21
Oct

Menstrogen (မင်စထိုဂျင်) ဆေး

သမီးအသက်က ၂၇ နှစ်ပါ၊ ကိုယ်ဝန်ရှိတာ မသိပဲ Mestrogen ထိုးမိရင် ဘာဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ သိချင်လို့ပါ။ ဖြစ်နိုင်ရင် ဒီစာကို ဖတ်ပြီးတာနဲ့ အကြောင်းပြန်ပေးစေချင်ပါတယ်။ ရာသီမပေါ်တာ ၃ ရက်လွန်သွားတာနဲ့ ဆေးသွားထိုးမိပါတယ်။ ပြီးမှ ဆီးစစ်ကြည့်တော့ ကိုယ်ဝန်ရှိနေတာ သိရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ အကြံပေးစေလိုပါတယ်။

အမျိုးသမီးတိုင်း ရာသီမှန်တာကို အရေးထားကြရတယ်။ မမှန်ရင် စိုးရိမ်စိတ်ဝင်လာမယ်။ တခုခု လုပ်မယ်။ ရင်းနှီးတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို မေးမယ်၊ နည်းကောင်း လိုက်ရှာမယ်။ တချို့က ဆရာဝန်ဆီ သွားမယ်။

Menstrogen injections ဆေးထိုးမယ်၊ ကေသီပန် သောက်မယ်၊ မုဆိုးကျော် သောက်မယ်၊ ချင်းနဲ့ထန်လျက် ကျိုသောက်မယ်၊ Cumerac tablets ဆေးသုံးမယ်။ ဟုတ်တဲ့သူတွေတော့ ဟုတ်သွားမယ်။ ဒါပေမဲ့ ဒီဆေးတွေရဲ့ အာနိသင်ကို ဆေးပညာအရ အသေအခြာ မပြောနိုင်ပါ။

ဆေးသုံးသူတွေက ရာသီမှန်ချင်လို့၊ နောက်ကျနေတာပြန်လာစေဘို့ သုံးကြတာက အများဆုံးပါ။ ကိုယ်ဝန်ရှိ-မရှိ မသေခြာလို့ သောက်ကြတယ်။ ဒီလိုလူတွေအတွက် Proxy to pregnancy testing ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်နည်းလဲ ဖြစ်တော့တယ်။ ကိုယ်ဝန် သံသယရှိသူတွေက Abortifacients ဖျက်ချင်လို့ လုပ်ကြတာလဲ နဲနဲတော့ရှိမယ်။ ဒီလိုလုပ်ချင်သူတွေက ကေသီပန်ဆေးကို များများကြီး သောက်ကြတယ်။

Menstrogen ထိုးဆေးမှာ Progestogen နဲ့ Estrogen တွေ ရောပါတယ်။ အများစုအတွက် ရေးခဲ့သလို Menstrogen ထိုးဆေး-စားဆေးဟာ Menstrual induction medicine ရာသီလာဆေးဖြစ်တယ်၊ ကိုယ်ဝန်ဖျက်ဆေးမဟုတ်ဘူးလို့ ယုံကြည်ကြတယ်။ ကိုယ်ဝန်ရှိနေအုံးတော့ ဘာမှမဖြစ်ဘူးလို့လဲ ယူဆတယ်။ သတိထားဘို့က ဆေးတွေသုံးတာ ဆရာဝန်မညွှန်ဘဲ မလုပ်သင့်ဘူး တချို့နေရာတွေမှာ ဆေးဆိုင်မယ် အလွယ်ဝယ်လို့ရနေတာ မကောင်းပါ။

Oestrogen hormone (အီစထိုဂျင်) ဟော်မုန်းကနေ Follicle မျိုးဥထွက်မဲ့ (ဖေါ်လီကယ်လ်) တွေနဲ့ Egg maturation မျိုးဥ ရင့်သန်စေဘို့ လုပ်ပေးတယ်။ ဒီနေရာမှာ အားနည်းချက်ရှိနေရင် ရာသီ မလာဘဲနေမယ်။ ဒါ့ကြောင့် ဆေးက ရာသီမှန်စေတယ်။

ဒါ့အပြင် Emergency contraception အရေးပေါ်ကိုယ်ဝန်တားနည်းအဖြစ်လဲ သုံးကြတယ်။ ဆက်ဆံအပြီး ၇၂ နာရီ (၃ ရက်) အတွင်း သုံးရတယ်။ အာဖရိကမှာ ကိုယ့်သဘောနဲ့ကို ဒီဆေးသုံးသူ အမျိုးသမီး ၁ဝ% ဟာ ကိုယ်ဝန်ဖျက်ချင်လို့ သုံးကြတာ တွေ့ရတယ်။ ဆရာဝန်ခိုင်းတာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ - (၂ဝ-၁ဝ-၂ဝ၁၁)

ဒေါက်တာတင့်ဆွေ - မင်စထိုဂျင်ဆေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top