22
May

One More အဖွဲ့ရဲ့ အလှူ

ဆရာ အော်ပီကျယ်၊ ဆရာမောင်သာချို၊ ဆရာပြည်သွေးနိုင် တို့ ဦးဆောင်ဖွဲ့စည်း ထားသည့် One More လူမှု အထောက်အကူပြု အဖွဲ့က ဧပြီလအတွက် အလှူရှင် ၁၃၅၆၄ ဦး ရှိပြီး ငွေပေါင်း ကျပ် ၁၃၅၆၄ဝဝဝ လက်ခံရ ရှိခဲ့ရာ နေရာ ဒေသ ၆ နေရာခွဲ လှူဒါန်းခဲ့သည်။

တွံတေးမြို့ရှိ ရွှေဆံတော် ဘုရားအနီးရှိ ဓမ္မလင်္ကာရ (ပရဟိတ)ကျောင်း သို့ ကျပ်သိန်း ၂ဝ၊ ရွှေပြည်သာမြို့နယ်၊ မြို့ဦးထန်းတပင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကျပ်သိန်း ၂ဝ ရန်ကုန်တိုင်းဒေသကြီး၊သုံးခွမြို့နယ် အရေးပေါ် အကူအညီ ပေးဝေရေးအဖွဲ့သို့ ကျပ် သိန်း၂ဝ၊ မကွေးတိုင်းဒေသကြီး၊ စကုမြို့ထောင်တန်း ရပ်ကွက်၊ မန်းချောင်း ရေတိုက်စားမှု ကာကွယ်ရေးအတွက် ငွေကျပ် ၃၅ သိန်း ၆၄ဝဝဝ၊ မကွေးတိုင်း ဒေသကြီး၊ ထီးလင်းမြို့နယ်၊ ရှဲရွာဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကျပ်သိန်း ၂ဝ၊ HIV/AIDS နှင့် ဆက်နွှယ်နေသော မိသားစုဝင်များ၏ ကလေးငယ်များ ကျောင်းအပ်နှံရေးနှင့် ပညာ သင်ကြားနိုင်ရေး အတွက် ဆောင်ရွက်ပေးနေသော ပြည်ကြီးခင် (Empowering Women and Children)  အဖွဲ့သို့ ကျပ်သိန်း ၂ဝ စသည်ဖြင့် လှူဒါန်းမှု ပြုခဲ့သည်။

One More အဖွဲ့၏ ဧပြီလလှူ ဒါန်းမှုပြုလုပ်ခဲ့ပုံနှင့် ထူးခြားမှုများကို ”မတ်လ၂၇ ရက်၊ နေ့ခင်း၂ နာရီက မကွေးတိုင်း ထဲမှာရှိတဲ့ ရှဲရွာမှာ မီးလောင်မှုဖြစ်ပွား ခဲ့တယ်။ အိမ်ခြေ ၁၃ဝ အနက်က ၉၉ အိမ် မီးထဲပါသွားသလို ဘုန်းတော်ကြီး ပညာသင်ကျောင်း လည်းပါ သွားခဲ့တယ်။ ဇွန်လ ကျောင်းဖွင့်ချိန် အမီ ကလေးများ စာသင်ကြားနိုင်ရေး အတွက်ကြောင့် လှူဒါန်းဖြစ်ခဲ့တာ။

နောက်ပြီး HIV ပိုးကူးစက်ခံနေရတဲ့ ကလေးငယ်များနဲ့ HIV/AIDS ရောဂါဖြစ်ပွားမှု ဆက်နွှယ်နေတဲ့ မိသားစုဝင်တွေရဲ့ကလေးတွေကို ကျောင်းအပ်နှံရေး အတွက် အကူအညီပေးနေတဲ့ ပြည်ကြီးခင်ဆိုတဲ့ အဖွဲ့လေးကို လှူဖြစ်ခဲ့တယ်။

အဲဒီ အဖွဲ့ဟာ နယ်စုံက မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားပေါင်း ၁ဝ၆၈ ဦးကို ကျောင်းထားပေးဖို့ လုပ်နေတာ။ မြင်းခြံမြို့ နယ်မှာ ၃၆၃ ဦး၊ ပုသိမ်မြို့မှာ ၃၃၆ ဦး၊ အောင်ပန်းမြို့မှာ ၂၂၉ ဦး၊တောင်ကြီးမြို့မှာ ၁၄၁ ဦး ဆိုပြီး စာရင်းဇယားအရ သိရတယ်” ဟု ဆရာ ပြည်သွေးနိုင်က ရှင်းလင်းပြောကြား ခဲ့သည်။

 Popular - ဘုန်းတော်ကြီး ပညာသင်ကျောင်း၊ ရောဂါကူးစက်ခံ မိသားစုဝင် ကလေးငယ်များ ပညာသင်ကြားရေး အတွက် လှူဒါန်းခဲ့တဲ့ One More အဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top