1
Dec

MMA ဖုန်းလိုင်း နှစ်လိုင်းဖြင့် HIV/AIDS ရောဂါဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်နိုင်

ယခု နိုဝင်ဘာလ အတွင်းမှ စတင်ကာ လူငယ်ထု အတွင်းမှာ HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီး သိလို သည်များကို လွယ်ကူစွာ မေးမြန်း ဆွေးနွေးနိုင်ဖို့ ဖုန်းလိုင်းနှစ်လိုင်း ပြုလုပ် ထားတယ်လို့ မြန်မာနို င်ငံ ဆရာဝန် အသင်း MMA မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အဆိုပါ ဖုန်းလိုင်း နှစ်လိုင်းကို မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ လူငယ် ကျန်းမာရေး ပညာပေး ဌာနမှ တာဝန်ယူ ဖြေကြားပေးတာ ဖြစ် တယ်လို့ သိရပါတယ်။ ဖုန်းလိုင်း နှစ်လိုင်းရဲ့ နံပါတ်တွေကတော့ ၀၉-၇၃၂၁၂၂၂၆ နဲ့ ၀၉-၇၃၂၁၂၂၂၇ တို့ပဲ ဖြစ်ပါတယ်။ အဆိုပါ နံပါတ် ၂ ခုထဲမှ ယောက်ျားလေး များ ဆွေးနွေး မေြး မန်းနိုင်တဲ့ ဖုန်းနံပါတ် ကတော့ ၀၉-၇၃၂၁၂၂၂၆ ဖြစ်ပြီး မိန်း ကလေးများ မေးမြန်းနိုင်တဲ့ ဖုန်းနံပါတ်ကတော့ ၀၉-၇၃ ၂၁၂၂၂ ၇ တို့ပဲ ဖြစ်ပါတယ်။ ဆွေးနွေး မေးမြန်းမှုတွေ အပေါ် ပြန် လည် ဖြေကြား ပေးနိုင်ဖို့ကိုလည်း ဖြေကြားသူ အမျိုးသမီး ၊ အမျိုးသား သက်သက်စီ ခွဲထား ပေးတယ်လို့ သိရပါတယ်။

HIV/AIDS ရောဂါ ဆိုင်ရာတွေအပြင် မျိုးဆက်ပွား ကိစ္စရပ်ေ တွနဲ့ ပတ်သက်ပြီးတော့လည်း သိရှိလိုပါက မေးမြန်း နိုင်တယ် လို့ သိရပါတယ်။ ဒီလို လုပ်ရခြင်းဟာ မြန်မာနိုင်ငံ အတွင်း မှာ နေထိုင်ကြတဲ့ လူငယ်များ အနေနဲ့ အဆိုပါ ရောဂါဆိုင်ရာ များနဲ့ ပတ်သက်ပြီး လူကိုယ်တိုင် တိုက်ရိုက်တွေ့ကာ မမေးမြန်း ချင်သူများ အတွက် လွယ်ကူစွာ ဖုန်းနဲ့ ဆက်သွယ် မေးမြန်းနိုင်ဖို့ ပညာပေး ကဏ္ဍ အနေနဲ့ လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

MRTV-4 - MMA ဖုန်းလိုင်း နှစ်လိုင်းတွင် ယခု နိုဝင်ဘာလမှ စတင်ကာ HIV/AIDS ရောဂါဆိုင်ရာ ဆွေးနွေး မေးမြန်းမှုများ ပြုလုပ်နိုင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top