10
Sep

NAT နည်းပညာဖြင့် သွေးစစ်ဆေးနိုင်ပြီ

Real Time PCR နည်းပညာကို
မြန်မာနိုင်ငံတွင် စတင် အသုံးပြုသော
Molecular အထူး ဓာတ်ခွဲခန်း MMDC(Myanmar
Molecular & Diagnostic Centre) က နိုင်ငံခြားတွင်
အလုပ်လုပ်မည့်သူများ၊ ကျောင်းသွားတက်မည့်သူများနှင့်
သွေးသွင်းကုသမှု ခံယူမည့်
သူများအတွက် NAT (Nucleic Acid Testing) ခေါ်သည့်
ပိုမိုစိတ်ချရသော သွေးစစ်ဆေးနည်းကို
စာနယ်ဇင်းများသို့ မိတ်ဆက်ခဲ့ကြောင်း
၊ ယင်းစစ်ဆေးနည်းကို မြန်မာနိုင်ငံတွင်
ပထမဦးဆုံး စတင် စစ်ဆေးပေးခြင်းဖြစ်ကြောင်း
သိရသည်။

ယခင်က
ဘီပိုး၊ စီပိုးနှင့် HIV ပိုးရှိမရှိကို
Serology Tests များဖြင့် စစ်ဆေးခဲ့ရာမှ
ယခုအခါ Real Time PRC နည်းပညာကို အသုံးပြု၍
သွေးထဲတွင် DNA/RNA ရှိမရှိ တိုက်ရိုက်ရှာဖွေ
စစ်ဆေးနိုင်တော့မည်ဖြစ်သဖြင့်
Window Period (ရောဂါပိုးဝင်ရောက်ချိန်မှ
ရောဂါပိုးကို စမ်းသပ်စစ်ဆေးသိရှိနိုင်သည့်
ကြားကာလ) ကို သိသိသာသာ လျှော့ချနိုင်မည်
ဖြစ်ကြောင်း သိရှိရသည်။ အသည်းရောင်
အသားဝါ စီပိုးကို Serology နည်းဖြင့်
စစ်ဆေးရာတွင် Anti HCV antibody ကို ရက်
၇၀ ခန့်ကြာမှ စစ်ဆေးတွေ့ရှိနိုင်သော်လည်း
Real Time PRC ကို အသုံးပြု၍ Nucleic Acid Testing
(NAT) ဖြင့် စစ်ဆေးမည် ဆိုပါက
ပိုးဝင်ပြီး တစ်ပတ်ခန့်အတွင်း
ပိုးရှိမရှိကို သိရှိနိုင်မည်
ဖြစ်သည်။

ထို့ပြင်
HIV ပိုးကို စစ်ဆေးရာတွင်လည်း
HIV antibody ကို ပိုးဝင်ပြီး ရက် ၂၀
ခန့်ကြာမှသာ စစ်ဆေးသိရှိ
နိုင်သော်လည်း Nucleic Acid Testing နည်းဖြင့်
ပိုးဝင်ပြီး တစ်ပတ်ခန့်အတွင်း
စစ်ဆေးသိရှိနိုင်သည့် အတွက်
Window Period ကို သိသိသာသာ လျှော့ချနိုင်ကြောင်း
သိရသည်။ ထိုနည်းတူ ဘီပိုးစစ်ဆေးရာတွင်လည်း 
NAT နည်းဖြင့် Window Period ကို ရက် ၂၀
မှ ၂၅ ရက်အထိ လျှော့ချနိုင်သည့်
အတွက် ယင်းစစ်ေ်ဆးမှုမှာ ပိုမိုစိတ်ချရသော
သွေးစစ်ဆေးနည်း ဖြစ်ကြောင်း
သိရသည်။

ယင်းစစ်ဆေးမှုကို
Molecular Diagnosis တွင် ကမ္ဘာ့အဆင့်(၁)
ရှိ ဂျာမနီ နိုင်ငံ QIAGEN ကုမ္ပဏီမှ
Real Time PRC စက်များနှင့် CE Marked Reagents
များကို အသုံးပြု၍ MMDC(Myanmar Molecular
& Diagnostic Centre) တွင် တစ်ပတ်လျှင်
သုံးကြိမ်စစ်ဆေးပေးမည် ဖြစ်ရာ
ဖုန်း ၀၁-၃၇၄၆၇၆ နှင့် ၀၂-၇၂၉၈၅
တို့သို့ ဆက်သွယ်စစ်ဆေးနိုင်ကြောင်း
သိရသည်။ (သတင်းစဉ်)

(၉.၉.၂၀၀၉ ထုတ်
မြန်မာ့အလင်း သတင်းစာ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top