မူးယစ်ဆေးဝါးများနဲ့
ပတ်သက်သော အချက်အလက်များ အစားထိုး-ဆေးဝါးများ သုံးစွဲ၍ ဖြတ် တောက်သည့်တိုင် ထိုအစားထိုး
ဆေးဝါးများ စွဲသွားသည့် ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းနိုင်ပါသလဲ။ မူးယစ်ဆေး သုံးသူများဟာ
(အစားထိုး ဆေးဝါးများ မသုံးစွဲဘဲ) ပကတိ ကင်းပြတ် သွားနိုင်ပါသလား။ ထိုအကြောင်းအရာများကို
မည့်သည့် နေရာများတွင် ရှာဖွေ ဖတ်ရှုနိုင်ပါသလဲ။ ကျနော် ကချင်ပြည် နယ် နယ်စပ်ကပါ။ ကျနော်တို့
မြို့တွင် မူးယစ်ဆေးစွဲ လူငယ် များစွာရှိပါသည်။ ယခု မက်သဒုန်းခေါ် ဆေးကိုအခမဲ့ ဖြန့်ဝေနေပါသည်။
ထိုဆေးသည်လည်း စွဲစေသည်ဟု သိရပါသည်။
မေးတဲ့သူပြောမှ
သတိထားမိတယ်။ ဆေးစွဲတဲ့အကြောင်း ကိုယ့်စကားနဲ့ ရေးတာ အတော်ရှားနေ သေးပါလား။ လက်လှမ်း
မီသလောက် အရက် တပုဒ်နဲ့ (ဒိုင်ယာဇီပင်) တပုဒ်သာ တွေ့တယ်။ ဒီတော့ ဘိန်းကို ဘိန်းနဲ့ဖြတ်တာလေး
ရေးပါမယ်။
ဘိန်းသမိုင်း
လှန်ရင် (အာဖကန်) နဲ့ (မြန်မာ) ကို တွေ့မှာ အမှန်ပါ။ ဒီနှစ်နိုင်ငံဟာ ဗိုလ်လုနေကြတယ်။
၂၀၀၂ ခုနှစ်တုံးက သူတို့ဆီမှာ စစ်ပွဲ ကြီးကျယ်နေချိန်မယ် ကိုယ့်တိုင်းပြည်က ကျော်တက်နိုင်ခဲ့
ပါတယ်။ ၂၀၁၀ ခုနှစ်ဦးမှာ PWO ပလောင်-အမျိုးသမီးအဖွဲ့ကနေ Poisoned Hills ဆိုတဲ့ အစီရင်ခံစာ
တခု ထုတ်ပြန်ခဲ့လို့ ၂၀၀၇ နဲ့ ၂၀၀၉ အတွင်း ပလောင်-ဒေသမှာ ဘိန်းစိုက် ဧရိယာ ဟက်တာ ၉၆၃
ကနေ ၄၅၄၅ အထိ တိုးလာတဲ့ အချက်နဲ့အတူ အစိုးရ ထိန်းချုပ်ရာ နေရာတွေမှာပါ ဘိန်းစိုက်တိုးတာ
သိလာကြရတယ်။ စစ်အစိုးရ အရင် ကိုလိုနီ-ဗြိတိသျှကလဲ မြန်မာပြည်ကို တစိတ်တပိုင်း သိမ်းပြီး၊
၁၈၂၆ ခုကတည်းက ဘိန်းရောင်းတာ ၀ယ်တာကို အစိုးရကိုယ်တိုင် လုပ်ခဲ့ပါတယ်။ ဗြိတိသျှ နဲ့
တရုတ် ပဌမ-ဘိန်းစစ် ၁၈၃၉ နဲ့ ဒုတိယ-ဘိန်းစစ် ၁၈၅၆ မှာဖြစ်ခဲ့ကြရတယ်။
ဘိန်းဟာ
Opium poppy (Papaver somniferum) အပင်ရဲ့ မမှည့်သေးတဲ့ Seed pod အစေ့ အိမ်ကနေထုတ်တဲ့
Milky latex အရည်ကနေ ရတယ်။ လေသလပ်တော့မှ မဲပြီး၊ မာလာတယ်။ ဘိန်း ကို ဆေးဖြစ်-၀ါးဖြစ်
သုံးခဲ့တဲ့သမိုင်း အေ-ဒီ ၁၀၀ ကတည်းကပါ။ ရှေးဟောင်း ဆေးစာတိုင်းမှာလဲ ပါခဲ့တယ်။
God's Own Medicine ဘုရားပေးတဲ့ဆေး လို့တောင်မှ သမုတ်ကြတယ်။ Medicinal use ဆေးအဖြစ်ပေးတာနဲ့
Abuse တလွဲသုံးတာကနေ ဘိန်းစွဲနိုင်တယ်။
Opium
addiction ဘိန်းစွဲသူတွေမှာ ဒီလက္ခဏာတွေ ရှိမယ်။
ဘိန်းကိုဘဲစွဲ၊
စိတ်ထဲက စိုးရိမ်စိတ်ကဲ၊ လူထဲ မတိုးချင်၊ သူများမမြင်-မသိအောင်သုံးနေ၊ ဘိန်းအတွက် ဆိုရင်
ငွေကုန်ချင် ကုန်ပါစေ၊ ပြောရင် လေသံနဲ့ မြန်၊ စိတ်မူ မမှန်၊ အန်ချင်၊ သူများ မမြင်တာတွေမြင်၊
မကြားတွေကြား၊ စားချင်စိတ်က မရှိ၊ လူက ပိန်ချိ၊ မျက်စိက နီရဲ၊ အဝေး ငေးကြည့်၊ သတိ မေ့လျှော့၊
အလုပ်မှာပေါ့။ ကျောင်းမှာတော့ စာညံ့၊ သန့်ရှင်းရေး ဂရုမစိုက်၊ ခေါင်းကိုက်၊ ငိုက်ပေမဲ့
အိပ်မပျော်၊ အသံ တော်တော်ကျယ်ရင် မကြားချင်။
ဘိန်းဖြတ်ရာမှာ
စိတ်အထူးကု လုပ်ရတယ်။
1. Cognitive behavioral therapy နည်း၊
2. Motivational therapy နည်း၊
3. Addiction treatment programs နည်း၊
4. Counseling နည်း၊
5. Detoxification ဘိန်းသတ္တိတွေ ပျယ်အောင်လုပ်နည်း
နဲ့
6. Methadone ဆေးကိုတော့ ဘိန်းဖြတ်လို့ရလာမဲ့ လက္ခဏာတွေ
သက်သော စေအာင်ပေးတယ်။ Methadone အပြင် Buprenorphine, Naltrexone, Clonidine and
Lofexidine ဆေးတွေလဲ သုံးတယ်။
Methadone (မက်သဒုံး)
ဟာ ဓါတ်ခွဲခမ်းမှာ ထုတ်တဲ့ ဘိန်းဖြစ်တယ်။ ၁၉၃၇ ခုနှစ်ကတည်းက ဂျာမဏီမှာ စထုတ်ပြီး၊ အမေရိကားမှာတော့
၁၉၄၇ ကြမှ စတယ်။ Morphine (မော်ဖိန်း) နဲ့ Heroin (ဟီရိုးယင်း) တို့လိုဘဲ သတ္တိတူတယ်။
အလွန် နာတာကို သက်သာတဲ့ဆေး၊ ချောင်းဆိုး ပျောက်ဆေး တွေမှာ သုံးတယ်။ ဘိန်းဖြတ်ရာမှာ
(မက်သဒုန်း) က အသုံးကျပေမဲ့ Methamphetamine (မက်သ်မင် ဖက်တမင်း) Cocaine (ကိုကိန်း)၊
နဲ့ အရက်ဖြတ်ရာမှာ အသုံးမကျပါ။ သွေးကင်ဆာကို ကုရာမှာ သုံး သေးတယ်။
(မက်သဒုံး) မှာ
မကောင်းသတ္တိတွေက များလှတယ်။ သွေးခဲမယ်၊ အသက်ရှူမ၀၊ ၀မ်းချုပ်၊ ချွေးထွက် များ၊ အိုက်တာမခံနိုင်၊
အားယုတ်၊ သူငယ်အိမ်ကျဉ်း၊ ပျို့၊ သွေးဖိအားကျ၊ အမြင်-အကြား သူများနဲ့ မတူတာတွေ ခံစား၊
ခေါင်းကိုက်၊ အန်၊ နှလုံးခုန် မမှန်၊ အစားပျက်၊ လူက၀၊ ဗိုက်နာ၊ ယောက်ျား ရင်သားထွက်၊
လိင်တံ မသန်မာ၊ အာခေါင်ခြောက်၊ ချွေးများ၊ မျက်နှာနီမြန်း၊ ယားယံ၊ ခြေ-လက်တွေ ရောင်၊
စိတ်ဂနာမငြိမ်ဖြစ်၊ မူပြောင်း၊ မျက်စိေ၀၀ါး၊ အိပ်မပျော်၊ အရေပြား အနီပြင်ထွက်၊ ဆီးသွား
ရခက်၊ တက်။
ဆေးဖြတ်လိုက်ရင်
Withdrawal symptoms လက္ခဏာတွေ ခံစားရမယ်။ ခေါင်းထဲမှာ ပေါ့နေသလို ခံစား၊ မျက်ရည်ကျ၊
နှာရည်ယို၊ သန်းဝေ၊ နှာချေ၊ ပျို့၊ အန်၊ ၀မ်းလျှော၊ အလွန်ယား၊ ဖျား၊ ခွေးလွန်၊ ချမ်း၊
ခြေ-လက်တုံ၊ အတွင်းထဲမှာ မငြိမ်တာ ခံစားရလို့ လူကလဲ အငြိမ်မနေနိုင်ဖြစ်၊ ရင်တုံ၊ ခြေဆစ်-လက်ဆစ်တွေကိုက်ခဲ၊
နာတာကို ပိုခံစား၊ သွေးဖိအားတက်၊ အသက်ရှူနည်း။
ဆက်တွဲ ဖြစ်လာနိုင်တာတွေလဲ
ရှိတယ်။ စွဲလမ်းမှုများ၊ စိတ်ဓါတ်ကျ၊ အိပ်မရတာ ကြာရှည်လာ၊ အလိုလို လိင်ဆန္ဒပြီးသွား၊
လိင်စိတ် နည်းပါး၊ ဂရောင်ချောက်ခြားဖြစ်၊ နားထဲကနေ သူများ မကြား တာတွေကြား၊ မျက်စိထဲကနေ
သူများ မမြင်တာတွေမြင်၊ အနံ့ကို တကယ့် အနံ့ရော စိတ်ကူးထဲမှာပါ သူများထက် ထူးနေ၊ စိတ်တို၊
အကြောက်ကြီး၊ စိုးရိမ်စိတ်-ကြောက်စိတ်လွန်ကဲ၊ အမြင်သွေလွဲ၊ ကိုယ့်ကိုယ်ကို သတ်သေချင်၊
အသက်ရှူနည်းတာ ၂-၄ နာရီ ကြာရင် သေနိုင်တယ်။
FDA ကနေ
Pregnancy category C သတ်မှတ်ထားလို့ (မက်သဒုံး) ကို ကိုယ်ဝန်ဆောင်တွေ မသုံးသင့်ဘူး။
Diuretic ဆီးသွားဆေး၊ Azithromycin, Ciprofloxacin, Clarithromycin, Erythromycin,
Itraconazole, Ketoconazole, Metronidazole, Voriconazole ပိုးသေဆေး၊ Diltiazem,
Verapamil နှလုံး-သွေးတိုးဆေး၊ Abacavir, Amprenavir, Didanosine, Efavirenz,
Lopinavir/Ritonavir, Nelfinavir, Nevirapine, Ritonavir, Stavudine, or
Zidovudine ဖြစ်တဲ့ HIV ဆေး၊ Isocarboxazid, Tranylcypromine, Phenelzine,
Selegiline ဆေး၊ Pentazocine, Nalbuphine, Buprenorphine, Butorphanol တခြား ဘိန်းပါတဲ့ဆေး၊
Rifampin တီဘီဆေး၊ Phenobarbital, Phenytoin အတက် သက်သာဆေးတွေနဲ့ တွဲပေးဘို့ အထူးသတိထားရတယ်။
ဆေးအရှိန်နဲ့
ကားမောင်းရင် ဒုက္ခရောက်တတ်တယ်။ (မက်သဒုန်း) နဲ့ဆက်စပ်ပြီး၊ သေဆုံးရသူ အမေရိကားမှာ ၁၉၉၉
ကနေ ၂၀၀၄ အတွင်း ၄ ဆ မက တိုးခဲ့တယ်။ (မက်သဒုံး) များသွားရင် Naloxone နဲ့ကုရတယ်။ နောက်ပေါ်ဆေးက
Naltrexone ဖြစ်တယ်။
ဘိန်းစိုက်ခဲ့တာ
ကျောက်ခေတ်သစ်ခေါ်တဲ့ Neolithic Age ကတည်းဖြစ်တယ်။ သမိုင်းမှာ အင်ပါယာ တွေထဲက
Sumerian (ဆူမေးရီယန်း)၊ Assyrian (အဆီးရီးယန်း)၊ Egyptian (အီဂျစ်ပ်ရှန်း)၊
Indian (အင်ဒီးယန်း)၊ Minoan (မင်နိုအန်)၊ Greek (ဂရိ)၊ Roman (ရိုမန်)၊ Persian (ပါရှန်)
နဲ့ Arab (အာရပ်) အားလုံးမှာ ဘိန်းစိုက်ခဲ့တာချည်းဘဲ။
တောင်သူတွေက ဘိန်း
၁ ကီလို ရောင်းရင် ဒေါ်လာ ၃၀၀ ရတယ်။ ကုန်သည်တွေက ၈၀၀ နဲ့ ရောင်းပြီး၊ အနောက်နိုင်ငံ
လမ်းတွေပေါ်မှာ ၁၆၀၀၀ ပေးရတယ်။ ဒါက ၂၀၀၂ ကိန်းဂဏန်းတွေသာ ဖြစ်တယ်။ ၂၀၀၉ မှာ ဈေးကျလို့
၆၄ ဒေါ်လာသာ ရပေမဲ့ ၂၀၁၀ မှာ ၁၆၉ ဖြစ်လာတယ်။
Obsolescence
ကောင်းတော့ ကောင်းတယ် မျက်စိစပ်တယ် ဆိုတာ ဘိန်းကမှအမှန်။ သူ့အလိုလိုက မှိန်းစေ-စွဲစေ-ထိုင်းမှိုင်းစေတာတွေ
ရှိနေပေမဲ့ သူ့ထက်သူ့ အစွမ်းထက်တာတွေကို ဖေါ်စပ်-သုံးစွဲလာကြတယ်။ ဘိန်းထဲမှာ (မော်ဖိန်း)
၁၂% ပါတယ်။ အဲဒါကနေ (ဟီရိုးယင်း) ထုတ်ယူရတယ်။ (ကိုဒင်း) လဲ ပါတယ်။ Morphine (မော်ဖိန်း)
ကို ၁၈၀၄ မှာ ဖေါ်စပ်တယ်။ Heroin ကို ၁၈၇၄ မှာ စထုတ်တယ်။ Methadone ကို ၁၉၃၇၊
Pethidine ကို ၁၉၃၉၊ Fentanyl ကို ၁၉၅၀ မှာထုတ်ပါတယ်။ Heroin ဆိုတာ ဓါတုဗေဒလို
Diacetylmorphine ဖြစ်ပြီး၊ Diamorphine လို့လဲ ခေါ်တယ်။
Heroin (ဟီရိုးယင်း)
က Morphine (မော်ဖိန်း) ထက် အလေးချိန်တူရင် သတ္တိမှာ၂့၂ ဆ သာတယ်။ ပြောင်းရတာလဲ ရိုးရိုးဘဲ။
Acetic anhydride နဲ့ ရောစပ်ပြီး၊ သန့်အောင် လုပ်ပေးဘို့သာလိုတယ်။ (မက်စီကန်) နည်းမှာ
Black tar Heroin အမဲရောင် အဆင့်သာ ထုတ်တယ်။ ဒါ့ကြောင်လဲ အမေရိကန်မှာ ဆေးထိုးနည်းသုံးရာကနေ
HIV ကူးစက်မှု တိုးလာတယ်။
လူ့ဦးနှောက်မှာ
ဘိန်းသဘောကို သိတတ်တဲ့ Receptors အာရုံခံတွေ ရှိတယ်။ သူတို့ရှိတဲ့ နေရာက အသက်ရှူတာ၊
နာကျင်တာ၊ စိတ်လှုတ်ရှားတာတွေကို ထိန်းတဲ့နေရာတွေနဲ့ ကပ်နေတယ်။ လူတွေဟာ ကြောက်စိတ်ဝင်ရင်၊
လိင်စိတ် ပြည့်ဝရင်၊ စိတ်ဖိအားများရင်၊ ပြေးရင်၊ ငရုပ်သီးစပ်ရင်၊ ဘိန်း စား-ရှူ-ထိုးရင်
Endorphins ဆိုတာတွေ ထုတ်ပေးနေတယ်။
ထိုးဆေးသမားတွေက
Heroin မှုံ့ကို ရေနဲ့ဖျော်ပြီး၊ အသားထဲရော၊ အကြောထဲပါ ထိုးကြတယ်။ ၁၀ မိနစ်မကြာခင် လူက
Euphoria ရပြီး၊ ငြိမ်ကျသွားတော့တယ်။ IV ဆိုရင် ၇-၈ စက္ကန့်သာ ကြာမယ်။ စိတ်ထဲမှာ ကောင်းနေ၊
ကျေနပ်နေ၊ သာယာနေတယ်လို့ ဖြစ်ပေါ်လာတာပါ။ ဘိန်းသမားတွေမှာ ဘမ်းစကားလဲ ပေါလှတယ်။ ဘိန်းဖြူထိုးတာကို
Slamming, Banging, Shooting up, Mainlining လို့ ခေါ်ကြတယ်။
သွေးကြောထဲထိုးသူတွေမှာ
ဘိန်းဖြူရဲ့ ဆိုးကျိုးတွေအပြင် ရနိုင်တဲ့ အန္တရာယ်တွေ များပါတယ်။
·
Addiction
ဆေးစွဲ၊
·
သွေးကတဆင့်ကူးစက်တဲ့
HIV နဲ့ Hepatitis B, C ဘီပိုး၊ စီပိုး၊
·
ဗက်တီးရီးယားနဲ့
ဖန်းဂတ်စ် ကြောင့်ဖြစ်တဲ့ Endocarditis နှလုံးသားရောင်၊
·
Venous
sclerosis သွေးပြန်ကြောမာကျော၊
·
Abscesses
ပြည်တည်နာ၊
·
Poisoning
from contaminants ရောတဲ့ထဲမှာ ပါတာကနေ အဆိပ်သင့်၊
·
Chronic
constipation ရက်ရှည် ၀မ်းချုပ်၊
·
Tolerance
ဆေးပိုများစေချင်၊
·
Physical
dependence ဒီလိုလုပ်နေရတာမျိုးကိုဘဲ စွဲလမ်းနေ၊
·
Decreased
kidney function ကျောက်ကပ်အလုပ် ထိခိုက်။
သူများတွေမသိ
အချင်းချင်းသာ သိအောင် ခေါ်ကြတဲ့ Slang အသုံးအနှုံးက အမျိုးမျိုးရှိတယ်။ Hop, Dope,
Midnight oil, OP, Big O, Tar စသဖြင့်။ ကပွဲတွေ၊ (ဂေး) စုဝေးနေရာတွေမှာ Chill-out
drug ၁ ဂရမ်ကို ၅၉-၈၈ ဒေါ်လာ ဈေး ပေါက်တယ်။ သုံးပုံတပုံကို $22 နဲ့၊ တခါသုံး $10 ပေးရတယ်။
(ဟီရိုးယင်း) စွဲသူဟာ တရက်မှာ $150 ရှာနိုင်ရမယ်။ အနုမှုံ့၊ အကြမ်းမှုံ့၊ အရည်၊ အလုံး၊
အမျိုးမျိုး။ အသန့် အဖြူမှုံ့က၊ အရသာ ခါးတယ်။ (ယူကေ) မှာ အညိုများပြီး၊ (ဒတ်ခ်ျ) မှာ
ရေမှာ မပျော် သံပုရာ ရည်နဲ့ ဖျော်ရတဲ့ အမှုံ့ သုံးကြတာများတယ်။ အညိုရဲ့ လက်လီဈေးက တူရကီမှာ
၁ ဂရမ်ကို €14.5 ရှိပြီး၊ ဥရောပ တခြားနေရာတွေမှာ €35-40 နဲ့ ဆွီဒင်မှာ €110 ရှိတယ်။
(ရွှေတရိဂံ) နဲ့
(စကင်ဒီနေးဗီးယား) ပိုက်လိုင်း ဖေါက်ဘို့ မကောင်းပါလား။
Dr. တင့်ဆွေ
၂၅-၁-၂၀၁၁




