5
May

Pap Smear သားအိမ်ကင်ဆာစမ်းသပ်နည်း

ဆရာ သားအိမ်ခေါင်းကင်ဆာစစ်တဲ့ pap smear test ဆိုတာ ဘယ်လိုစစ်ဆေးတာလဲသိချင်ပါတယ်။ အသက် မသိရပါ။ အိမ်ထောင်ရေး (ဆောရီး) မသိရပါ။ ဒီအကြောင်းကို မနေ့တနေ့ကတင် တင်ထားပါသေးတယ်။

သားအိမ်ဝမှာ မူမမှန်တဲ့ (ဆဲလ်)တွေ ဖြစ်နေ-မနေ သိအောင် Pap smear (Pap test ) လုပ်ရတယ်။ ၁၉၂၈ ကတည်းက စပေါ်တယ်။ (ပက်-စမီးယား) စမ်းသပ်နည်းဟာ အလွန်အောင်မြင်တဲ့ စမ်းသပ်နည်းတခု ဖြစ်တယ်။ အစမ်းခံရတာ မနာဘူး။ ထုံဆေးသုံးပါတယ်။ သားအိမ်အဝကို ဂွမ်းစလေးနဲ့သုတ်ယူတာသာ ဖြစ်တယ်။ မကောင်းတာလေး နဲနဲတွေ့တယ်လို့ဆိုရင် ဆေးထပ်စစ်ရမယ်။ လိုအပ်ရင် Colposcopy ကရိယာနဲ့ကြည့်မယ်။

လိုသေးရင် Biopsy အသားစလေးဖြတ်ယူပြီး စစ်မယ်။ Precancerous abnormal cells ကင်ဆာမဖြစ်ခင်အဆင့် တွေ့နေရင် ထုတ်ပြစ်ပေးမယ်။ ဖျက်ဆီးပေးမယ်။ စမ်းလို့ မကောင်းတာ တွေ့ရပေမဲ့ ရောဂါဟုတ် မဟုတ် စမ်းလို့ သေခြာမှ ကင်ဆာခေါ်တယ်။

မြန်မာပြည်မှာ အမျိုးသမီး ၁ဝဝဝ ကို Pap Smear လုပ်ပြီး၊ စစ်တမ်းကောက်ယူ စစ်ဆေးခဲ့ဘူးတယ်။ အဲဒီမှာ သားအိမ်အဝ ကင်ဆာ ဖြစ်စပြုနေသူ ၅ ယောက်ကို တွေ့ရှိခဲ့ရတယ်လို့ ၈-၄-၁၉၇ဝ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံဆေးသုတေသန ဆွေးနွေးပွဲမှာ တင်ပြခဲ့ဖူးတယ်။

ဒေါက်တာတင့်ဆွေ (၃-၅-၂ဝ၁၅)

ဒေါက်တာတင့်ဆွေ -  Pap Smear သားအိမ်ကင်ဆာစမ်းသပ်နည်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top