ။ ခွဲစိတ်ပြုပြင်နည်းကတော့ စနစ်ကျရင် တချို့နေရာတွေမှာ ရနိုင်ပါတယ်။
ရေးထားတဲ့စာတွေရှိပါတယ်။ ဖေ့စ်ဘွတ်မှာတော့ မတင်ပါ။
1. Virginity (1) အပျို တကယ်စစ်ပါတယ် (၁)
2. Virginity (2) အပျို တကယ်စစ်ပါတယ် (၂)
3. Virginity (3) လူပျိုစစ်တယ် ပြောတာဘဲ
4. Virginity fraud အပျိုရည်ပျက်ခြင်း
5. Virginity loss definitions အပျိုရည်ပျက်ခြင်း အဓိပ္ပါယ်ဖွင့်ဆိုချက်များ
6. Virginity test အပျိုစစ် မစစ် စစ်ဆေးခြင်း
7. Indonesia Female Police Recruits and Virginity Tests
ဒေါက်တာတင့်ဆွေ (၅-၃-၂ဝ၁၅)
ဒေါက်တာတင့်ဆွေ - Medicines for profit ကြော်ညာဆေးနောက်တမျိုး




