10
Mar

Positive women ရဲ့စကား

သြစတေးလျနိုင်ငံမှာ Positive women (Victoria) Inc. ဆိုတဲ့ အဖွဲ့ရှိပါတယ်။ ဌင်းအဖွဲ့ကို HIV ရှိတဲ့ အမျိုးသမီးတွေက ဦးစီးဆောင်ရွက်ပြီး ဘဝတူ အမျိုးသမီးတွေ အတွက်  ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်။ အဖွဲ့ဝင်တွေကတော့ HIV ရှိတဲ့အမျိုးသမီးတွေရော မရှိတဲ့အမျိုးသမီးတွေရော ဖြစ်ကြပါတယ်။ အားလုံးဟာ လက်တွဲညီညာစွာနဲ့ HIV ကူးစက်ခံရတဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့မိသားစု အကျိုးအတွက် ဆောင်ရွက်နေကြပါတယ်။ အီးမေးလ် လိပ်စာကတော့ info@positivewomen.org.au ဖြစ်ပြီး website ကတော့ positivewomen.org.au ဖြစ်ပါတယ်။ Positive women အဖွဲ့ကိုမေးခွန်းတွေမေးထားပါတယ်။ သူတို့ကလည်း စိတ်ဝင်စားဖွယ် ပြန်လည်ဖြေဆိုထားတာတွေ့ရပါတယ်။

ဘယ်လိုအမျိုးသမီးတွေမှာ HIV/AIDS ရှိတတ်ပါသလဲ?
ဘယ်လိုအမျိုးသမီးတွေမှာမဆို HIV ပိုးဝင်ရောက်ကူးစက်နိုင်ပြီး AIDS အဆင့်ကို ရောက်ရှိသွားနိုင်ပါတယ်။ ကျွန်မတို့တစ်တွေရဲ့ သက်တမ်းဟာ ၁ဝ နှစ်အောက်ကလေးဘဝကစလို့ ၆ဝ အရွယ်မိန်းမကြီး အထိလောက်ပါပဲ။ ကျွန်မတို့အများစုဟာ အသက် ၂ဝ နဲ့ ၄ဝ ကြားဖြစ်ကြပါတယ်။ ကျွန်မတို့အားလုံးဟာ ကွဲပြားခြားနားတဲ့ ဘာသာတရားနဲ့ ယဉ်ကျေးမှုတွေကနေ ပေါက်ဖွားဆင်းသက်လာကြပါတယ်။ ကျွန်မတို့မှာ အဖေ၊ အမေ ရှိတယ်။ ညီအစ်ကိုမောင်နှစ်မတွေရှိတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း အမေတွေ ဖြစ်နေတတ်သလို မြေးတွေရဲ့အဖွားလည်း ဖြစ်ကြပါတယ်။

ကလေးရနိုင်ပါသေးလား?
ကျွန်မတို့တစ်တွေရဲ့ ထက်ဝက်လောက်ဟာ ကလေးရှိပြီးသား ဖြစ်ပါတယ်။ တချို့က ကလေးထပ်လိုချင်ကြတယ်။ တချို့က မိသားစု ဘဝလေး ထူထောင်ဖို့ ဆန္ဒရှိကြပါတယ်။ ဒါဟာ အကောင်အထည်ဖော်ဖို့အတွက် အင်မတန်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်နေတတ်ပါတယ်။ တချို့အမျိုးသမီးတွေက  မိမိမှာ HIV ကူးစက်ခံနေရတယ်ဆိုတာမသိခင်မှာဘဲ ကလေးမီးဖွားခဲ့ကြပါတယ်။ တချို့မိခင်တွေရဲ့ကလေးတွေဟာ HIV ပိုးကူး စက်မခံရဘဲ  တချို့တွေမှာတော့ HIV ပိုးနဲ့အတူ မွေးဖွားလာတတ်ကြပါတယ်။ ယခုအချိန်အထိ မိခင်ကနေကူးစက်ခံကလေးမွေးဖွားဖို့က လေးယောက်မှာ တစ်ယောက်နှုန်း ဖြစ်နေပါတယ်။ ဒါပေမယ့် ကိုယ် ဝန်ဆောင်ချိန်မှာ ကူးစက်နိုင်ချေနည်းစေမယ့် ဆေးဝါးကုသမှုကို ရယူဖို့ အမျိုးသမီးတွေစဉ်းစားနေကြပါပြီ။ ဒီကုထုံးဟာ HIV ပိုး ကလေးတွေကို ကူးစက်နိုင်ချေ လျော့ကျစေမှာဖြစ်ပြီး လုံးဝကာကွယ်နိုင်တဲ့ အခြေနေမှာရှိပါတယ်။ ဒါပေမယ့် ဒီကုထုံးဟာ တချို့အတွက် အန္တရာယ်အလွန်များပြီး တချို့အတွက်တော့မရှိသလောက်ပါပဲ။ ကလေးနဲ့ပတ်သက်ပြီး အမျိုးသမီးတိုင်းဟာ မိမိစိတ်တိုင်းကျ ဆုံးဖြတ်ပိုင်ခွင့် ရှိကြပါတယ်။

သင့်ရဲ့ အဖော် (သို့) အမျိုးသားဆီမှာ  HIV/AIDS ရှိနေသလား ?
ကျွန်မတို့ထဲက တချို့မှာ HIV ရှိတဲ့ ယောင်္ကျားလေးအဖော်(သို့) မိန်းကလေးအဖော် ရှိတတ်ကြပါတယ်။ တချို့ကလက်ထပ်ကြပါတယ်။ အခြားသူတွေမှာလည်း HIV မရှိတဲ့ လက်တွဲဖော်တွေရှိနေတတ်ပါတယ်။ တချို့တလေကတော့ လူလွတ်တွေပါ။ HIV ဆိုတာကြီးကို ကြောက်ရွံ့တာကြောင့် သူတို့တစ်တွေ အဖော်ရဖို့ဆိုတာ ခက်ခဲတတ်ပါတယ်။

မကြာခဏ ဖျားနာတတ်ကြသလား?
ကူးစက်ခံရပေမယ့် အချိန်တိုင်း ဖျားနာနေတယ်လို့ မဆိုသာပါဘူး။ ကျွန်မတို့အများစုဟာ ပြဿနာလေးတွေ အနည်းငယ်ရှိတာကလွဲလို့ ကျန်းကျန်းမာမာ သွက်သွက်လက်လက်သွားလာ လှုပ်ရှားနိုင်ပါတယ်။ ဒါပေမယ့် တချို့မှာတော့ အချိန်ကြာကြာ ဖျားနာမှုတွေ ရှိနေတတ်ပါတယ်။ HIV ဝင်ရောက်ကူးစက်ခံရတိုင်း ရောဂါလက္ခဏာတွေ ချက်ချင်းမပြပါဘူး။ ဖျားနာရမယ်လို့လည်း မဆိုလိုပါဘူး။ ကျွန်မတို့ထဲက တချို့ ဆိုရင် HIV ရှိနေတာ ၁ဝ နှစ်ကျော်တောင်ကြာခဲ့ပြီ၊ ဘာမှ မဖျားဘူး။ ဒါပေမယ့် တချို့ကျတော့လည်း မကြာခဏ ဖျားနာပါတယ်။

လိင်မှုကိစ္စတွေမှာ သာယာနိုင်ပါသေးလား?
အသေချာပဲပေါ့။ HIV ပိုးရှိတဲ့ ဘယ်သူမဆို ဒီကိစ္စကိုပြုလုပ်နိုင်ပါသေးတယ်။ ဒါပေမယ့် မိမိအဖော်ကို အန္တရာယ်ကင်းအောင် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှု (safer sex) နည်းလမ်းတွေသုံးရပါမယ်။ ဒီနည်းကို ကျင့်သုံးခြင်းအားဖြင့် ကျွန်မတို့ကိုယ်တိုင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ တခြားရောဂါတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။

ဘယ်လိုကူးစက်ခံခဲ့ရသလဲ?
ကျွန်မတို့ များသောအားဖြင့် ဒီမေးခွန်းကိုဖြေလေ့မရှိပါဘူး။ ဘာလို့လဲဆိုတော့ အရေးမကြီးလို့ပါပဲ။ ဘယ်လိုနည်းနဲ့ပဲ ကူးလာကူးလာ သာတူညီမျှဆက်ဆံသင့်တယ်လို့ ကျွန်မတို့ယုံကြည်ကြပါတယ်။ ကျွန်မတို့ အများစု ကူးစက်ခံရတဲ့နည်းလမ်းက တူညီတာများပါတယ်။ ဘာလို့လဲဆိုတော့ မိမိအဖော်ကို ယုံကြည်မိလို့ပါပဲ။ ကျွန်မတို့ရဲ့ ရည်းစား (သို့) အိမ်ထောင်ဖက်တွေနဲ့ အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံခဲ့ကြပါတယ်။ သူတို့မှာ HIV ကူးစက်ခံနေရတယ်ဆိုတာ မသိခဲ့ကြပါဘူး။ ကျွန်မတို့ထဲက တချို့ကတော့ ဆေးထိုးအပ် မျှဝေသုံးစွဲရာက ကူးစက်ခံရပြီး တချို့ကတော့ ဗလက္ကာယပြုကျင့်ခံရပြီး ကူးစက်ခံခဲ့ရပါတယ်။

ဘယ်အချိန်သေဆုံးမယ်ထင်ပါသလဲ?
တခြားလူတွေလိုပဲ ကျွန်မတို့အားလုံး ဘယ်အချိန်သေဆုံးမယ် မသိနိုင်ပါဘူး။ အနာဂါတ်မှာ ကျွန်မတို့ ဒီဗိုင်းရပ်စ်နဲ့အတူတကွ နေထိုင်ရမှာဖြစ်ပြီး သူတို့က ကျွန်မတို့ကို ဖျားနာစေမယ်၊ ဒါမှမဟုတ် ပင်ကိုအတိုင်း ကျန်းကျန်းမာမာရှိစေမယ်။ ကျွန်မတို့အများစုဟာ အကောင်းမြင်စိတ်ကို မွေးမြူထားကြပြီး မိမိကျန်းမာရေးကို အထူးပဲ ဂရုစိုက်ကြပါတယ်။

ကာကွယ်ဆေး(သို့)လုံးဝပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး ရှိပြီလား?
၁၉၉၆ ခုနှစ်ကတည်းက စခဲ့တဲ့ HIV ကုထုံးအသစ်တွေဟာ AIDS ကြောင့်သေနှုံးနဲ့ဖျားနာမှုတွေကို သိသိသာသာ လျော့ကျစေလာပါတယ်။ ဒါကြောင့် သေနှုန်းနဲ့ဖျားနာမှုတွေကို သိသိသာသာ လျော့ကျစေ လာပါတယ်။ ဒါကြောင့် ကျွန်မတို့ပိုမိုအသက်ရှင်ခွင့်တွေ ရလာသလို ကျွန်မတို့ဘဝအတွက် ရွေးချယ်ခွင့်တွေလည်း ပိုမိုလာပါတယ်။ ဥပမာ - ကလေးယူတဲ့ကိစ္စတွေမှာပေါ့။ လုံးဝပျောက်ကင်းစေတဲ့ ဆေးဝါးတော့ မပေါ်သေးပါဘူး။ လက်ရှိကုထုံးတွေကို ကျွန်မတို့ ရေရှည်ခံယူသွားရမှာဖြစ်ပြီး လူတိုင်းပြည့်စုံတဲ့ ကျန်းမာရေးကို ပြန်လည်ရရှိဖို့တော့ မလွယ်လှသေးပါဘူး။ ယခုအချိန်ထိ ကာကွယ်တဲ့ဆေးလည်း မပေါ်သေးတာ့ မိမိကိုယ်ကို မကူးစက်ခံရအောင် နေထိုင်တာ အကောင်းဆုံးပါပဲ။

လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှု Safer sex ဆိုတာဘာလဲ?
ဒါဟာ လိင်ဆက်ဆံမှုဆိုင်ရာ အမူအကျင့်တမျိုးဖြစ်ပြီး လိင်ဆက်ဆံစဉ် အတောအတွင်း သုတ်ရည်၊သွေးနှင့် မိန်းမကိုယ်စိုစွတ်ရည်တို့ကို တခြားသူနှင့် အပြန်အလှန် ဖလှယ်မှုမရှိရန် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဥပမာ-ကွန်ဒုံး နှင့်ချောဆီသုံးခြင်း။ ဒါ့အပြင် တခြားနည်းတွေဖြစ်တဲ့ နမ်းခြင်း၊ ခန္ဓာကိုယ်ကို အပြန်အလှန်ပွတ်သပ်ပေးခြင်းနှင့် လိင်အင်္ဂါတို့ကို ထိတွေ့ကိုင်တွယ်ပေးခြင်းတို့ကို Safer sex လို့ခေါ်ပါတယ်။

မြင့်မြတ်နိုင်
Ref; Positive women IEC
ဧပြီ၊ ၂ဝဝ၆၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top