28
May

PID အမျိုးသမီးရောဂါ

ကျွန်မ အမျိုးသားနဲ့ နေပြီးတော့ တင်ပါးဆုံအတွင်းက နာပါတယ်။ ပွင့်ပွင့်လင်းပြောရရင် သူက လက်ကို ကြာကြာ သုံးတာပါတယ်။ (သူ Sperm လွတ်တာကအရမ်းမြန်လို့တဲ့) ညီမ ဆရာဝန်ကို မေးပြီး သူပို့ပေးတဲ့ဆေး သောက်တယ်။ Dazolic ရယ် Metro ရယ်။ (့) မှာ မြန်မာ Clinic assistant ရှိတဲ့ ဆေးခန်းလည်း သွားပါတယ်။ Urine ကို မစစ်ပါဘူး။ ခြေထောက်ကိုပဲ ဒူးမကွေးပဲ ပက်လက် အနေထားကနေ ဆန့်ပြီး အပေါ်တင် လုပ်ခိုင်းပြီး Hip pain ဖြစ်သွားတာပါ၊ အမျိုးသားက ဝိတ်များလို့လားမှ မသိတာနဲ့ အကူမိန်ကလေးက အဖြူဆရာဝန်ကို ပြောပြာပြီး လိမ်းဆေးရယ် သောက်ဆေးရယ် ပေးလိုက် ပါတယ်။ မသောက်ဖြစ်ခဲ့ပါ။

ဆီးကိုကြည့်တော့ ညိုနေသလိုပဲ။ ဆီးသွားပြီး သန့်ရှင်ရေး လုပ်ပြီးတော့ ပြည်နံ့လိုလိုရတယ် ဒါကြောင့် PID ဖြစ်တယ်လို့ ခံစားရပါတယ်။ ကျွန်မညီမ ပေး တဲ့ဆေးကြောင့်လားမသိ ဘာမှမစားချင်ပဲ ပျို့တက်ပါတယ်။ ညနေပိုင်းတိုင်း ပင်ပန်း နုံးချိတယ်လို့ ခံစားရပါတယ်။ ကျွန်မက အဲဒါကို Preg ရပြီဆိုပြီး ထင်နေပါတယ်။ နှစ်ယောက်လုံး ပျော်နေတာပေါ့။ ၂ ကြိမ် လောက် Test လုပ်ကြည့်တော့ Negative ပြတယ်။ အဓိကကတော့ PID ပျောက်ချင်တယ်၊ ကိုယ်ဝန်လည်း ရချင်ပါတယ်။ ရာသီ နောက်ဆုံးရက်က ၁၂ ရက်ပါ။ ၁၄ ရက်မှာ အမျိုးသားနဲ့ နေဖြစ်တော့ ရာသီ မလာတော့ပါဘူး။ ကိုယ်ဝန်ရှိပြီလို့ ထင်လိုက်ပါတယ်။ ဒါပေမဲ့ ၂၇ ရက်နေ့မှာ လာပါတယ်။ ၁၂ ရက် နေပြီးတော့ PID ခံစားရတာပါပဲ။ ဒါပေမဲ့ ကျွန်မ ခု ၂၆ ရက်မှာ ရာသီ လာတာပါပဲ။ စိတ်ညစ်တာကတော့ ကိုယ်ဝန် မရတာပါပဲ။ တားဆေးကို 2011 Jan - May ထိ သောက်ဖူးပါတယ်။ အဲဒါကြောင့်များလား မသိပါဆရာ။

ကလေးမရသေးတာကို တပိုင်းထားပြီး လက်ငင်းဖြစ်နေတာအတွက် အရင်ရေးပါမယ်။ တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာကို စိုးရိမ်တာ ကောင်းပါတယ်။ သတိဆိုတာ ပိုတယ်မရှိ မဟုတ်လား။ ဒါပေမဲ့ ရောဂါ ဟုတ်-မဟုတ်တော့ သေချာရမယ်။ တင်ပါးဆုံတွင် အင်္ဂါတွေရောင်တယ်ဆိုတာ နာတာရှည် အမျိုးအစားဖြစ်တယ်။ ခုဖြစ် ခုခံစားရတာ မဟုတ်ပါ။ များသောအားဖြင့် လိင်ကတဆင့်ကူးစက်တာ ဖြစ်တယ်။ တလင်-တမယားတွေမှာ အဖြစ်နည်းပါတယ်။ သူတို့မှာလဲ လိင်ကတဆင့် ကူးစက်ရောဂါ တချို့တော့ ဖြစ်နိုင်ပါတယ်။ ဆီးစပ်နာတာ၊ ဗိုက်အောက်ပိုင်းနာတာ၊ တခုခု ဆင်းတာ၊ ဆက်ဆံရင်နာတာ ဆိုတဲ့ လက္ခဏာတွေနဲ့ ကြာရင် ကလေးမရနိုင်တာအထိ ဖြစ်တယ်။ အခုမေးသူမှာ ကလေး မရသေးတာ အဲလိုကြောင့်လို့ မထင်သေးပါ။

စာထဲကသိရတာတွေကတော့ (၁) တင်ပဆုံအတွင်းက နာပါတယ် နဲ့ (၂) ဆီးက ပြည်နံ့လိုလိုရတယ် ဆိုတဲ့ နှစ်ချက်သာ တွေ့ရသေးတယ်။ ဆီး ဖြစ်တာရော ခင်ပွန်းလက်ကြောင့်ဖြစ်တာရောက အလွယ်နဲ့ပျောက်နိုင်တာမျိုး ဖြစ်တယ်။ ခဏခဏ ဖြစ်မှသာ၊ တခြား လက္ခဏာတွေပါရှိမှသာ PID အထိစဉ်းစားသင့်တယ်။

ဆေးနာမည် ၂ မျိုးတွေ့လို့ ဆေးအကြောင်းလဲ ရေးပါမယ်။
(၁) Dazolic ဆေးဆိုတာ Ornidazole ဖြစ်တယ်။ (မှတ်တမ်းသဘောဖြစ်အောင် ဒီအဖြေစာမှာဘဲ စုံအောင် ရေးပါရစေ။ မေးတဲ့သူနဲ့ဆိုင်တာ Giardiasis (ဂိုင်ယာဒီယား) ပိုးဝင်ခြင်း နဲ့ Trichomoniasis (ထွိုင်ကိုမိုနီယေးဆစ်) ရောဂါတွေသာ ရှိတယ်။)
1. Giardiasis (ဂိုင်ယာဒီယား) ပိုးဝင်ခြင်း
• လူကြီး = 1-1.5 g တနေ့ ၁ ကြိမ်၊ ၁-၂ ရက်။
• ကလေး = 30-40 mg/kg တနေ့ ၁ ကြိမ်၊ ၁-၂ ရက်။
2. Trichomoniasis (ထွိုင်ကိုမိုနီယေးဆစ်) ရောဂါ
• လူကြီး = 1.5 g တခါတည်းသောက်၊ ဒါမှမဟုတ် 0.5 g တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်၊ လိင်ဆက်ဆံဘက်ကိုလည်း တပါတည်းသောက်စေပါ။
• ကလေး = 25 mg/kg တခါတည်းသောက်။
3. Amoebiasis (အမီးဘား) ပိုးဝင်ခြင်း
• လူကြီး = 0.5 g တနေ့ ၂ ကြိမ်၊ ၅-၁ဝ ရက်။
• ကလေး = 25 mg/kg တနေ့ ၁ ကြိမ်၊ ၅-၁ဝ ရက်။
4. Amoebic dysentery (အမီးဘား) ဝမ်းကိုက်ရောဂါ
• လူကြီး = 1.5 g တနေ့တခါ၊ ၃ ရက်။ ကိုယ်အလေးချိန် များသူတွေ 1 g တနေ့ ၂ ကြိမ်၊ ၃ ရက်။
• ကလေး = 40 mg/kg နေ့စဉ်။
5. Severe amoebic dysentery ဆိုးဝါးလွန်းတဲ့ (အမီးဘား) ဝမ်းကိုက်ရောဂါ
• လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 0.5-1 g followed by 0.5 g every 12 hrs for 3-6 days
• ကလေး = 20-30 mg/kg body wt daily
6. Amoebic liver abscess (အမီးဘား) အသဲပြည်တည်နာ
• လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 0.5-1 g followed by 0.5 g every 12 hrs for 3-6 days
• ကလေး = 20-30 mg/kg body wt daily
7. Anaerobic bacterial infections (အမီးဘား) ပိုးဝင်ခြင်း
• လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 0.5-1 g followed by 1 g daily as a single dose or in 2 divided doses for 5-10 days. Substitute with 500 mg every 12 hr orally as soon as possible
• ကလေး = 10 mg/kg every 12 hr for 5-10 days
8. Prophylaxis of postoperative anaerobic bacterial infections ခွဲစိတ်ကုသရာမှာ (အမီးဘား) ပိုး မဝင်စေအောင် ကြိုတင်ကာကွယ်ရန်
• လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 1 g by IV about 30 minutes before surgery
• Reconstitution: Dilute to a concentration of ≤5 mg/ml

(၂) Metronidazole (မက်ထရိုနိုက်ဒဇော) (မှတ်တမ်းသဘောဖြစ်အောင် ဒီအဖြေစာမှာဘဲ စုံအောင် ရေးပါရစေ။ မေးတဲ့သူနဲ့ဆိုင်တာ (ထရွိုင်ကိုမိုးနပ်စ်) နှင့် (ဂိုင်ယာဒီယား) ပိုးများကြောင့် မွေးလမ်းကြောင်း-သားအိမ်ရောင်ခြင်း နဲ့ တင်ပါးဆုံတွင်းအင်္ဂါများပိုးဝင်ခြင်းတွေသာရှိပါမယ်။
• (ထရွိုင်ကိုမိုးနပ်စ်) နှင့် (ဂိုင်ယာဒီယား) ပိုးများကြောင့် မွေးလမ်းကြောင်း-သားအိမ်ရောင်ခြင်း၊ (2 g) တခါထဲ သို့မဟုတ် 250 mg three times daily for 7–10 days
• Metronidazole vaginal cream (0.75%) မွေးလမ်းထဲသို့ တနေ့ ၂ ကြိမ် ၅ ရက်ထည့်ပါ။
• တင်ပါးဆုံတွင်း အင်္ဂါများပိုးဝင်ခြင်း၊ 500 mg orally BD x 14 days အခြားဆေးနှင့် တွဲပေးရသည်၊
• (ဂိုင်ယာဒီးယား) ပိုးဝင်၍ ဝမ်းပျက်ခြင်း၊ 250 mg TDS x 5 days ကျား-မ ဆီးပြွန်ရောင်ခြင်း၊ 500 mg BD x 7 days
• လေမကြိုက်သည့်ပိုး အူမကြီးရောင်ခြင်း၊ 500 mg TDS (30 mg/kg/dose) IV တနေ့ ၃ ကြိမ်၊ စားဆေး-ထိုးဆေး၊ Adult oral dosage is 7.5 mg/kg every six hours x 7 to 10 days;
• အူမကြီးရောင်ခြင်း၊ 500 mg တနေ့ ၃ ကြိမ်၊ စားဆေး-ထိုးဆေး။ အူမကြီးခွဲစိတ်ခြင်း၊ ဦးနှောက်ပြည်တည်ခြင်း၊ Cephalosporin နှင့် တွဲပေးသည်။
• H pylori infections အစာအိမ်အနာ Clarithromycin and omeprazole နှင့်တွဲပေးသည်။
• ခရီးသွားဝမ်းလျှောခြင်း၊ Metronidazole 250 mg TDS x 5-7 days
• E histolytica (GE) အစာလမ်း (အူ) ရောင်ခြင်း၊ (အမီးဘား) ဝမ်းကိုက်၊ 400-800 mg TDS x 5-10 days; Children = 100-400 mg TDS
• (အမီးဘား) အသဲပြည်တည်ခြင်း၊ 500–750 mg TDS x 5–10 days. Children: 35 to 50 mg/kg/24 hours, divided into three doses, orally for 10 days.
• (အမီးဘား) သွားဖုံးရောင်၊ 400 mg TDS x 5-7 days
• ဦးနှောက် ပြည်တည်ခြင်း၊ 7.5 mg/kg orally QID not to exceed 4 grams daily + Penicillin or Cefixime, Cefdinir, Cefoperazone, Cefotaxime, Cefpodoxime, Ceftazidime, Ceftizoxime, Ceftriaxone
• ဘေးထွက်- ဆိုးကျိုးများ = ခြေ-လက်ထုံကျင်၊ ပါးစပ်နာ၊ အဖြူကွက်၊ ဆီးပူ၊ ဝမ်းပျက်၊ မျက်စိကြည့်မကောင်း၊ အာရုံစိုက်မရ၊ စိတ်မကြည်လင်၊ ခေါင်းကိုက်၊ လက်တုံ၊ ကြွက်သားလှုတ်၊ တက်၊ ကိုယ်ပူ၊ ချမ်း၊ ကြွက်သားနာ၊ ခေါင်းကိုက်၊ လည်ချောင်းနာ၊ နေရာင်မခံနိုင်၊ အိပ်ချင်၊ ပျိုး- အန်၊ မွေးလမ်းကြောင်းယား၊

"ဆေးကြောင့်လားမသိ ဘာမှမစားချင်ပဲ ပျို့တက်ပါတယ်။ ညနေပိုင်းတိုင်း ပင်ပန်း နုံးချိတယ်လို့ ခံစားရပါတယ်" ဆိုတာ မှန်တယ်။ တချို့က ဆေးခံနိုင်ရည်မရှိကြဘူး။ အစာနဲ့ သောက်ခိုင်းရတယ်။ ဒါလဲ အန်ထွက်တတ်တယ်။ ဆေးကို လျှော့ပြီး အကြိမ်တိုးသောက်ခိုင်းရတယ်။ ဆေးပါတ်စေ့လို့ ဖြတ်တာနဲ့ ပြန်ကောင်းသွားပါတယ်။

ဆီးအရောင်ရင့်တာ၊ အနံ့ရှိတာက ပိုးဝင်တာဖြစ်နိုင်ပါတယ်။ သေခြာအောင်တော့ ဆီးစစ်ရတယ်။ မိန်းကလေးတွေမှာ အဖြစ်များတယ်။ ကုရတာလဲ လွယ်တယ်။
Medication ဆီးလမ်းပိုးဝင်ခြင်းအတွက် ဆေးများ
- ပဋိဇီဝဆေးများ၊ လိင်ဆက်ဆံပြီးရင်တောင်မှ ပဋိဇီဝဆေး တကြိမ်သောက်ဘို့ ညွှန်တယ်။ ဆီးအောင့်တယ်လို့ ခံစားရရင် ၂-၃ ရက်ဆက် သောက်ရမယ်။
- Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) ဒါမှမဟုတ်
- Amoxacilin 500 mg ဒါမှမဟုတ်
- Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက်သောက်ပါ။ ဒါမှမဟုတ်
- Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
- Norfloxacin 400 mg တနေ့ ၂ ကြိမ်၊ ၃-၇ ရက်သောက်။
- လေနာဆေး Antacid (Magnesium hydroxide) tablet ဆီးပူတာ သက်သောအောင် တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
- Hyoscine (Spasmogin or Buscopan) နာတာ သက်သာအောင် တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။

• Pelvic Pain အမျိုးသမီး ဆီးစပ် (ဗိုက်အောက်ပိုင်း) နာခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/pelvic-pain_29.html
• Pelvic Inflammatory Disease (PID) အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pelvic-inflammatory-disease-pid.html

ဒေါက်တာတင့်ဆွေ (၂၆-၅-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - PID အမျိုးသမီးရောဂါ  

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top