30
Apr

Miscarriage သူ့အလိုလို ကိုယ်ဝန်ပျက်ခြင်း

Miscarriage Prevention ကိုယ်ဝန်မပျက်အောင်

(၁) ကျွန်မအသက် (၃၁) နှစ်ရှိပါပြီ။့ မှာ အလုပ်လုပ်နေပါတယ်။ အိမ်ထောင်ကျတာ ၁ နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ ကိုယ်ဝန် (၈) ပတ်မှာ ultrasound ရိုက်တော့ ကလေးနှလုံးခုန်တာတွေ့ခဲ့ရသေးတယ်။ ကိုယ်ဝန် ၁၁ ပတ်မှာ Ultrasound ရိုက်ကြည့်ပြီး ကလေးကနှလုံးမခုန်တော့ဘူး။ miscarriage လို့ပြောပါတယ်။ သားဦးမို့ ကျွန်မရော အမျိုးသားပါ အရမ်းခံစားရပါတယ်။ နောက်တစ်ရက်မှာ သားအိမ်ခြစ်ပြီးပါပြီ။ ဘာကြောင့်ဖြစ်ရတာလဲ။ သားအိမ်ခြစ်ပြီး ရှောက်ရမည့်အချက် နောက်ကိုယ်ဝန် ထပ်ယူရန် ကြိုတင်ပြင်ဆင်မှုများကို သိပါရစေဆရာ။ နောက်ကိုယ်ဝန် ထပ်ယူရန် အချိန်ဘယ်လောက်စောင့်ပြီးမှ ယူရင် အသင့်တော်ဆုံးပါလဲ။ အားဆေးရှိရင် ပြောပြပေးပါ ဆရာ။ ဒေါင်းဆင်ဒရုန်း မဖြစ်အောင် miscarriage ထပ်မဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ။ ဘာတွေ ကြိုတင် ကာကွယ်ထားသင့်ပါသလဲ။

(၂) ပထမ တစ်ကြိမ် Missed Abortion ဖြစ်ဖူးတော့ အခု ဒုတိယကိုယ်ဝန်က ၁၈ ပတ်ရှိပါပြီ။ အခုကိုယ်ဝန်ကိုလည်း ခဲမှန်ဖူးတဲ့စာသူငယ်လို ရင်တထိတ်ထိတ်နဲ့ လွယ်ထားရပါတယ်ရှင်။ အခုက ၁၈ ပတ်ဆိုတော့ သမီးစိုးရိမ်ရတဲ့ အခြေအနေက လွတ်မြောက်ပြီလို့ ယူဆလို့ရပါလားရှင်။

ကိုယ်ဝန်ပျက်တာကို Abortion (အဘောရှင်း) ဆိုပြီး အင်္ဂလိပ်လို သိပ်မတတ်သူတွေကပါ နားလည်ကြတယ်။ ကိုယ်ဝန်ပျက်တာတိုင်းက (အဘောရှင်း) မဟုတ်ပါ။ သူများနိုင်ငံမှာ အဲလိုသွားပြောမိရင် အထင်လွဲခံရမယ်။ ကိုယ်ဝန် ဖျက်ချတာကိုမှ (အဘောရှင်း) ခေါ်ရတယ်။

• Miscarriage ခေါ်တဲ့ ကိုယ်ဝန်က ဖျက်ချတာမဟုတ်ပဲ သူ့အလိုလိုပျက်စေတဲ့ အကြောင်းတွေထဲမှာ မတော်ဆဖြစ်တာနဲ့ သဘာဝအကြောင်းတရားတွေ ရှိတယ်။ အများဆုံးဖြစ်တာက သန္ဓေသားရဲ့ (ခရိုမိုဆုံး) ပုံမှန်မဟုတ်လို့ ဖြစ်တာ၊ ၅ဝ% ရှိတယ်။
• အများစုက စောပြီးပျက်တယ်။ တချို့မှာ ကိုယ်ဝန်ရှိနေတာတောင်မသိဘူး။ သုတေသနတခုအဆိုအရ ၆၁့၉% ၁၂ ပတ် အတွင်း ပျက်ကျတယ်။ ဒီအထဲက ၉၁့၇% က ပျက်ကျတယ်ဆိုတာတောင် ကိုယ်တိုင်မသိလိုက်ကြဘူး။ ၁ဝ ပတ် ကျော်တာနဲ့ အလိုလိုပျက်ဘို့အခွင့်အလမ်း သိသိသာသာနည်းလာပါပြီ။
• ထိခိုက်မှုဆိုတာ မတော်တဆထိခိုက်မှု (အတွေ့အကြုံအရ အားကစားသာမန်လုပ်လို့ ပျက်မကျပါ။) တမင်တကာ ထိခိုက်မှုနဲ့ စိတ်ဖိအားတွေဖြစ်တယ်။
• ကိုယ်ဝန်ဆောင်သူ အသက်ငယ်လွန်းတာ၊ ကြီးလွန်းတာကြောင့်လဲ ဖြစ်စေနိုင်တယ်။ ၃၅ နှစ်အောက်မှာ ၁၅%၊ ၃၅-၄၅ နှစ်ကြားမှာ ၂ဝ-၃၅%၊ ၄၅ နှစ်အထက် ၅ဝ%။
• ကိုယ်ဝန် တခါပျက်ဘူးသူ ၂၅% ထပ်ပျက်နိုင်တယ်။ ထပ်ထပ်ပျက်နေသူ ၁% ရှိတယ်။ တချို့နေရာတွေမှာ သိသာပြီး၊ မဖျက်ဘဲပျက်တဲ့ ကိုယ်ဝန်ပျက်မှုပေါင်းဟာ ကိုယ်ဝန်စုစုပေါင်းရဲ့ ၁၅% ရှိတယ်။ အမေရိကားမှာ ၁ဝ-၂၅% ရှိတယ်။ တချို့မှာ ဘာလို့လဲပြောမရဘူး။ ကံတရားအားကိုးပါ။ အပြုသဘောဆောင်ပါ။ ကိုယ်ဝန်ပျက်တာ အများဆုံးက ပဌမ ၃ လပိုင်းမှာဖြစ်တယ်။ အနေအထိုင် အစားအသောက် ဆင်ခြင်ပါ။ ကိုယ်ဝန်အပ်ပါ။

ဒေါက်တာတင့်ဆွေ - Miscarriage သူ့အလိုလို ကိုယ်ဝန်ပျက်ခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top