မေး။ ။ သမီးလွန်ခဲ့တဲ့ ၈ ရက်လောက်က Public toilet ကိုအသုံးပြုခဲ့ပါတယ်။ Toilet က ရိုးရိုး toilet ပါ။ ဗိုလ်ထိုင် toilet မဟုတ်ပါဘူး။ သမီး toilet ကို အသုံးမပြုခင်တော့ toilet ကြမ်းပြင်ကို ရေတော့ လောင်းလိုက်ပါသေးတယ်။ နောက်တော့ သမီး ဆီးသွားတယ်။ ဒါပေမယ့် ဘယ်လက်က အိမ်သာခြေနင်းကြွေ ခုံကို နည်းနည်း ထိမိသွားတယ်။ အဲဒါနဲ့ လက်ကို ရေလောင်းပြီး အမျိုးသမီး အင်္ဂါကို လက်နဲ့ ပွတ်သပ် ဆေးကြောလိုက်တယ်။ နောက်တော့မှ သတိရသွားတယ်။ Public toilet ဆိုတော့ HIV virus ရှိတဲ့ လူရဲ့ ပိုးတွေဘာတွေ သမီးလက်မှာ ကပ်ပြီး လက်ကနေ vigina ထဲ ပိုးဝင်သွားမလားဆိုပြီး စိတ်ပူလွန်းလို့ပါ။ နောက်ပြီး သမီးအဲဒီ အချိန်တုန်းက အဖြူလည်း ဆင်းနေလို့ပါ။ အဲဒါကြောင့် ပိုပြီး စိတ်ပူနေလို့ပါ။
ဖြေ။ ။ Public Toilet တွေမှာ HIV ပိုးက အသက်မရှင်နိုင်ပါဘူး။ လူ့ကိုယ်ခန္ဒာက အရည်တွေဖြစ်တဲ့ သွေး၊ လင်အင်္ဂါရည်တွေနဲ့ တိုက်ရိုက်ထိတွေ့မှသာ HIV ပိုးက ကူးစက်နိုင်တာပါ။ HIV ပိုးက လူ့ကိုယ်ထဲမှာ ရှိနေခိုက်သာ အသက်ရှင်ပြီး လူ့ကိုယ်ပြင်ပ ပတ်ဝန်းကျင်ကို ထွက်လိုက်တာနဲ့ သက်မရှင်နိုင်တော့လို့ပါ။ ဒါကြောင့် စိတ်မပူပါနဲ့။ စိတ်အေးအေးထားပါ။ အဖြူဆင်းတဲ့ ကိစ္စကတော့ နီးစပ်ရာ ကျန်းမာရေး ဆရာဝန်တွေနဲ့ ဆွေးနွေးစေချင်ပါတယ်။
လမင်းကို




