30
Aug

Painful Period ရာသီလာလို့နာရင်

1. ဆရာခင်ဗျ ကျွန်တော့ရဲ့ချစ်သူအသက်၂၅ နှစ်။ ရာသီလာရင် ဗိုက်အရမ်းအောင့်တယ်။ တအားကိုနာတယ် ပြောတယ်။ ဆရာ့ရဲ့ blog မှာအရင်ကဖတ်ဖူးပေမဲ့ ခုပြန်ရှာလို့မရတော့ပါ။ အခုအဲဒါအရမ်းစိုးရိမ်ရလားခင်ဗျ။ သူကအပျိုဖော်ဝင်စကတည်းက နာတာလို့ပြောပါတယ် ဆရာဘာလုပ်သင့်သလဲခင်ဗျ။
2. ဆရာရှင့် မိန်းကလေးများ အများအားဖြင် Menstruation လာတိုင်း ဗိုက်အောင့်ကြတယ်။ အဲဒါကို ဘယ်လို လုပ်ပေးရမှာလဲ။ နောက်ဆက်တွဲပြဿနာ ရှိလာနိုင်သလား။

• ပဌမမေးခွန်းမှာ 'ဆိုးရိမ်' မဟုတ်ပါ။ 'စိုးရိမ်' လို့ရေးရပါတယ်။
• ရာသီလာချိန်မှာ နာတာကို Dysmenorrhea ခေါ်တယ်။ Painful Period ရာသီလာလို့ တအားနာနေရင် အနေရအထိုင်ရ မသက်သာသူတွေများတယ်။ ဗိုက်နာတာလဲပါတယ်။ နဲနဲလောက်၊ ၁-၂ ရက် လောက်ဆို စိုးရိမ်စရာမလိုပါ။ တချို့မှာ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလဲ ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲရှိတယ်။ (သပ်သပ်ရေးထားပါတယ်။)
• ရာသီလာလို့ တအားနာနေရင် အနေရအထိုင်ရ မသက်သာသူတွေများတယ်။ ဗိုက်နာတာလဲပါတယ်။ နဲနဲလောက်၊ ၁-၂ ရက် လောက်ဆို စိုးရိမ်စရာမလိုပါ။ တချို့မှာ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလဲ ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲရှိတယ်။ စာတပုဒ်ရေးထားပါတယ်။
• တချို့မှာ သိပ်ဆိုးဆိုးဝါးဝါးခံစားရလို့ ရာသီကို ၃ လနေမှ တခါသာလာအောင် တားဆေးဆက်တိုက်ပေးရတယ်။ စာတပုဒ်ရေးထားပါတယ်။
• အများစုမှာ နောက်ဆက်တွဲ ပြဿနာမရှိပါ။
• NSAIDs (စတီရွိုက်) မပါတဲ့ အများသုံး အကိုက်-အခဲပျောက်ဆေးသောက်ရင် သက်သာတယ်။ Ibuprofen, Ketoprofen, Naproxen, Meferannic acid တခုခု သောက်ပါ။ နေရာတကာ ဝယ်လို့ရတယ်။ ဒီဆေးတွေကို ကုမ္ပဏီတွေက ဆေးကို နာမယ် အမျိုးမျိုး ပေးကြတယ်။ နာတတ်တဲ့သူတွေ သွေးဆင်းစကတည်းက သောက်သင့်တယ်။ ၂-၃ ရက် ထက်မလိုပါ။ တနေ့ ၃ ကြိမ်ဆို ရတယ်။ ဆေးကို အစာနဲ့ နီးပါစေ။ တကယ် လေနာရှိရင် သတိထား သောက်ပါ။
• နာတဲ့နေရာကို ရေနွေးအိပ် ကပ်နိုင်တယ်။ လေ့ကျင်ခန်း လုပ်သင့်တယ်။ ရေနွေးနဲ့ ရေချိုးသင့်တယ်။
ဒီဆေးနဲ့မှ မရသူတွေကို Oral contraceptives ကိုယ်ဝန် တားဆေး ပေးရတယ်။
• သတိထားရမှာတွေကတော့ Endometriosis (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ နဲ့ Fibroids (ဖိုက်ဘရွိုက်) သားအိမ်အကျိတ်ရောဂါတွေ ပါတယ်။ ဆေးစစ် ကုသရလိမ့်မယ်။ စာတွေရေးထားပါတယ်။

ဒေါက်တာတင့်ဆွေ - Painful Period ရာသီလာလို့နာရင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top