မေး။ ။ အိမ်ထောင်ရှိပါတယ်။ လင်မယားနှစ်ယောက်လုံးက HIV positive ပါ။ ART ဆေးကိုလဲ သောက်လာတာ တစ်နှစ်လောက် ရှိပါပြီ။ သိချင်တာက HIV ဝေဒနာရှင် အနေနဲ့ ကိုယ်ဝန်ဆောင်လို့ရ မရ၊ ကလေးမွေးရင် ဆေးရုံတွေက လက်ခံပြီးမွေးပေးပါ့မလား၊ ကလေးကို ကူးနိုင်ပါသလား။ အရမ်းသိချင်လို့ mail ပို့ပြီး မေးရတာပါ။ ဖြစ်နိုင်မယ်ဆိုရင် ပြန်ဖြေပေးပါလို့ တောင်းဆိုပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်လုံးက ကလေး အရမ်းလိုချင်လို့ပါ။
ဖြေ။ ။ ကလေးယူလို့ ရပါတယ်။ ဒါပေမယ့် HIV ပိုး နှစ်ဦးလုံးမှာ ရှိနေတယ်ဆိုတော့ ကလေးယူဖို့ကို သေသေချာချာလေး စဉ်းစားစေချင်ပါတယ်၊ တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေနဲ့ သေသေချာချာ တိုင်ပင်ပြီးမှ ကလေးယူသင့်တယ်။
ပထမဆုံး စဉ်းစားရမှာက ကလေးယူလိုက်ရင် မိခင်မှာ ကျန်းမာရေး အတွက် စိုးရိမ်စရာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် AIDS အဆင့် ရောက်တဲ့အထိ ရောဂါ အခြေအနေ ဆိုးသွားတတ်ပါတယ်။ မွေးတာကတော့ အထူးကု ဆေးခန်းတွေမှာ မွေးတာ ပိုကောင်းပါတယ်။ ကလေးမွေးပြီးရင်လည်း ကလေးကို နို့ဘူးတိုက်ဖို့၊ ကလေးကို ပြုစုပျိုးထောင်ဖို့၊ ကလေးရဲ့ ပညာရေး စတာတွေအတွက် ကိုယ်ဝန် မယူခင်ကတည်းက ဇနီးမောင်နှံ နှစ်ယောက်လုံးက မိသားစုနဲ့ သေသေချာချာ တိုင်ပင်သင့်ပါတယ်။
ကလေးလိုချင်တယ်ဆိုရင် တခြားနည်း တစ်ခုကတော့ မိဘမဲ့ ကလေးငယ်ကို မွေးစားတာဖြစ်ပါတယ်။ ဒါကတော့ မိဘနှစ်ယောက်လုံးအတွက် ရောဂါအခြေအနေကို မထိခိုက်စေတဲ့ နည်းတစ်မျိုးပါ။ တစ်ချိုကတော့ ဒါကို မကြိုက်ကြပါဘူး။ သေသေချာချာ ဆုံးဖြတ်ချက် ချစေချင်ပါတယ်။
လမင်းကို




