အိတ်ခ်ျအိုင်ဗီရောဂါပိုး ရှာဖွေစစ်ဆေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေး
ပညာပေးခြင်း ဆောင်ရွက်နေသော ကျူစီစင်တာများတွင်လာရောက် စစ်ဆေးမှု ခံယူသူဦးရေ မြင့်တက်လျက်ရှိသော်လည်း
ရောဂါပိုးတွေ့ ရှိမှု မြင့်တက်လာခြင်း မရှိကြောင်း တာဝန်ရှိသူတစ်ဦး က ပြောသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့များ တွင် ဖွင့်လှစ်ထားသော ကျူစီစင်တာတို့တွင် ၂၀၀၉ ခုနှစ်၌
လာရောက် စစ်ဆေးမှု ခံယူသူ ၁၂,၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၌ ၁၆,၀၀၀ ကျော်
လာရောက်စစ်ဆေးမှုခံယူခဲ့ကြောင်း သိရသည်။ “အမျိုးသား၊
အမျိုးသမီး ဦး ရေ ၁၆,၀၀၀ ကျော်ကို မနှစ်က ဝန်ဆောင်မှုပေးခဲ့တယ်။ ၂၀၀၉ ခုနှစ်က ၁၂,၀၀၀
ကျော်ရှိတယ်။ ဒါပေမဲ့ လူဦးရေ ၂,၀၀ ကျော်မှာပဲ တွေ့ရှိရတဲ့အတွက် ရာခိုင်နှုန်းအနေနဲ့
ကျသွားတယ်လို့ ပြောလို့ရတယ် ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ အိတ်ခ်ျအိုင်ဗီရောဂါပိုး
တွေ့ရှိ မှုတွင် အမျိုးသားများသည် အမျိုးသမီးများထက် နှစ်ဆခန့် ပိုများပြားနေပြီး အိမ်ထောင်သည်များတွင်
ရောဂါပိုးတွေ့ရှိရမှု မြင့်မားလျက်ရှိကြောင်း သိရသည
7Day News
၁၃.၂.၂၀၁၁




