10
Aug

Miss Rainbow Beauty Contest ကျင်းပ



HIV/AIDS ရောဂါဝေဒနာ ရှင်များကို လှူဒါန်းရန် ရည်ရွယ်၍ အလှဖန်တီးရှင်များ၏ Miss
Rainbow Beauty Contest  2009 ကို နိုဝင်ဘာ
၂၆ ရက် ညနေ ၆ နာရီက မန္တလေးမြို့၊ အိုရီယမ် တယ်ဟောက်စ်တွင် ကျင်းပခဲ့ပြီး အကဲဖြတ် ဒိုင်လူကြီး
ရှစ်ဦးအမှတ် ပေး၍ ဆန်ကာတင် ၁၀ ဦးရွေးချယ် ခဲ့သည်။ ထို့နောက် အဆိုပါ ၁၀ ဦး အား
interview စစ်ဆေး မေးမြန်းပြီး ဆုရရှိသူ သုံးဦးကို ရွေးချယ်ခဲ့ရာ ပထမ ဆု စိမ်းစိမ်းစို၊
ဒုတိယဆု ဆူးနှင့် တတိယဆု ငုဝါတို့က ရရှိကြသည်။

ဆက်လက်၍
Title ဆုကိုချီးမြှင့်ရာ Miss Photogenic ဆုကို စိမ်းစိမ်းစို ကလည်းကောင်း၊ Miss
Best Costume ဆုကို ဒါလီနိုင်ကလည်းကောင်း၊ Miss Congeniality ဆု ကို ထက်ထက် ကလည်းကောင်း၊
Miss Catwalk ဆုကို ဗစ်တိုးရီးယားက လည်းကောင်း၊ Miss Talent  ဆုကို မေရှားက လည်းကောင်း၊ Miss Personality ဆုကို
မာရီယာက လည်းကောင်း၊ Smile ဆုကို အေးချိုချို ဖြူက လည်းကောင်း၊ လင်းလက်ဆုကို ငုဝါနှင့်
Miss Popular ဆုကို ဆူးတို့က ရရှိသွားကြပြီး ပြိုင်ပွဲမှ ရရှိသော ငွေကျပ်သိန်း ၁၃၀
ကို  HIV/AIDS ဝေဒနာရှင်များအား လှူဒါန်း သွားမည်
ဖြစ်ကြောင်း သိရသည်။

မောင်လေ့လာ(မန်း)

The Myanmar Post - Miss
Rainbow Beauty Contest ကျင်းပ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top